အမျိုးသား ကျန်းမာရေး ကော်မတီကို NUG နှင့် တိုင်းရင်းသားအဖွဲ့များ ပူးတွဲဖွဲ့စည်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။
ဖက်ဒရယ် ကျန်းမာရေး မူဝါဒ ရေးစွဲသွားရန်နှင့် မူဝါဒများ ထိန်းညှိရန် အမျိုးသား ကျန်းမာရေး ကော်မတီ (NHC) ကို လေးရက်တာ ကျင်းပခဲ့သော အမျိုးသား ကျန်းမာရေး ညီလာခံတွင် ဖွဲ့စည်းလိုက်သည်။
ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုပူးပေါင်းလုပ် ဆောင်နိုင်ရန်နှင့် ကျန်းမာရေး မူဝါဒများကို ထိန်းညှိနိုင်ရန် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကျန်းမာရေး ဝန်ကြီး ဌာန တို့ ပူးပေါင်းကာ ဩဂုတ်လ ၂ ရက်နေ့ကနေ ၅ ရက်နေ့ အထိ ၄ ရက်ကြာ ကျင်းပပြုလုပ်သည့် အမျိုးသား ကျန်း မာရေး ညီလာခံမှ အမျိုးသား ကျန်းမာရေး ကော်မတီ NHC ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
အမျိုးသား ကျန်းမာရေး ကော်မတီ NHC မှ လုပ်ဆောင်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ NHC တွဲဖက် အတွင်းရေးမှူး ၁ စောနေထူးက “အဓိကကတော့ ကျနော်တို့ ကဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို သွား မယ်ဆိုရင်တော့ ဒီမိုကရေစီ ပြည်ထောင်စုနဲ့ လိုက်လျောညီ ထွေမှုရှိတဲ့ ဖက်ဒရယ် ကျန်းမာရေးစနစ်ကို လုပ်ဖို့ ရယ်ရွယ်ချက်နဲ့ သွားတာရှိ တယ်။ အဲလိုမျိုးဟာမှာဆိုတော့ ဖက်ဒရယ်ရဲ့ အင်္ဂါရပ်နဲ့အညီပေါ့နော ဒီလိုမျိုး မူဝါ ဒပိုင်းဆိုင်ရာ ထိန်းညှိတဲ့ ကိစ္စ၊ စနစ်ပိုင်းဆိုင်ရာ ထိန်းညှိတဲ့ ကိစ္စ အဓိကကတော့ Coordination ထိန်းညှိတဲ့ mechanism (ပူးပေါင်း ဆောင်ရွက်မှု ယန္တယား) တစ်ခုကို ကောင်းကောင်းမွန်မွန် လုပ်နိုင်ဖို့ အဓိကကျတဲ့ဟာလို့ ပဲ ပြောရမှာပေါ့နော” ဟု ပြောသည်။
အမျိုးသားကျန်းမာရေး ကော်မတီ NHC အနေဖြင့် အနာဂတ် ဖက်ဒရယ် ကျန်းမာရေး မူဝါဒများကိုလည်း ရေးဆွဲ သွားရန် ရှိသည်ဟု စောနေထူးက ဆိုသည်။
၎င်းက “အခုပဲ ဖွဲ့လိုက်တယ်ဆိုတော့ အကုန်လုံး အလုံးအရင်းတော့ လုပ်လို့ မရသေးဘူး ဆိုတော့ လုပ်ငန်းစဉ် တစ်ခုအနေနဲ့ ခုနပြောသလို ဒီမူဝါဒပိုင်းဆိုင်ရာ ကိစ္စကိုလည်း ထိန်းညှိတယ်။ ခုနပြောတဲ့ ဒီဖက်ဒရယ် ကျန်းမာ ရေးစနစ် ဖက်ဒရယ် ကျန်းမာရေး မူဝါဒ ဒီလိုဟာတွေ လုပ်သွားဖို့တော့ ရှိပါတယ်” ဟု ပြောသည်။
ယခုဖွဲ့စည်းလိုက်သည့် အမျိုးသား ကျန်းမာရေး ကော်မတီတွင် ကရင်အမျိုးသား အစည်းအရုံး KNU မှ ပဒိုမန်း မန်းက ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌ အဖြစ် NUG ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့မှ ဦးဆောင် သွားမည် ဖြစ်ပြီး အဖွဲ့ဝင်အများစုမှာ တိုင်းရင်းသား ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ဖြစ်သည် ဟု သိရသည်။
စောနေထူးက “အဓိကကတော့ ဆရာမန်းမန်းပေါ့နော ဆရာမန်းမန်းက ကော်မတီရဲ့ ဥက္ကဋ္ဌ၊ ဒု – ဥက္ကဋ္ဌ ၁ အနေ နဲ့ ဒေါက်တာ ဇော်ဝေစိုးပေါ့နော။ အခုလက်ရှိ NUG ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ကျန်းမာရေးဝန်ကြီးနဲ့ ပညာ ရေး ဝန်ကြီးပေါ့နော။ နောက် ဒုတိယ ဥက္ကဋ္ဌ ၂ ကတော့ ကရင်နီပြည်နယ်က ဆရာ ခွန်ဖြိုးရယ် အဲလိုမျိုးရှိ တယ်။ နောက်ပြီးတော့ ကျနော်တို့ တွဲဖက် အတွင်းရေးမှူးအဖွဲ့ဝင်တွေကျတော့ ဒီ ဒေါက်တာ ဥက္ကာ အတွင်းရေး မှူး တာဝန်ယူပါတယ်။ ကျနော်ကတော့ တွဲဖက် အတွင်းရေးမှူး ၁ တာဝန်ယူထားပါတယ်။ နောက် ဒီတွဲဖက် အတွင်းရေးမှူး ၂ ကျတော့ ဒီ ဆရာမ နန်းစနိုးပေါ့နော အဲလိုမျိုး ဦးဆောင်ပြီးတော့ သွားတယ်” ဟု ပြောသည်။
အမျိုးသား ကျန်းမာရေးကော်မတီ NHC ကို ကော်မတီအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့်အပြင် ကော်မတီကို အကြံပေးလမ်းညွှန်မည့် အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားသည်ဟု NHC အတွင်းရေးမှူး ၁ က ဆိုသည်။
“အဲလိုမျိုး ဦးဆောင်မှုရဲ့ အပေါ်မှာကတော့ အတိုင်ပင်ခံအဖွဲ့ပေါ့နော အတိုင်ပင်ခံအဖွဲ့တော့ ဆရာမကြီး ဒေါက် တာ စင်သီယာတို့ နောက်ပြီးတော့ ဒေါက်တာ မြင့်ချိုတို့ ပြီးတော့ ဒေါက်တာ သိန်းဝင်းတို့ နောက်ပြီးတော့ ရှမ်း ဖက်က ဒေါက်တာ စိုင်းလျန်းတို့ အဲလိုမျိုးစုဖွဲ့မှုနဲ့ ကျနော်တို့ စုဖွဲ့နိုင်ခဲ့တာပေါ့” ဟု စောနေထူး က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများကို ထိရောက်စွာ လုပ် ဆောင်နိုင်ရန်အတွက် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့များနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG တို့ ပူးပေါင်း ကာ ကိုဗစ်-၁၉ ကာကွယ် ထိန်း ချုပ်ရေး၊ ကုသရေးအဖွဲ့ COVID- 19 Task Force (CTF) ကို ဖွဲ့စည်းထားသည်။
ထိုအဖွဲ့ကို ဖွဲ့စည်းပြီး ရက် ၂၀ ကျော်အကြာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီး ဌာနနှင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများ ပူးပေါင်းကာ အမျိုးသား ကျန်းမာရေး ညီလာခံ (National Health Conference) ကို ကျင်းပခဲ့ကြပြီး ထိုညီလာခံမှ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ထိန်းညှိရန်နှင့် အနာ ဂတ် ဖက်ဒရယ် ကျန်းမာရေး မူဝါဒများကို ရေးဆွဲနိုင်ရန် အတွက် အမျိုးသား ကျန်းမာရေး ကော်မတီ NHC ကို ထပ်မံဖွဲ့စည်း ခဲ့သည်။
လက်ရှိကျင်းပနေသည့် ညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားသော ဝန် ကြီးဌာနအသီးသီးက တာဝန်ရှိသူများ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်း တာဝန်ရှိသူများ တက်ရောက် ခဲ့ ကြသည်။
ထို့အပြင် ပြည်တွင်းပြည်ပ ကျန်းမာရေးအဖွဲ့အစည်း တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ဆေးပညာရှင်များနှင့် ဆေးနှီးနွှယ်ကျောင်သား အဖွဲ့အစည်းများက တာဝန်ခံကျောင်းသား ကျောင်းသူများ တက်ရောက်ဆွေးနွေးခဲ့ကြ ပြီး ညီလာခံသို့ ကိုယ်စားလှယ် စုစုပေါင်း လူဦးရေ ၁၃၀ တက်ရောက်ခဲ့သည် ဟု သိရသည်။
*** ZAWGYI ***
အမ်ိဳးသား က်န္းမာေရး ေကာ္မတီကို NUG ႏွင့္ တိုင္းရင္းသားအဖြဲ႕မ်ား ပူးတြဲဖြဲ႕စည္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၆ ရက္။
ဖက္ဒရယ္ က်န္းမာေရး မူဝါဒ ေရးစြဲသြားရန္ႏွင့္ မူဝါဒမ်ား ထိန္းညႇိရန္ အမ်ိဳးသား က်န္းမာေရး ေကာ္မတီ (NHC) ကို ေလးရက္တာ က်င္းပခဲ့ေသာ အမ်ိဳးသား က်န္းမာေရး ညီလာခံတြင္ ဖြဲ႕စည္းလိုက္သည္။
က်န္းမာေရးဆိုင္ရာ ကိစၥရပ္မ်ားကို ပိုမိုပူးေပါင္းလုပ္ ေဆာင္ႏိုင္ရန္ႏွင့္ က်န္းမာေရး မူဝါဒမ်ားကို ထိန္းညႇိႏိုင္ရန္ တိုင္းရင္းသား က်န္းမာေရး အဖြဲ႕အစည္းမ်ားႏွင့္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG က်န္းမာေရး ဝန္ႀကီး ဌာန တို႔ ပူးေပါင္းကာ ဩဂုတ္လ ၂ ရက္ေန႔ကေန ၅ ရက္ေန႔ အထိ ၄ ရက္ၾကာ က်င္းပျပဳလုပ္သည့္ အမ်ိဳးသား က်န္း မာေရး ညီလာခံမွ အမ်ိဳးသား က်န္းမာေရး ေကာ္မတီ NHC ကို ဖြဲ႕စည္းလိုက္ျခင္း ျဖစ္သည္။
အမ်ိဳးသား က်န္းမာေရး ေကာ္မတီ NHC မွ လုပ္ေဆာင္သြားမည့္ လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ NHC တြဲဖက္ အတြင္းေရးမႉး ၁ ေစာေနထူးက “အဓိကကေတာ့ က်ေနာ္တို႔ ကဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စုကို သြား မယ္ဆိုရင္ေတာ့ ဒီမိုကေရစီ ျပည္ေထာင္စုနဲ႔ လိုက္ေလ်ာညီ ေထြမႈရွိတဲ့ ဖက္ဒရယ္ က်န္းမာေရးစနစ္ကို လုပ္ဖို႔ ရယ္႐ြယ္ခ်က္နဲ႔ သြားတာရွိ တယ္။ အဲလိုမ်ိဳးဟာမွာဆိုေတာ့ ဖက္ဒရယ္ရဲ႕ အဂၤါရပ္နဲ႔အညီေပါ့ေနာ ဒီလိုမ်ိဳး မူဝါ ဒပိုင္းဆိုင္ရာ ထိန္းညႇိတဲ့ ကိစၥ၊ စနစ္ပိုင္းဆိုင္ရာ ထိန္းညႇိတဲ့ ကိစၥ အဓိကကေတာ့ Coordination ထိန္းညႇိတဲ့ mechanism (ပူးေပါင္း ေဆာင္႐ြက္မႈ ယႏၲယား) တစ္ခုကို ေကာင္းေကာင္းမြန္မြန္ လုပ္ႏိုင္ဖို႔ အဓိကက်တဲ့ဟာလို႔ ပဲ ေျပာရမွာေပါ့ေနာ” ဟု ေျပာသည္။
အမ်ိဳးသားက်န္းမာေရး ေကာ္မတီ NHC အေနျဖင့္ အနာဂတ္ ဖက္ဒရယ္ က်န္းမာေရး မူဝါဒမ်ားကိုလည္း ေရးဆြဲ သြားရန္ ရွိသည္ဟု ေစာေနထူးက ဆိုသည္။
၎က “အခုပဲ ဖြဲ႕လိုက္တယ္ဆိုေတာ့ အကုန္လုံး အလုံးအရင္းေတာ့ လုပ္လို႔ မရေသးဘူး ဆိုေတာ့ လုပ္ငန္းစဥ္ တစ္ခုအေနနဲ႔ ခုနေျပာသလို ဒီမူဝါဒပိုင္းဆိုင္ရာ ကိစၥကိုလည္း ထိန္းညႇိတယ္။ ခုနေျပာတဲ့ ဒီဖက္ဒရယ္ က်န္းမာ ေရးစနစ္ ဖက္ဒရယ္ က်န္းမာေရး မူဝါဒ ဒီလိုဟာေတြ လုပ္သြားဖို႔ေတာ့ ရွိပါတယ္” ဟု ေျပာသည္။
ယခုဖြဲ႕စည္းလိုက္သည့္ အမ်ိဳးသား က်န္းမာေရး ေကာ္မတီတြင္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU မွ ပဒိုမန္း မန္းက ဥကၠ႒ႏွင့္ ဒု-ဥကၠ႒ အျဖစ္ NUG က်န္းမာေရးဝန္ႀကီးဌာနမွ ဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုးတို႔မွ ဦးေဆာင္ သြားမည္ ျဖစ္ၿပီး အဖြဲ႕ဝင္အမ်ားစုမွာ တိုင္းရင္းသား က်န္းမာေရးဌာနမွ တာဝန္ရွိသူမ်ား ျဖစ္သည္ ဟု သိရသည္။
ေစာေနထူးက “အဓိကကေတာ့ ဆရာမန္းမန္းေပါ့ေနာ ဆရာမန္းမန္းက ေကာ္မတီရဲ႕ ဥကၠ႒၊ ဒု – ဥကၠ႒ ၁ အေန နဲ႔ ေဒါက္တာ ေဇာ္ေဝစိုးေပါ့ေနာ။ အခုလက္ရွိ NUG က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ က်န္းမာေရးဝန္ႀကီးနဲ႔ ပညာ ေရး ဝန္ႀကီးေပါ့ေနာ။ ေနာက္ ဒုတိယ ဥကၠ႒ ၂ ကေတာ့ ကရင္နီျပည္နယ္က ဆရာ ခြန္ၿဖိဳးရယ္ အဲလိုမ်ိဳးရွိ တယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ တြဲဖက္ အတြင္းေရးမႉးအဖြဲ႕ဝင္ေတြက်ေတာ့ ဒီ ေဒါက္တာ ဥကၠာ အတြင္းေရး မႉး တာဝန္ယူပါတယ္။ က်ေနာ္ကေတာ့ တြဲဖက္ အတြင္းေရးမႉး ၁ တာဝန္ယူထားပါတယ္။ ေနာက္ ဒီတြဲဖက္ အတြင္းေရးမႉး ၂ က်ေတာ့ ဒီ ဆရာမ နန္းစႏိုးေပါ့ေနာ အဲလိုမ်ိဳး ဦးေဆာင္ၿပီးေတာ့ သြားတယ္” ဟု ေျပာသည္။
အမ်ိဳးသား က်န္းမာေရးေကာ္မတီ NHC ကို ေကာ္မတီအဖြဲ႕ဝင္မ်ားျဖင့္ ဖြဲ႕စည္းထားသည့္အျပင္ ေကာ္မတီကို အႀကံေပးလမ္းၫႊန္မည့္ အႀကံေပးအဖြဲ႕ကိုလည္း ဖြဲ႕စည္းထားသည္ဟု NHC အတြင္းေရးမႉး ၁ က ဆိုသည္။
“အဲလိုမ်ိဳး ဦးေဆာင္မႈရဲ႕ အေပၚမွာကေတာ့ အတိုင္ပင္ခံအဖြဲ႕ေပါ့ေနာ အတိုင္ပင္ခံအဖြဲ႕ေတာ့ ဆရာမႀကီး ေဒါက္ တာ စင္သီယာတို႔ ေနာက္ၿပီးေတာ့ ေဒါက္တာ ျမင့္ခ်ိဳတို႔ ၿပီးေတာ့ ေဒါက္တာ သိန္းဝင္းတို႔ ေနာက္ၿပီးေတာ့ ရွမ္း ဖက္က ေဒါက္တာ စိုင္းလ်န္းတို႔ အဲလိုမ်ိဳးစုဖြဲ႕မႈနဲ႔ က်ေနာ္တို႔ စုဖြဲ႕ႏိုင္ခဲ့တာေပါ့” ဟု ေစာေနထူး က ေျပာသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ ၁၇ ရက္ေန႔က ကိုဗစ္-၁၉ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး လုပ္ငန္းမ်ားကို ထိေရာက္စြာ လုပ္ ေဆာင္ႏိုင္ရန္အတြက္ တိုင္းရင္းသား က်န္းမာေရး အဖြဲ႕မ်ားႏွင့္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG တို႔ ပူးေပါင္း ကာ ကိုဗစ္-၁၉ ကာကြယ္ ထိန္း ခ်ဳပ္ေရး၊ ကုသေရးအဖြဲ႕ COVID- 19 Task Force (CTF) ကို ဖြဲ႕စည္းထားသည္။
ထိုအဖြဲ႕ကို ဖြဲ႕စည္းၿပီး ရက္ ၂၀ ေက်ာ္အၾကာတြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ၏ က်န္းမာေရးဝန္ႀကီး ဌာနႏွင့္ တိုင္းရင္းသားက်န္းမာေရး အဖြဲ႕အစည္းမ်ား ပူးေပါင္းကာ အမ်ိဳးသား က်န္းမာေရး ညီလာခံ (National Health Conference) ကို က်င္းပခဲ့ၾကၿပီး ထိုညီလာခံမွ က်န္းမာေရးဆိုင္ရာ ကိစၥရပ္မ်ားကို ထိန္းညႇိရန္ႏွင့္ အနာ ဂတ္ ဖက္ဒရယ္ က်န္းမာေရး မူဝါဒမ်ားကို ေရးဆြဲႏိုင္ရန္ အတြက္ အမ်ိဳးသား က်န္းမာေရး ေကာ္မတီ NHC ကို ထပ္မံဖြဲ႕စည္း ခဲ့သည္။
လက္ရွိက်င္းပေနသည့္ ညီလာခံသို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ အျခားေသာ ဝန္ ႀကီးဌာနအသီးသီးက တာဝန္ရွိသူမ်ား တိုင္းရင္းသားက်န္းမာေရးအဖြဲ႕အစည္း တာဝန္ရွိသူမ်ား တက္ေရာက္ ခဲ့ ၾကသည္။
ထို႔အျပင္ ျပည္တြင္းျပည္ပ က်န္းမာေရးအဖြဲ႕အစည္း တာဝန္ရွိသူမ်ား၊ ျပည္တြင္းျပည္ပ ေဆးပညာရွင္မ်ားႏွင့္ ေဆးႏွီးႏႊယ္ေက်ာင္သား အဖြဲ႕အစည္းမ်ားက တာဝန္ခံေက်ာင္းသား ေက်ာင္းသူမ်ား တက္ေရာက္ေဆြးေႏြးခဲ့ၾက ၿပီး ညီလာခံသို႔ ကိုယ္စားလွယ္ စုစုေပါင္း လူဦးေရ ၁၃၀ တက္ေရာက္ခဲ့သည္ ဟု သိရသည္။