စစ်ကောင်စီနှင့် ကိုးကန့်အဖွဲ့ တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။

တရုတ်-မြန်မာ နယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် (MNDAA) တပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေ သည့်အတွက် ဒေသခံအချို့ တရုတ်နယ်စပ်ဘက်အခြမ်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ပန်ဆိုင်းမြို့အနီးတွင် ဩဂုတ်လ ၆ ရက်နေ့ (ယနေ့) နံနက် ၁၁ နာရီခွဲ အချိန်ကနေ မွန်းလွှဲ ၂ နာရီအချိန်ခန့်အထိ စစ်ကောင်စီတပ်များ နှင့် MNDAA(ကိုးကန့်) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံ လူငယ်အမျိုးသမီး တစ်ဦး က ပြော သည်။

“ဟုတ်တယ် ဒီနေ့ တိုက်ပွဲဖြစ်နေတာ။ ဒီနေ့ ၁၁ နာရီခွဲအချိန်လောက်ကနေဖြစ်တာ။ နှစ်နာရီခွဲ သုံးနာရီလောက် ကြာတယ်။ နေ့လည် ၂ နာရီလောက်မှ အသံတွေတိတ်သွားတယ်။ ဒီည ၇ နာရီလောက်မှာလည်း အသံက ပြန် ထွက်လာသေးတယ်။ ဖြစ်တာက ဟို ဗမာစစ်တပ်နဲ့ ကိုးကန့်တွေဖြစ်တာ။ KIA ပါတယ်လို့တော့ မပြောဘူး။ ဒီမှာ အားလုံးပြောတာက ကိုးကန့်နဲ့ ဗမာစစ်တပ်ဖြစ်တာပဲ သိတယ်။ KIA ပါတယ်လို့တော့ မသိဘူးပဲ” ဟု ပြော သည်။

ပန်ဆိုင်းမြို့၊ ဖောင်းဆိုင်ရွာသစ်အပြင်ဘက်ရှိ တရုတ်သချိုင်းကုန်းနား တဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အနီးအနားက ရွာသားအချို့ တရုတ်နယ်စပ်အနီးသို့ ထွက်ပြေးသွားသည်များလည်း ရှိသည်ဟု ရပ်မိရပ်ဖ တစ်ဦး က ပြောသည်။

“တိုက်ပွဲက ရွာထဲမှာ ဖြစ်တာတော့ မဟုတ်ဘူး မြို့မှာဖြစ်တာမဟုတ်ပါဘူး။ မြို့အပြင်ပေါ့။ ဒီတရုတ်သချိုင်း ကုန်းဘက်မှာဖြစ်တာလေနော်။ ဖြစ်တာတော့ တော်တော်ကြာတယ်။ အဲ့ဘက်မှာလည်း လူတွေနေတယ်လေ။ ဒီ အဲ့ဒီ သချိုင်းကုန်း ဘက်က လူတွေတော့ တရုတ်နယ်စပ်ဘက်မှာ ပြေးသွားကြတာဟုတ်တယ်။ အဲ့ဒါကို တရုတ် ဘက်ကလည်း ပြန်မောင်းထုတ်လို့ ပြန်လာကြတယ် ပြောတာပဲ။ ကျနော်တို့ကတော့ မပြေးဘူး။ အခု ကျနော်တို့ နေတဲ့နေရာနဲ့ နည်းနည်းဝေးတယ်။”

ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည့်အတွက် လူနေအိမ်များဘက်သို့ ကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်ကြသည့်အတွက် တရုတ်သချိုင်းအနီး နေထိုင်သူများ က တရုတ်နယ်စပ်ဘက်သို့ တိမ်းရှောင်ခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။

သို့သော် တရုတ်အာဏာပိုင်းများက ပြန်လည်မောင်းထုတ်သည့်အတွက် ညနေပိုင်းတွင် ပြန်လာကြရသည်။

ထို တိုက်ပွဲအပြင် ပန်ဆိုင်းမြို့ အတွင်း ဩဂုတ်လ ၃ ရက်နေ့ နှင့် ၄ ရက်နေ့များတွင်လည်း စစ်ကောင်စီတပ်နှင့် MNDAA ကိုးကန့် တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် မြို့နှင့် ၄ မိုင်၊ ၅ မိုင်ခန့် ဝေးသည့်နေရာ က ကျေးရွာများ ဖြစ်ကြသည့် ဖိုင်ကောင်း၊ ခါလင်းနှင့် ဖောင်းဆိုင်ကျေးရွာများက ရွာသားအချို့လည်း ကျေးရွာ များထဲမှ ထွက်ကာ တရုတ်နယ်စပ်အနီး ထွက်ပြေးခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

ပန်ဆိုင်းမြို့အနီး ဩဂုတ် ၃ ရက်နေ့ က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် MNDAA ကိုးကန့် တပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတိယတပ်ရင်းမှူးနှင့် ဒုတိယတပ်ခွဲမှူးတို့ အပါအဝင် စုစု ပေါင်း ၅ ဦး သေဆုံးခဲ့သည်ဟု The Kokang လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ဩဂုတ် ၃ ရက်နေ့ က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲအတွင်း အနီးရှိကျေးရွာများ အတွင်းက လူနေအိမ်များ ပျက်စီးမှုများလည်း ရှိသည်ဟု ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – The Kokang လူမှုကွန်ရက်စာမျက်နှာ

*** ZAWGYI ***
စစ္ေကာင္စီႏွင့္ ကိုးကန႔္အဖြဲ႕ တိုက္ပြဲျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၆ ရက္။

တ႐ုတ္-ျမန္မာ နယ္စပ္တြင္ စစ္ေကာင္စီတပ္ႏွင့္ ကိုးကန႔္ (MNDAA) တပ္တို႔ အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေန သည့္အတြက္ ေဒသခံအခ်ိဳ႕ တ႐ုတ္နယ္စပ္ဘက္အျခမ္းသို႔ ထြက္ေျပး တိမ္းေရွာင္ခဲ့ရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕နယ္၊ ပန္ဆိုင္းၿမိဳ႕အနီးတြင္ ဩဂုတ္လ ၆ ရက္ေန႔ (ယေန႔) နံနက္ ၁၁ နာရီခြဲ အခ်ိန္ကေန မြန္းလႊဲ ၂ နာရီအခ်ိန္ခန႔္အထိ စစ္ေကာင္စီတပ္မ်ား ႏွင့္ MNDAA(ကိုးကန႔္) တပ္ဖြဲ႕တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု ေဒသခံ လူငယ္အမ်ိဳးသမီး တစ္ဦး က ေျပာ သည္။

“ဟုတ္တယ္ ဒီေန႔ တိုက္ပြဲျဖစ္ေနတာ။ ဒီေန႔ ၁၁ နာရီခြဲအခ်ိန္ေလာက္ကေနျဖစ္တာ။ ႏွစ္နာရီခြဲ သုံးနာရီေလာက္ ၾကာတယ္။ ေန႔လည္ ၂ နာရီေလာက္မွ အသံေတြတိတ္သြားတယ္။ ဒီည ၇ နာရီေလာက္မွာလည္း အသံက ျပန္ ထြက္လာေသးတယ္။ ျဖစ္တာက ဟို ဗမာစစ္တပ္နဲ႔ ကိုးကန႔္ေတြျဖစ္တာ။ KIA ပါတယ္လို႔ေတာ့ မေျပာဘူး။ ဒီမွာ အားလုံးေျပာတာက ကိုးကန႔္နဲ႔ ဗမာစစ္တပ္ျဖစ္တာပဲ သိတယ္။ KIA ပါတယ္လို႔ေတာ့ မသိဘူးပဲ” ဟု ေျပာ သည္။

ပန္ဆိုင္းၿမိဳ႕၊ ေဖာင္းဆိုင္႐ြာသစ္အျပင္ဘက္ရွိ တ႐ုတ္သခ်ိဳင္းကုန္းနား တဝိုက္တြင္ တိုက္ပြဲျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး အနီးအနားက ႐ြာသားအခ်ိဳ႕ တ႐ုတ္နယ္စပ္အနီးသို႔ ထြက္ေျပးသြားသည္မ်ားလည္း ရွိသည္ဟု ရပ္မိရပ္ဖ တစ္ဦး က ေျပာသည္။

“တိုက္ပြဲက ႐ြာထဲမွာ ျဖစ္တာေတာ့ မဟုတ္ဘူး ၿမိဳ႕မွာျဖစ္တာမဟုတ္ပါဘူး။ ၿမိဳ႕အျပင္ေပါ့။ ဒီတ႐ုတ္သခ်ိဳင္း ကုန္းဘက္မွာျဖစ္တာေလေနာ္။ ျဖစ္တာေတာ့ ေတာ္ေတာ္ၾကာတယ္။ အဲ့ဘက္မွာလည္း လူေတြေနတယ္ေလ။ ဒီ အဲ့ဒီ သခ်ိဳင္းကုန္း ဘက္က လူေတြေတာ့ တ႐ုတ္နယ္စပ္ဘက္မွာ ေျပးသြားၾကတာဟုတ္တယ္။ အဲ့ဒါကို တ႐ုတ္ ဘက္ကလည္း ျပန္ေမာင္းထုတ္လို႔ ျပန္လာၾကတယ္ ေျပာတာပဲ။ က်ေနာ္တို႔ကေတာ့ မေျပးဘူး။ အခု က်ေနာ္တို႔ ေနတဲ့ေနရာနဲ႔ နည္းနည္းေဝးတယ္။”

ယေန႔ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲအတြင္း လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ဆက္တိုက္ပစ္ခတ္ခဲ့သည့္အတြက္ လူေနအိမ္မ်ားဘက္သို႔ က်ေရာက္ေပါက္ကြဲမည္ကို စိုးရိမ္ၾကသည့္အတြက္ တ႐ုတ္သခ်ိဳင္းအနီး ေနထိုင္သူမ်ား က တ႐ုတ္နယ္စပ္ဘက္သို႔ တိမ္းေရွာင္ခဲ့ၾကရသည္ဟု ေဒသခံမ်ားက ေျပာသည္။

သို႔ေသာ္ တ႐ုတ္အာဏာပိုင္းမ်ားက ျပန္လည္ေမာင္းထုတ္သည့္အတြက္ ညေနပိုင္းတြင္ ျပန္လာၾကရသည္။

ထို တိုက္ပြဲအျပင္ ပန္ဆိုင္းၿမိဳ႕ အတြင္း ဩဂုတ္လ ၃ ရက္ေန႔ ႏွင့္ ၄ ရက္ေန႔မ်ားတြင္လည္း စစ္ေကာင္စီတပ္ႏွင့္ MNDAA ကိုးကန႔္ တပ္ဖြဲ႕တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့သည့္အတြက္ ၿမိဳ႕ႏွင့္ ၄ မိုင္၊ ၅ မိုင္ခန႔္ ေဝးသည့္ေနရာ က ေက်း႐ြာမ်ား ျဖစ္ၾကသည့္ ဖိုင္ေကာင္း၊ ခါလင္းႏွင့္ ေဖာင္းဆိုင္ေက်း႐ြာမ်ားက ႐ြာသားအခ်ိဳ႕လည္း ေက်း႐ြာ မ်ားထဲမွ ထြက္ကာ တ႐ုတ္နယ္စပ္အနီး ထြက္ေျပးခဲ့ၾကသည္ဟု ေဒသခံမ်ားက ေျပာသည္။

ပန္ဆိုင္းၿမိဳ႕အနီး ဩဂုတ္ ၃ ရက္ေန႔ က ျဖစ္ပြားခဲ့သည့္ စစ္ေကာင္စီတပ္ႏွင့္ MNDAA ကိုးကန႔္ တပ္ဖြဲ႕တို႔အၾကား ျဖစ္ပြားခဲ့သည့္ တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က ဒုတိယတပ္ရင္းမႉးႏွင့္ ဒုတိယတပ္ခြဲမႉးတို႔ အပါအဝင္ စုစု ေပါင္း ၅ ဦး ေသဆုံးခဲ့သည္ဟု The Kokang လူမႈကြန္ရက္စာမ်က္ႏွာတြင္ ထုတ္ျပန္ထားသည္။

ဩဂုတ္ ၃ ရက္ေန႔ က ျဖစ္ပြားခဲ့သည့္ အဆိုပါ တိုက္ပြဲအတြင္း အနီးရွိေက်း႐ြာမ်ား အတြင္းက လူေနအိမ္မ်ား ပ်က္စီးမႈမ်ားလည္း ရွိသည္ဟု ထုတ္ျပန္ထားသည္။

ဓါတ္ပုံ – The Kokang လူမႈကြန္ရက္စာမ်က္ႏွာ