မကွေး ဝန်ကြီးချုပ်နှင့် လွှတ်တော် ဥက္ကဌ ကိုဗစ် ကူးစက်ခံထားရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။
စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းထားသည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုး ညိုနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက် ခံနေရကြောင်း ဝန်ကြီးချုပ် နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။
မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဦးအောင်မိုးညို နှင့်အတူ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတာ တို့ ၂ ဦး သည် မကွေးအကျဉ်းထောင်ထဲတွင် အကျဉ်းချခံနေရစဉ် အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံလိုက်ရခြင်း ဖြစ် သည်ဟု ပြောသည်။
အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရစဉ် ရောဂါ ကူးစက်ခံရခြင်းသည် စစ်ကောင်စီအနေဖြင့် ကိုဗစ်ရောဂါ အသုံးချပြီး NLD ၏ အတွေ့အကြုံနှင့် အရည်အချင်းရှိခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်နေသကဲ့သို့ဖြစ်နေ သည်ဟု အသက် ၅၀ အရွယ် မကွေးမြို့ခံတဦးက မှတ်ချက်ပြုပြောဆိုသည်။
“ကိုဗစ်ကို ဇီဝလက်နှက်သဖွယ် အသုံးနေတာ ကိုဗစ်ရောဂါကပ်ဆိုးနဲ့ ဒေါက်တာဦးအောင်မိုးညိုနှင့် ဦးတာတို့ကို လုပ်ကြံနေသလိုဖြစ်တဲ့နေတာမို့ မြန်မာ နိူင်ငံသားတွေ အမြန်ဆုံး ဘေးကင်းဝေးကြပါစေလို့ ဆုတောင်းပေး ချင်တယ်” ဟု မကွေးမြို့ ခံတစ်ဦး က ပြောသည်။
လက်ရှိတွင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှာ အောက်ဆီဂျင် ၉၀ အောက်ထိ ကျဆင်းနေသည်ဟု ပြော သည်။
ထို့အပြင် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာသည်လည်း အောက်ဆီဂျင်ကျဆင်းနေသည့်အပြင် ယခင် ရောဂါ အခံ ဖြစ်သည့် ဆီးချိုနှင့် သွေးချို ရောဂါရှိနေသည့်အတွက် ပို၍ စိုးရိမ်ရကြောင်း ဝန်ကြီးချုပ် နှင့် နီးစပ် သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
*** ZAWGYI ***
မေကြး ဝန္ႀကီးခ်ဳပ္ႏွင့္ လႊတ္ေတာ္ ဥကၠဌ ကိုဗစ္ ကူးစက္ခံထားရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၀ ရက္။
စစ္ေကာင္စီမွ ဖမ္းဆီးထိန္းသိမ္းထားသည့္ မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုး ညိဳႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ဦးတာတို႔သည္ ကိုဗစ္-၁၉ ေရာဂါကူးစက္ ခံေနရေၾကာင္း ဝန္ႀကီးခ်ဳပ္ ႏွင့္ နီးစပ္သည့္ အသိုင္းအဝိုင္းက ေျပာသည္။
မေကြးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာဦးေအာင္မိုးညိဳ ႏွင့္အတူ တိုင္းေဒသႀကီး လႊတ္ေတာ္ ဥကၠဌ ဦးတာ တို႔ ၂ ဦး သည္ မေကြးအက်ဥ္းေထာင္ထဲတြင္ အက်ဥ္းခ်ခံေနရစဥ္ အတြင္း ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံလိုက္ရျခင္း ျဖစ္ သည္ဟု ေျပာသည္။
အက်ဥ္းေထာင္တြင္ ဖမ္းဆီးထိန္းသိမ္းခံရစဥ္ ေရာဂါ ကူးစက္ခံရျခင္းသည္ စစ္ေကာင္စီအေနျဖင့္ ကိုဗစ္ေရာဂါ အသုံးခ်ၿပီး NLD ၏ အေတြ႕အႀကဳံႏွင့္ အရည္အခ်င္းရွိေခါင္းေဆာင္မ်ားကို လုပ္ႀကံသတ္ျဖတ္ေနသကဲ့သို႔ျဖစ္ေန သည္ဟု အသက္ ၅၀ အ႐ြယ္ မေကြးၿမိဳ႕ခံတဦးက မွတ္ခ်က္ျပဳေျပာဆိုသည္။
“ကိုဗစ္ကို ဇီဝလက္ႏွက္သဖြယ္ အသုံးေနတာ ကိုဗစ္ေရာဂါကပ္ဆိုးနဲ႔ ေဒါက္တာဦးေအာင္မိုးညိဳႏွင့္ ဦးတာတို႔ကို လုပ္ႀကံေနသလိုျဖစ္တဲ့ေနတာမို႔ ျမန္မာ ႏိူင္ငံသားေတြ အျမန္ဆုံး ေဘးကင္းေဝးၾကပါေစလို႔ ဆုေတာင္းေပး ခ်င္တယ္” ဟု မေကြးၿမိဳ႕ ခံတစ္ဦး က ေျပာသည္။
လက္ရွိတြင္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳမွာ ေအာက္ဆီဂ်င္ ၉၀ ေအာက္ထိ က်ဆင္းေနသည္ဟု ေျပာ သည္။
ထို႔အျပင္ တိုင္းေဒသႀကီး လႊတ္ေတာ္ ဥကၠ႒ ဦးတာသည္လည္း ေအာက္ဆီဂ်င္က်ဆင္းေနသည့္အျပင္ ယခင္ ေရာဂါ အခံ ျဖစ္သည့္ ဆီးခ်ိဳႏွင့္ ေသြးခ်ိဳ ေရာဂါရွိေနသည့္အတြက္ ပို၍ စိုးရိမ္ရေၾကာင္း ဝန္ႀကီးခ်ဳပ္ ႏွင့္ နီးစပ္ သည့္ အသိုင္းအဝိုင္းထံမွ သိရသည္။