အပတ်စဉ် ရေဒီယို အစီအစဉ် ( ၃၁ – ၇ – ၂၁ )
အပတ်စဉ်ရေဒီယိုအစဉ်အစီကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ –
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KIA တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
KIO ထိန်းချုပ်နယ်မြေအတွင်းက ကိုဗစ်-၁၉ ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဒုက္ခသည် စခန်းတွေကို အဝင်အထွက် ပိတ်ထားပါတယ်။
စစ်ကောင်စီက အသစ်ဖွဲ့လိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်တဲ့ အပေါ် သဘောထားအမြင်တွေနဲ့ အတူ တိုင်းရင်းသားဒေသတွေက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက် ပေးသွားမှာပါရှင်။