မကွေးတိုင်းအတွင်း ထွန်တုံးပိတ်ချိန်ထိ စိုက်ပျိုးစားရိတ် ချေးငွေများ မရသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။

စိုက်ပျိုးစရိတ်ချေးငွေများကို ရာနှုန်းပြည့်နီးပါး အကြေဆပ်ခဲ့ကြသော်လည်း ယခုနှစ်မိုးစပါးအတွက် အမတော် ကြေး (ခေါ်) စိုက်ပျိုးစရိတ်ချေးငွေများကို လက်ရှိ ထွန်တုံးပိတ်သိမ်းချိန်အထိ မရရှိသေးကြောင်း မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့အတွင်းရှိ တောင်သူများက ပြောသည်။

အမတော်ကြေး ဆပ်ရမည့်အချိန်က NUG အစိုးရက တစ်နှစ်နောက်ဆုတ်ပေးမည်ဟု ပြောဆိုထားသည့်အတွက် မဆပ်ကြဘဲ နေခဲ့ကြသည်။

ထိုသို့ မဆပ်ပဲ နေခဲ့ရာမှ စိုက်ပျိုးရေးဘဏ်၏ အရင်နှစ် ချေးငွေများကို မဆပ်ပါက ယခုနှစ်ချေးငွေများကို တောင် သူ များအနေဖြင့် ရရှိမည် မဟုတ်ကြောင်း စစ်ကောင်စီမှ ပြောဆိုလာသည့်အတွက် ချေးငွေများကို တောင်သူ များ အားလုံးနီးပါးက ဆပ်ခဲ့ကြသည်ဟု ဒေသခံ တောင်သူတစ်ဦးက ပြောသည်။

”မဆပ်ရင်မချေးဘူး ဆိုတော့ ကိုယ့်အတွက်နဲ့ သူများအခက်ကြုံမှာစိုးလို့ ဆပ်လိုက်တယ်။ ခံယူချက် မတူသူ တွေအတွက်လည်း ကြည့်ပေးတာပါ။”

အဆိုပါ ချေးငွေကိစ္စများနှင့် ပတ်သက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မင်းတုန်းဘဏ်ခွဲ မန်နေဂျာကို အကြောင်းစုံ သိရှိရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယခင်က နှစ်စဉ်နှစ်တိုင်း ဇွန်လတွင် လယ်တစ်ဧကကို တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးပြီး စပါးသစ်ပေါ်ချိန် ဖေဖော်ဝါရီလတွင် အတိုး အဖြစ် တစ်ရာကို ၄၆ ပြား နှုန်းဖြင့် ပြန်ဆပ်ရ ကြောင်း လယ်သမားများက ပြောသည်။

တောင်သူများအနေဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်ကထဲကရှိခဲ့သည့် ထိုအမတော်ကြေးကို မဆပ် လျှင် နေပူလှမ်းခံရခြင်း ပြစ်ဒဏ်မျိုးများကို ယခင်က ပေးခဲ့သည့်အတွက် ယခုအချိန်အထိ ကြောက်လန့်ကာ ချေးသမျှ ပြန်ဆပ်ကြသည် ဟု တောင်သူများက ပြောသည်။

ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က COVID-19 ကြောင့် လယ်သမားများ ဆင်းရဲ ကြပ်တည်းမည် ဟုဆိုကာ ငါးသောင်း ထပ်မံဖြည့်စွက် ချေးပေးခဲ့ဘူးသည် ဟု ဆိုသည်။

”ယာစာရင်းထဲပါတဲ့ကိုင်းသီးနှံအတွက်တဧက၂သောင်း တချို့က ကိုင်းစပါးစိုက်လို့ ရတော့စပါးစိုက်ပြီး စပါး လိုဘဲငွေယူကြတယ်” ဟု တောင်မြင့်ကျေးရွာ က တောင်သူတစ်ဦး က ပြောသည်။

သရက်အုပ်ကွင်းမှ စပါးစိုက်တောင်သူ အမျိုးသမီးတစ်ဦးကလည်း ”စိုက်ပျိုးစရိတ်တွေကတက် အစစ အရာရာ ၃ ဆလောက်ဈေးတက် မိုးကခေါင် ရွာတော့ရေမြုပ် အခုဆေး ဖျန်းဘို့လိုနေပြီ” ဟု ပြောသည်။

မင်းတုန်းမြို့နယ်တွင် ယခုနှစ်အတွင်း မိုးဦးခေါင်သည့်အတွက် တိုက်ရိုက် အစေ့ချကြဲခင်း စနစ်ကို စိုက်ကြသည်မှာ များသည်ဟု သိရသည်။

မြေသြဇာနှင့် စိုက်ပျိုးရေးသုံး ဆေးများ ဈေးနှုးမြင့်မားမှုကြောင့် တောင်သူလယ်သမားတိုင်း ကြပ်တည်းနေသည့် အတွက် ချေးငွေရလိုရငြား မျှော်လင့်နေကြသည်ဟု တောင်သူများက ဆိုသည်။

မင်းတုန်းမြို့နယ်တွင် အသားတင် စိုက်ပျိုးမြေ ဧရိယာစုစုပေါင်း ၃၄၇၁၆ (က)၊ လယ်မြေဧရိယာ ၁၇၉၇၄ (ခ)၊ ယာ မြေဧရိယာ ၆၃၄၄ ရှိပြီး ဆန်စပါးအထွက်နှုန်းမှာ ဒေသအတွက် ဖူလုံသည် ဟု ဒေသခံတောင်သူများက ပြော သည်။

*** ZAWGYI ***
မေကြးတိုင္းအတြင္း ထြန္တုံးပိတ္ခ်ိန္ထိ စိုက္ပ်ိဳးစားရိတ္ ေခ်းေငြမ်ား မရေသး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၀ ရက္။

စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားကို ရာႏႈန္းျပည့္နီးပါး အေၾကဆပ္ခဲ့ၾကေသာ္လည္း ယခုႏွစ္မိုးစပါးအတြက္ အမေတာ္ ေၾကး (ေခၚ) စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားကို လက္ရွိ ထြန္တုံးပိတ္သိမ္းခ်ိန္အထိ မရရွိေသးေၾကာင္း မေကြးတိုင္း၊ သရက္ခ႐ိုင္၊ မင္းတုန္းၿမိဳ႕အတြင္းရွိ ေတာင္သူမ်ားက ေျပာသည္။

အမေတာ္ေၾကး ဆပ္ရမည့္အခ်ိန္က NUG အစိုးရက တစ္ႏွစ္ေနာက္ဆုတ္ေပးမည္ဟု ေျပာဆိုထားသည့္အတြက္ မဆပ္ၾကဘဲ ေနခဲ့ၾကသည္။

ထိုသို႔ မဆပ္ပဲ ေနခဲ့ရာမွ စိုက္ပ်ိဳးေရးဘဏ္၏ အရင္ႏွစ္ ေခ်းေငြမ်ားကို မဆပ္ပါက ယခုႏွစ္ေခ်းေငြမ်ားကို ေတာင္ သူ မ်ားအေနျဖင့္ ရရွိမည္ မဟုတ္ေၾကာင္း စစ္ေကာင္စီမွ ေျပာဆိုလာသည့္အတြက္ ေခ်းေငြမ်ားကို ေတာင္သူ မ်ား အားလုံးနီးပါးက ဆပ္ခဲ့ၾကသည္ဟု ေဒသခံ ေတာင္သူတစ္ဦးက ေျပာသည္။

”မဆပ္ရင္မေခ်းဘူး ဆိုေတာ့ ကိုယ့္အတြက္နဲ႔ သူမ်ားအခက္ႀကဳံမွာစိုးလို႔ ဆပ္လိုက္တယ္။ ခံယူခ်က္ မတူသူ ေတြအတြက္လည္း ၾကည့္ေပးတာပါ။”

အဆိုပါ ေခ်းေငြကိစၥမ်ားႏွင့္ ပတ္သက္၍ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွ မင္းတုန္းဘဏ္ခြဲ မန္ေနဂ်ာကို အေၾကာင္းစုံ သိရွိရန္ ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။

မိုးစပါး စိုက္ပ်ိဳးစရိတ္ ေခ်းေငြမ်ားကို ယခင္က ႏွစ္စဥ္ႏွစ္တိုင္း ဇြန္လတြင္ လယ္တစ္ဧကကို တစ္သိန္းခြဲႏႈန္းျဖင့္ ထုတ္ေခ်းေပးၿပီး စပါးသစ္ေပၚခ်ိန္ ေဖေဖာ္ဝါရီလတြင္ အတိုး အျဖစ္ တစ္ရာကို ၄၆ ျပား ႏႈန္းျဖင့္ ျပန္ဆပ္ရ ေၾကာင္း လယ္သမားမ်ားက ေျပာသည္။

ေတာင္သူမ်ားအေနျဖင့္ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီ ေခတ္ကထဲကရွိခဲ့သည့္ ထိုအမေတာ္ေၾကးကို မဆပ္ လွ်င္ ေနပူလွမ္းခံရျခင္း ျပစ္ဒဏ္မ်ိဳးမ်ားကို ယခင္က ေပးခဲ့သည့္အတြက္ ယခုအခ်ိန္အထိ ေၾကာက္လန႔္ကာ ေခ်းသမွ် ျပန္ဆပ္ၾကသည္ ဟု ေတာင္သူမ်ားက ေျပာသည္။

ယခင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD အစိုးရလက္ထက္က COVID-19 ေၾကာင့္ လယ္သမားမ်ား ဆင္းရဲ ၾကပ္တည္းမည္ ဟုဆိုကာ ငါးေသာင္း ထပ္မံျဖည့္စြက္ ေခ်းေပးခဲ့ဘူးသည္ ဟု ဆိုသည္။

”ယာစာရင္းထဲပါတဲ့ကိုင္းသီးႏွံအတြက္တဧက၂ေသာင္း တခ်ိဳ႕က ကိုင္းစပါးစိုက္လို႔ ရေတာ့စပါးစိုက္ၿပီး စပါး လိုဘဲေငြယူၾကတယ္” ဟု ေတာင္ျမင့္ေက်း႐ြာ က ေတာင္သူတစ္ဦး က ေျပာသည္။

သရက္အုပ္ကြင္းမွ စပါးစိုက္ေတာင္သူ အမ်ိဳးသမီးတစ္ဦးကလည္း ”စိုက္ပ်ိဳးစရိတ္ေတြကတက္ အစစ အရာရာ ၃ ဆေလာက္ေဈးတက္ မိုးကေခါင္ ႐ြာေတာ့ေရျမဳပ္ အခုေဆး ဖ်န္းဘို႔လိုေနၿပီ” ဟု ေျပာသည္။

မင္းတုန္းၿမိဳ႕နယ္တြင္ ယခုႏွစ္အတြင္း မိုးဦးေခါင္သည့္အတြက္ တိုက္႐ိုက္ အေစ့ခ်ႀကဲခင္း စနစ္ကို စိုက္ၾကသည္ မွာ မ်ားသည္ဟု သိရသည္။

ေျမၾသဇာႏွင့္ စိုက္ပ်ိဳးေရးသုံး ေဆးမ်ား ေဈးႏႈးျမင့္မားမႈေၾကာင့္ ေတာင္သူလယ္သမားတိုင္း ၾကပ္တည္းေနသည့္ အတြက္ ေခ်းေငြရလိုရျငား ေမွ်ာ္လင့္ေနၾကသည္ဟု ေတာင္သူမ်ားက ဆိုသည္။

မင္းတုန္းၿမိဳ႕နယ္တြင္ အသားတင္ စိုက္ပ်ိဳးေျမ ဧရိယာစုစုေပါင္း ၃၄၇၁၆ (က)၊ လယ္ေျမဧရိယာ ၁၇၉၇၄ (ခ)၊ ယာ ေျမဧရိယာ ၆၃၄၄ ရွိၿပီး ဆန္စပါးအထြက္ႏႈန္းမွာ ေဒသအတြက္ ဖူလုံသည္ ဟု ေဒသခံေတာင္သူမ်ားက ေျပာ သည္။