မိုးတားကြီးတွင် စစ်ကောင်စီတပ်များ လူထုအား အနိုင်ကျင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ ပြည်သူတစ်ဦး၏ စိုက်ခင်းတဲနှင့် စိုက်ခင်းသုံးထော်လာဂျီကို စစ်ကောင်စီတပ်များက လာရောက်မီးရှို့သွားသည်ဟု ဒေသခံများက ပြောသည်။

ကသာခရိုင်မိုးတားကြီး (မိုးဓါးကြီး) ရေနီဟဲနား လမ်းဆုံ အနီးရှိ ပြည်သူတဦး၏ စိုက်အခင်းတဲအိမ်နှင့် စိုက်ခင်း သုံး ထော်လာဂျီကားကို တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း၏ စစ်ကြောင်းမှ ယင်းစိုက်ခင်းထဲတွင် PDF အဖွဲ့များ ဝင်ထွက်မှု ရှိသည်ဟု ဆိုကာ လာ ရောက်မီးရှို့သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်သည်အင်အား ၅၀ ခန့်ပါ စစ်ကြောင်းသည် အတူပါလာသူ ဒလန်(စစ်ကောင်စီ သတင်းပေး) က ယင်းစိုက်ခင်း နှင့် တဲတွင် PDF များဝင်ထွက်မှု ရှိသည်ဟုဆိုကာ သတင်းပေးသည့်အတွက် သြဂုတ်လ ၃ရက် (ယနေ့) နံနက် ၁၀ နာရီ အချိန်ခန့်က လာရောက်မွှေနှောက်ရှာဖွေပြီး မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

သြဂုတ်လ ၂ ရက်နေ့ (ယမန်နေ့) ကလည်း မြေနုရွာအစပ်ရှိ စိုက်ခင်းတဲများကိုလည်း စစ်ကြောင်းများ ဝင်ရောက် လာသဖြင့် အခင်းပိုင်ရှင်များ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ထို့သို့ ထွက်ပြေး ရှောင်တိမ်းနေစဉ်တွင် အခင်းပိုင်ရှင်များ၏ ဖုန်း၊ ငွေသားများ၊ Power Bank များ၊ ဖုန်းအားသွင်း ကြိုးများ၊ ခြင်ဆေးခွေများ၊ လောက်လေးဂွနှင့် ဓါးများပါမကျန်ယူဆောင်သွားသည်ဟု အခင်းပိုင်ရှင်များက ပြော သည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းများသည် မိုးတား(မိုးဓါး)၊ မြေန၊ မိုးတားကြီး(မိုးဓါးကြီး)၊ ရေနီ၊ ဟဲနား စသည့် ကျေးရွာထဲများတွင် တစ်ရွာပြီး တစ်ရွာ ဝင်ရောက်နေကြောင်း၊ ၎င်းတို့ ဝင်ရောက်လာသည့်အတွက် ပြည်သူများ သည် စိုးရိမ်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြ ရသည်။

ယခုစစ်ကြောင်းဖြစ်သည့် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း၏ စစ်ကြောင်းသည် ပြီးခဲ့သည့်ဇူလိုင်လက ဧရာ ဝတီ မြစ်ကြောင်းအတိုင်း ရွှေကူသို့ သင်္ဘောဖြင့်ဆန်တက်သွားပြီး ကချင်ပြည်နယ်မှ ပြန်ဆင်းလာသည့် စစ် ကြောင်းဖြစ်ကာ ဒေသခံစစ်ကြောင်း မဟုတ်ဟု ဒေသခံများက ပြောသည်။

ကသာ-ဗန်းမော် ကားလမ်းပေါ်ရှိ မိုးတားးကြီး၊ မိုးတားလေးသည် ကသာမြို့မှ ၁၀ မိုင် ခန့်ကွာဝေးပြီး ဇွန် ၂၄ ရက်နေ့ ခန့်က စတင်ပြီး စစ်ကောင်စီတပ်များနှင့် ဒေသအတွင်းရှိ PDF တပ်များအကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားသည့် နေရာတစ်ခု ဖြစ်သည်။

အမှတ် ၉၉ ခြေမြန် တပ်မ ဌာနချုပ် သည် မိတ္ထီလာမြို့တွင် အခြေစိုက်ထားသည့် တပ်မ ဖြစ်သည်။

*** ZAWGYI ***
မိုးတားႀကီးတြင္ စစ္ေကာင္စီတပ္မ်ား လူထုအား အႏိုင္က်င့္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၃ ရက္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာခ႐ိုင္အတြင္းရွိ ျပည္သူတစ္ဦး၏ စိုက္ခင္းတဲႏွင့္ စိုက္ခင္းသုံးေထာ္လာဂ်ီကို စစ္ေကာင္စီတပ္မ်ားက လာေရာက္မီးရႈိ႕သြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ကသာခ႐ိုင္မိုးတားႀကီး (မိုးဓါးႀကီး) ေရနီဟဲနား လမ္းဆုံ အနီးရွိ ျပည္သူတဦး၏ စိုက္အခင္းတဲအိမ္ႏွင့္ စိုက္ခင္း သုံး ေထာ္လာဂ်ီကားကို တပ္မ ၉၉ လက္ေအာက္ခံ တပ္ရင္း၏ စစ္ေၾကာင္းမွ ယင္းစိုက္ခင္းထဲတြင္ PDF အဖြဲ႕မ်ား ဝင္ထြက္မႈ ရွိသည္ဟု ဆိုကာ လာ ေရာက္မီးရႈိ႕သြားေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။

စစ္သည္အင္အား ၅၀ ခန႔္ပါ စစ္ေၾကာင္းသည္ အတူပါလာသူ ဒလန္(စစ္ေကာင္စီ သတင္းေပး) က ယင္းစိုက္ခင္း ႏွင့္ တဲတြင္ PDF မ်ားဝင္ထြက္မႈ ရွိသည္ဟုဆိုကာ သတင္းေပးသည့္အတြက္ ၾသဂုတ္လ ၃ရက္ (ယေန႔) နံနက္ ၁၀ နာရီ အခ်ိန္ခန႔္က လာေရာက္ေမႊေႏွာက္ရွာေဖြၿပီး မီးရႈိ႕ခဲ့ျခင္းျဖစ္သည္ ဟု ေဒသခံက ေျပာသည္။

ၾသဂုတ္လ ၂ ရက္ေန႔ (ယမန္ေန႔) ကလည္း ေျမႏု႐ြာအစပ္ရွိ စိုက္ခင္းတဲမ်ားကိုလည္း စစ္ေၾကာင္းမ်ား ဝင္ေရာက္ လာသျဖင့္ အခင္းပိုင္ရွင္မ်ား ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရသည္။

ထို႔သို႔ ထြက္ေျပး ေရွာင္တိမ္းေနစဥ္တြင္ အခင္းပိုင္ရွင္မ်ား၏ ဖုန္း၊ ေငြသားမ်ား၊ Power Bank မ်ား၊ ဖုန္းအားသြင္း ႀကိဳးမ်ား၊ ျခင္ေဆးေခြမ်ား၊ ေလာက္ေလးဂြႏွင့္ ဓါးမ်ားပါမက်န္ယူေဆာင္သြားသည္ဟု အခင္းပိုင္ရွင္မ်ားက ေျပာ သည္။

စစ္ေကာင္စီတပ္၏ စစ္ေၾကာင္းမ်ားသည္ မိုးတား(မိုးဓါး)၊ ေျမန၊ မိုးတားႀကီး(မိုးဓါးႀကီး)၊ ေရနီ၊ ဟဲနား စသည့္ ေက်း႐ြာထဲမ်ားတြင္ တစ္႐ြာၿပီး တစ္႐ြာ ဝင္ေရာက္ေနေၾကာင္း၊ ၎တို႔ ဝင္ေရာက္လာသည့္အတြက္ ျပည္သူမ်ား သည္ စိုးရိမ္ကာ ေဘးလြတ္ရာသို႔ တိမ္းေရွာင္ေနၾက ရသည္။

ယခုစစ္ေၾကာင္းျဖစ္သည့္ တပ္မ ၉၉ လက္ေအာက္ခံ တပ္ရင္း၏ စစ္ေၾကာင္းသည္ ၿပီးခဲ့သည့္ဇူလိုင္လက ဧရာ ဝတီ ျမစ္ေၾကာင္းအတိုင္း ေ႐ႊကူသို႔ သေဘၤာျဖင့္ဆန္တက္သြားၿပီး ကခ်င္ျပည္နယ္မွ ျပန္ဆင္းလာသည့္ စစ္ ေၾကာင္းျဖစ္ကာ ေဒသခံစစ္ေၾကာင္း မဟုတ္ဟု ေဒသခံမ်ားက ေျပာသည္။

ကသာ-ဗန္းေမာ္ ကားလမ္းေပၚရွိ မိုးတားးႀကီး၊ မိုးတားေလးသည္ ကသာၿမိဳ႕မွ ၁၀ မိုင္ ခန႔္ကြာေဝးၿပီး ဇြန္ ၂၄ ရက္ေန႔ ခန႔္က စတင္ၿပီး စစ္ေကာင္စီတပ္မ်ားႏွင့္ ေဒသအတြင္းရွိ PDF တပ္မ်ားအၾကား တိုက္ပြဲမ်ား၊ ပစ္ခတ္မႈမ်ား မၾကာခဏ ျဖစ္ပြားသည့္ ေနရာတစ္ခု ျဖစ္သည္။

အမွတ္ ၉၉ ေျချမန္ တပ္မ ဌာနခ်ဳပ္ သည္ မိတၳီလာၿမိဳ႕တြင္ အေျခစိုက္ထားသည့္ တပ္မ ျဖစ္သည္။