NUG ရက် ၁၀၀ အတွင်း အခြေခံလုပ်ငန်းများ တည်ဆောက်ဟု ယာယီသမ္မတ ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။
ရက်ပေါင်း ၁၀၀ အတွင်းတွင် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ခြင်း မရှိသေးသော်လည်း စစ်ကောင်စီ၏ အနိုင်ကျင့်မှုများကို ဖြိုဖျက်နိုင်မည့် အခြေခံ လုပ်ငန်းများကို တည်ဆောက်နိုင်ခဲ့သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလ ကပြောသည်။
ဩဂုတ်လ ၃ ရက်နေ့ (ယနေ့) တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁၇/၂၀၂၁) ပုံမှန်အစည်းအ ဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ထိုသို့ ထည့်သွင်းပြောဆိုခဲ့သည်ဟု NUG က အစည်းအဝေးနှင့် ပတ်သက် သည့် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ဒူဝါလရှီးလက “ရက်ပေါင်း (၁၀၀) အတွင်း စစ်ကောင်စီကို အပြီးသတ် တိုက်ထုတ်ရှင်းလင်းနိုင်ခြင်း မရှိသေး ပေးပေမယ့် စစ်ကောင်စီရဲ့ခြေကုတ် အနိုင်ကျင့်မှုတွေကို ဖြိုဖျက်နိုင်မယ့် အခြေခံလုပ်ငန်းတွေကို တည်ဆောက် နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် မြန်မာ့သမိုင်းမှာမရှိခဲ့ဘူးတဲ့ တိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့ ညီညွတ်သောအစိုးရ ကိုဖွဲ့စည်းပြီး ကြားကာလအစိုးရ ယန္တယားကို ပြည်သူ လူထုအတွင်း အမြစ်တွယ်နေစေရန်လုပ်ဆောင်ခြင်း၊ နိုင် ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိအောင် လုပ်ဆောင် ခြင်း၊တစ်ဘက် မှာလဲ စစ်ကောင်စီကိုဖြုတ်ချနိုင်ဖို့ တိုင်းရင်း သားအင်အားစုတွေနဲ့ စည်းလုံး ညီညွတ်မှု၊ ယုံကြည်မှု တည်ဆောက် နေခြင်းတွေကို လုပ်ဆောင်နိုင်ခဲ့သည်” ဟု ပြောသည်။
ထို့အတူ အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း NUG အစိုးရအနေဖြင့် တော် လှန်ရေးနှင့်စစ်ရေး မဟာဗျူဟာများကို အကောင်အထည်ဖော် လုပ်ဆောင်ရမည့် အချိန်သို့ ရောက်ရှိနေပြီ ဟု ပြောသည်။
ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “တော်လှန်ရေး တစ်ရက် ကြန့်ကြာလေလေ ပြည်သူများ အသက် တွေဆုံးရှူံးနေရလေလေ ဖြစ်နေသောကြောင့် NUG အစိုးရရဲ့ တော်လှန်ရေးမဟာဗျူဟာများ၊ စစ်ရေး မဟာ ဗျူဟာများကို အမြန်အသက်ဝင်အောင် လုပ်ဆောင်ကြရတော့မည့် အချိန်ရောက်နေပြီလို့ ပြောလိုကြောင်း၊ ပြည်သူတွေက D day ကို မျှော်လင့်နေကြကြောင်း၊ ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ပြောရရင် D day ဆိုတာ ရက် တစ်ရက် သီးသန့် သတ်မှတ်တယ်ဆိုတာထက် တော်လှန်ရေးဖြစ်စဉ်ကြီး တစ်ခုဖြစ်ကြောင်း၊ ဒါကြောင့် မြို့နယ်တစ်ခုချင်းစီမှာ မြေပြင်အခြေအနေအလိုက် လိုအပ်လာမယ့် သက်ဆိုင် ရာကဏ္ဍတွေကို ဝန် ကြီးဌာနများ အချင်းချင်းချိတ်ဆက်ပြီး အစီအမံများဆောင်ရွက်ထားဖို့ဝန်ကြီးတွေကို တိုက်တွန်းလိုကြောင်း” ဟု ပြောသည်။
ထို့အပြင် လာမည့် သြဂုတ်လ (၈) ရက်နေ့တွင် ၃၃ နှစ်မြောက် ၈ လေးလုံး အရေးတော်ပုံနေ့ဖြစ်ကြောင်းနှင့် ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံနေ့ကစပြီး ၂၀၂၁ ကာလ နှစ်ငါးလုံး အရေးတော်ပုံအထိ ပြည်သူလူထု အနေ ဖြင့် စစ်အာဏာရှင်ကို မလိုလားပဲ ဒီမိုကရေစီစနစ်ကိုသာ လိုလားကြသည့် စိတ်ကို တစ်စိုက်မတ်မတ် ပြသလာ ကြသည် ဟု ဆိုသည်။
ထို့ကြောင့် ယခုလက်ရှိ ဖြစ်ပေါ်နေသည့် တော်လှန်ရေး အခင်းအကျင်းအောက်မှ စစ်အာဏာရှင်စနစ်ကို အမြစ် ပြတ် အပြီးသတ် ချေမှုန်းသွားကြရမည်ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲတွင် အများစု အနိုင်ရထားသည့် NLD ကိုယ်စားလှယ်များက ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကို ဖွဲ့စည်းခဲ့သည်။
ထို့နောက် CRPH က ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည် ဆိုသည် ရည်ရွယ်ချက်ဖြင့် တပ် မတော်က ရေးဆွဲထားသည့် ၂၀၀ ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းကာ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ ထုတ်ပြန်ကြေညာပြီးနောက် တိုင်းရင်းသား အများစု ပါဝင်သည့် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ဧပြီလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ NUG က စစ်ကောင်စီ အမည်ပြောင်း အိမ်စောင့်အစိုးရကိုလည်း မတရားသင်းအဖြစ် ဆက်လက် ကြေညာထားသည်။
*** ZAWGYI ***
NUG ရက္ ၁၀၀ အတြင္း အေျခခံလုပ္ငန္းမ်ား တည္ေဆာက္ဟု ယာယီသမၼတ ေျပာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၃ ရက္။
ရက္ေပါင္း ၁၀၀ အတြင္းတြင္ စစ္ေကာင္စီကို အျမစ္ျပတ္ေခ်မႈန္းႏိုင္ျခင္း မရွိေသးေသာ္လည္း စစ္ေကာင္စီ၏ အႏိုင္က်င့္မႈမ်ားကို ၿဖိဳဖ်က္ႏိုင္မည့္ အေျခခံ လုပ္ငန္းမ်ားကို တည္ေဆာက္ႏိုင္ခဲ့သည္ဟု အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ယာယီ သမၼတ ဒူဝါလရွီးလ ကေျပာသည္။
ဩဂုတ္လ ၃ ရက္ေန႔ (ယေန႔) တြင္ က်င္းပသည့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ (၁၇/၂၀၂၁) ပုံမွန္အစည္းအ ေဝးတြင္ ယာယီသမၼတ ဒူဝါလရွီးလ ထိုသို႔ ထည့္သြင္းေျပာဆိုခဲ့သည္ဟု NUG က အစည္းအေဝးႏွင့္ ပတ္သက္ သည့္ ထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပထားသည္။
ဒူဝါလရွီးလက “ရက္ေပါင္း (၁၀၀) အတြင္း စစ္ေကာင္စီကို အၿပီးသတ္ တိုက္ထုတ္ရွင္းလင္းႏိုင္ျခင္း မရွိေသး ေပးေပမယ့္ စစ္ေကာင္စီရဲ႕ေျခကုတ္ အႏိုင္က်င့္မႈေတြကို ၿဖိဳဖ်က္ႏိုင္မယ့္ အေျခခံလုပ္ငန္းေတြကို တည္ေဆာက္ ႏိုင္ခဲ့ေၾကာင္း၊ အထူးသျဖင့္ ျမန္မာ့သမိုင္းမွာမရွိခဲ့ဘူးတဲ့ တိုင္းရင္းသား ေပါင္းစုံပါဝင္တဲ့ ညီၫြတ္ေသာအစိုးရ ကိုဖြဲ႕စည္းၿပီး ၾကားကာလအစိုးရ ယႏၲယားကို ျပည္သူ လူထုအတြင္း အျမစ္တြယ္ေနေစရန္လုပ္ေဆာင္ျခင္း၊ ႏိုင္ ငံတကာရဲ႕ အသိအမွတ္ျပဳမႈရရွိေအာင္ လုပ္ေဆာင္ ျခင္း၊တစ္ဘက္ မွာလဲ စစ္ေကာင္စီကိုျဖဳတ္ခ်ႏိုင္ဖို႔ တိုင္းရင္း သားအင္အားစုေတြနဲ႔ စည္းလုံး ညီၫြတ္မႈ၊ ယုံၾကည္မႈ တည္ေဆာက္ ေနျခင္းေတြကို လုပ္ေဆာင္ႏိုင္ခဲ့သည္” ဟု ေျပာသည္။
ထို႔အတူ အစည္းအေဝးတြင္ ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းကလည္း NUG အစိုးရအေနျဖင့္ ေတာ္ လွန္ေရးႏွင့္စစ္ေရး မဟာဗ်ဴဟာမ်ားကို အေကာင္အထည္ေဖာ္ လုပ္ေဆာင္ရမည့္ အခ်ိန္သို႔ ေရာက္ရွိေနၿပီ ဟု ေျပာသည္။
ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက “ေတာ္လွန္ေရး တစ္ရက္ ၾကန္႔ၾကာေလေလ ျပည္သူမ်ား အသက္ ေတြဆုံးရႉံးေနရေလေလ ျဖစ္ေနေသာေၾကာင့္ NUG အစိုးရရဲ႕ ေတာ္လွန္ေရးမဟာဗ်ဴဟာမ်ား၊ စစ္ေရး မဟာ ဗ်ဴဟာမ်ားကို အျမန္အသက္ဝင္ေအာင္ လုပ္ေဆာင္ၾကရေတာ့မည့္ အခ်ိန္ေရာက္ေနၿပီလို႔ ေျပာလိုေၾကာင္း၊ ျပည္သူေတြက D day ကို ေမွ်ာ္လင့္ေနၾကေၾကာင္း၊ ဒါေပမယ့္ တစ္ႏိုင္ငံလုံးအတိုင္းအတာ အေနနဲ႔ေျပာရရင္ D day ဆိုတာ ရက္ တစ္ရက္ သီးသန္႔ သတ္မွတ္တယ္ဆိုတာထက္ ေတာ္လွန္ေရးျဖစ္စဥ္ႀကီး တစ္ခုျဖစ္ေၾကာင္း၊ ဒါေၾကာင့္ ၿမိဳ႕နယ္တစ္ခုခ်င္းစီမွာ ေျမျပင္အေျခအေနအလိုက္ လိုအပ္လာမယ့္ သက္ဆိုင္ ရာက႑ေတြကို ဝန္ ႀကီးဌာနမ်ား အခ်င္းခ်င္းခ်ိတ္ဆက္ၿပီး အစီအမံမ်ားေဆာင္႐ြက္ထားဖို႔ဝန္ႀကီးေတြကို တိုက္တြန္းလိုေၾကာင္း” ဟု ေျပာသည္။
ထို႔အျပင္ လာမည့္ ၾသဂုတ္လ (၈) ရက္ေန႔တြင္ ၃၃ ႏွစ္ေျမာက္ ၈ ေလးလုံး အေရးေတာ္ပုံေန႔ျဖစ္ေၾကာင္းႏွင့္ ၁၉၈၈ ရွစ္ေလးလုံး အေရးေတာ္ပုံေန႔ကစၿပီး ၂၀၂၁ ကာလ ႏွစ္ငါးလုံး အေရးေတာ္ပုံအထိ ျပည္သူလူထု အေန ျဖင့္ စစ္အာဏာရွင္ကို မလိုလားပဲ ဒီမိုကေရစီစနစ္ကိုသာ လိုလားၾကသည့္ စိတ္ကို တစ္စိုက္မတ္မတ္ ျပသလာ ၾကသည္ ဟု ဆိုသည္။
ထို႔ေၾကာင့္ ယခုလက္ရွိ ျဖစ္ေပၚေနသည့္ ေတာ္လွန္ေရး အခင္းအက်င္းေအာက္မွ စစ္အာဏာရွင္စနစ္ကို အျမစ္ ျပတ္ အၿပီးသတ္ ေခ်မႈန္းသြားၾကရမည္ဟု ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက ေျပာသည္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ေ႐ြးေကာက္ပြဲတြင္ အမ်ားစု အႏိုင္ရထားသည့္ NLD ကိုယ္စားလွယ္မ်ားက ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ CRPH ကို ဖြဲ႕စည္းခဲ့သည္။
ထို႔ေနာက္ CRPH က ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္မည္ ဆိုသည္ ရည္႐ြယ္ခ်က္ျဖင့္ တပ္ မေတာ္က ေရးဆြဲထားသည့္ ၂၀၀ ၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ဖ်က္သိမ္းကာ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ ေၾကစာတမ္းကို ထုတ္ျပန္ေၾကညာခဲ့သည္။
ထိုသို႔ ထုတ္ျပန္ေၾကညာၿပီးေနာက္ တိုင္းရင္းသား အမ်ားစု ပါဝင္သည့္ ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ကို ဧၿပီလ ၁၆ ရက္ေန႔တြင္ ဖြဲ႕စည္းခဲ့သည္။ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG က စစ္ေကာင္စီ အမည္ေျပာင္း အိမ္ေစာင့္အစိုးရကိုလည္း မတရားသင္းအျဖစ္ ဆက္လက္ ေၾကညာထားသည္။