မော်လမြိုင်တက္ကသိုလ် ကျောင်းသူနှစ်ဦး ဖမ်းဆီး တရားစွဲဆိုခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။

မော်လမြိုင်တက္ကသိုလ် ကျောင်းသူနှစ်ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဖမ်းဆီး တရားစွဲဆိုထားကြောင်း နီးစပ်သူတို့နှင့် မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ထံမှ သိရသည်။

ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်းခန့်က မွန်ပြည်နယ် ပေါင်မြို့နယ် ဆင်ရွာရှိ အဆိုပါကျောင်းသူနှစ်ဦးတို့၏ နေအိမ်သို့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့က အင်အားဖြင့် လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူတို့ထံမှ သိရသည်။

ဖမ်းဆီးခံရသည့် ကျောင်းသူနှစ်ဦးသည် မော်လမြိုင်တက္ကသိုလ် အင်္ဂလိပ်စာအထူးပြု နောက်ဆုံးနှစ် နေ့ကျောင်းသူ မနန်းစန္ဒာဝင်းနှင့် ရုက္ခဗေဒအထူးပြု စတုတ္ထနှစ် (အဝေးသင်) ကျောင်းသူ မနန်းဆုပိုင်ဖူးတို့ ဖြစ်သည်ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သိရသည်။

အဆိုပါကျောင်းသူနှစ်ဦးသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ မှတ်တမ်းဓာတ်ပုံများအား လူမှုကွန်ယက်စာမျက်နှာ (Facebook) ပေါ် တင်ခဲ့ရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ဖမ်းဆီးခံရသည့် ကျောင်းသူနှစ်ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် တရားစွဲဆိုထားပြီး ကျိုက်မရောအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည် ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများက ပြောသည်။

“၃ ရက်နေ့(ဩဂုတ်) ညနေလောက်မှာ လာဖမ်းသွားတယ်၊ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့အထဲမှာ ပါလို့ပေါ့လေ၊ သူတို့ကို ပေါင်ရဲစခန်းကနေ အခု ကျိုက်ပရောအကျဉ်းထောင်ကို ပို့လိုက်တယ်၊ မိသားစုတွေနဲ့လည်း တွေ့ခွင့်မရဘူး ဖမ်းဆီးခံရကတည်းက တွေ့ခွင့်ရဖို့ ကြိုးစားခဲ့ကြပေမယ့် အခုချိန်ထိလည်း တွေ့ခွင့်မရသေးဘူးဟု” ဟု ဖမ်းဆီးခံရသည့်ကျောင်းသူတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများကို အာဏာသိမ်းစစ်ကောင်စီတို့က လိုက်လံဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာခဲ့သည်။

ထိုကဲ့သို့ ဖမ်းဆီးမှုများရှိသည့်အပြင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများ မပြုလုပ်နိုင်အောင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေး တင်းကြပ်ထားသော်လည်း စစ်အာဏာရှင်ကို အလိုမရှိသည့် ကျောင်းသား ပြည်သူတို့က နည်းမျိုးစုံဖြင့် စစ်အာဏာရှင်ကို ယနေ့တိုင် ဆက်လက် ဆန့်ကျင်နေကြဆဲဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီး ၆ လကျော်အတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်မှုကြောင့် မွန်ပြည်နယ်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ ၄၀၀ ကျော် ရှိသည်ဟု သိရသည်။

*** ZAWGYI ***
ေမာ္လၿမိဳင္တကၠသိုလ္ ေက်ာင္းသူႏွစ္ဦး ဖမ္းဆီး တရားစြဲဆိုခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၆ ရက္။

ေမာ္လၿမိဳင္တကၠသိုလ္ ေက်ာင္းသူႏွစ္ဦးကို အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္တို႔က ဖမ္းဆီး တရားစြဲဆိုထားေၾကာင္း နီးစပ္သူတို႔ႏွင့္ ေမာ္လၿမိဳင္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢတို႔ထံမွ သိရသည္။

ဩဂုတ္လ ၃ ရက္ေန႔ ညေနပိုင္းခန႔္က မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ ဆင္႐ြာရွိ အဆိုပါေက်ာင္းသူႏွစ္ဦးတို႔၏ ေနအိမ္သို႔ အာဏာသိမ္း စစ္ေကာင္စီတပ္ဖြဲ႕တို႔က အင္အားျဖင့္ လာေရာက္ဖမ္းဆီးသြားခဲ့ျခင္းျဖစ္သည္ဟု နီးစပ္သူတို႔ထံမွ သိရသည္။

ဖမ္းဆီးခံရသည့္ ေက်ာင္းသူႏွစ္ဦးသည္ ေမာ္လၿမိဳင္တကၠသိုလ္ အဂၤလိပ္စာအထူးျပဳ ေနာက္ဆုံးႏွစ္ ေန႔ေက်ာင္းသူ မနန္းစႏၵာဝင္းႏွင့္ ႐ုကၡေဗဒအထူးျပဳ စတုတၳႏွစ္ (အေဝးသင္) ေက်ာင္းသူ မနန္းဆုပိုင္ဖူးတို႔ ျဖစ္သည္ဟု ေမာ္လၿမိဳင္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢမွ သိရသည္။

အဆိုပါေက်ာင္းသူႏွစ္ဦးသည္ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲ မွတ္တမ္းဓာတ္ပုံမ်ားအား လူမႈကြန္ယက္စာမ်က္ႏွာ (Facebook) ေပၚ တင္ခဲ့ရာမွ ဖမ္းဆီးခံရျခင္းျဖစ္သည္ဟု ေမာ္လၿမိဳင္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢထံမွ သိရသည္။

ဖမ္းဆီးခံရသည့္ ေက်ာင္းသူႏွစ္ဦးကို ပုဒ္မ ၅၀၅ (က) ျဖင့္ အမႈဖြင့္ တရားစြဲဆိုထားၿပီး က်ိဳက္မေရာအက်ဥ္းေထာင္တြင္ ထိန္းသိမ္းထားသည္ ဖမ္းဆီးခံရသူမ်ားႏွင့္ နီးစပ္သူမ်ားက ေျပာသည္။

“၃ ရက္ေန႔(ဩဂုတ္) ညေနေလာက္မွာ လာဖမ္းသြားတယ္၊ စစ္အာဏာရွင္ဆန႔္က်င္ဆႏၵျပတဲ့အထဲမွာ ပါလို႔ေပါ့ေလ၊ သူတို႔ကို ေပါင္ရဲစခန္းကေန အခု က်ိဳက္ပေရာအက်ဥ္းေထာင္ကို ပို႔လိုက္တယ္၊ မိသားစုေတြနဲ႔လည္း ေတြ႕ခြင့္မရဘူး ဖမ္းဆီးခံရကတည္းက ေတြ႕ခြင့္ရဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္ အခုခ်ိန္ထိလည္း ေတြ႕ခြင့္မရေသးဘူးဟု” ဟု ဖမ္းဆီးခံရသည့္ေက်ာင္းသူတို႔ႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း မြန္ျပည္နယ္အတြင္း စစ္အာဏာရွင္ဆန႔္က်င္ဆႏၵျပသူမ်ားကို အာဏာသိမ္းစစ္ေကာင္စီတို႔က လိုက္လံဖမ္းဆီးမႈမ်ား ဆက္တိုက္လုပ္ေဆာင္လာခဲ့သည္။

ထိုကဲ့သို႔ ဖမ္းဆီးမႈမ်ားရွိသည့္အျပင္ စစ္အာဏာရွင္ဆန႔္က်င္ဆႏၵျပမႈမ်ား မျပဳလုပ္ႏိုင္ေအာင္ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕တို႔က လုံၿခဳံေရး တင္းၾကပ္ထားေသာ္လည္း စစ္အာဏာရွင္ကို အလိုမရွိသည့္ ေက်ာင္းသား ျပည္သူတို႔က နည္းမ်ိဳးစုံျဖင့္ စစ္အာဏာရွင္ကို ယေန႔တိုင္ ဆက္လက္ ဆန႔္က်င္ေနၾကဆဲျဖစ္သည္။

စစ္တပ္အာဏာသိမ္းၿပီး ၆ လေက်ာ္အတြင္း စစ္အာဏာရွင္ကို ဆန႔္က်င္မႈေၾကာင့္ မြန္ျပည္နယ္တြင္ ဖမ္းဆီးထိန္းသိမ္းျခင္းခံထားရသူ ၄၀၀ ေက်ာ္ ရွိသည္ဟု သိရသည္။