COVID-19 ကြောင့် မွန်ပြည်နယ်အတွင်း နေအိမ်တွင် သေဆုံးသူများ ရှိလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။
မွန်ပြည်နယ်အတွင်း COVID-19 ကူးစက်မှုနှင့် သေဆုံးမှု မြင့်တက်နေဆဲဖြစ်ပြီး နေအိမ်များ တွင် ဆေးကုသရင်း သေဆုံးသွားသူများ ရှိလာနေသည် ဟု ကိုဗစ်အရေးကူညီဆောင်ရွက်ပေး နေသည့် လူမှု ကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ပထမအပတ် အချိန်ခန့်မှစတင်ပြီး ကိုဗစ်-၁၉ ကူးစက်မှုနှင့် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု မြင့်တက် လာ ပြီး ယခုလ ဩဂုတ်လ ပထမအပတ်အထိ တစ်ရက်လျှင် သေဆုံးသူ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀ ကျော် ၅၀ နီးပါးအထိ ရှိနေသည်ဟုလည်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ပြောသည်။
“အခြေအနေကတော့ ကူးစက်ခံရတဲ့သူရော သေဆုံးလူနာတွေရောက များနေသေးတဲ့ အနေအထားမှာ ရှိနေပါ တယ်။ ရပ်ကွက်တွေမှာ နေအိမ်တွေမှာ ဆေးကုသခံယူနေရင်းနဲ့ သေဆုံးသွားတဲ့ ကိုဗစ်သံသယလူနာတွေက လည်း တနေ့တနေ့ မနည်းဘူး။ သေဆုံးမှုက ကျ မသွားသေးဘူး” ဟု ကိုဗစ်-၁၉ ကူးစက်မှု လူနာများနှင့် ပတ် သက်၍ ကူညီဆောင်ရွက် ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။
လက်ရှိတွင် သေဆုံးသူများထဲ ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရသည့် ကိုဗစ်-၁၉ အတည်ပြု လူနာ များအပြင် ကိုဗစ်-၁၉ သံသယ လက္ခဏာများဖြင့် နေအိမ်တွင် ဆေးကုသနေရင်း သေဆုံးသွားသူများလည်း ရှိနေ သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထိုသို့ သံသယလက္ခဏာများဖြင့် နေအိမ်တွင် သေဆုံးသွားသူများထဲမှာ အချို့ကို ဆေးစစ်မှုများ ထပ်မံပြုလုပ်ရာ အများစုမှာ ကိုဗစ်-၁၉ ပိုးတွေ့ရသည်ဟု ပြောသည်။
ပြည်နယ်အတွင်း၌ ကိုဗစ်-၁၉ အတည်ပြုလူနာများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolated Ward-3 (သီးခြားဆောင်-၃) နှင့် Isolated Ward-1 (သီးခြားဆောင် ၁) တို့အပြင် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်နှင့် မြို့နယ်အသီးသီးတို့တွင် ဆေးကုသ ပေးလျက်ရှိသည်။
ဆေးရုံများအပြင် နေအိမ်တွင် ဆေးကုသမှုခံယူနေကြရသည့် ကိုဗစ်-၁၉ လူနာများအတွက် အောက်စီဂျင် မလုံ လောက်မှုပြဿနာနှင့် ရင်ဆိုင်နေကြရပြီး အောက်စီရရှိရေးကို ပရဟိတအသင်းအဖွဲ့တို့ကိုသာ အားထားနေရ သည်ဟု လူနာရှင်အချို့က ပြောသည်။
ကိုဗစ်-၁၉ လူနာများအတွက် ပရဟိတအသင်းအဖွဲ့များက အောက်စီဂျင်ကို နေ့စဉ် အခမဲ့ ဖြန့်ဝေ ပေးလျှက် ရှိသော်လည်း လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။
မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်-၁၉ ကူးစက်လူနာ ဆက်တိုက်မြင့်တက်လာခဲ့ပြီး နှစ်လကျော် အတွင်းမှာ ကိုဗစ်အတည်ပြုလူနာ သောင်းချီရှိသွားပြီး ဖြစ်သည်။
လက်ရှိတွင် မွန်ပြည်နယ်အတွင်းက မြို့နယ် ၁၀ မြို့နယ်လုံးတွင် ကိုဗစ်-၁၉ ကူးစက်မှုများ ဆက်ရှိနေပြီး သေဆုံး မှုလည်း မြို့နယ်တိုင်းတွင် ရှိနေသည်။
*** ZAWGYI ***
COVID-19 ေၾကာင့္ မြန္ျပည္နယ္အတြင္း ေနအိမ္တြင္ ေသဆုံးသူမ်ား ရွိလာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၆ ရက္။
မြန္ျပည္နယ္အတြင္း COVID-19 ကူးစက္မႈႏွင့္ ေသဆုံးမႈ ျမင့္တက္ေနဆဲျဖစ္ၿပီး ေနအိမ္မ်ား တြင္ ေဆးကုသရင္း ေသဆုံးသြားသူမ်ား ရွိလာေနသည္ ဟု ကိုဗစ္အေရးကူညီေဆာင္႐ြက္ေပး ေနသည့္ လူမႈ ကယ္ဆယ္ေရးအသင္းအဖြဲ႕မ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ ပထမအပတ္ အခ်ိန္ခန႔္မွစတင္ၿပီး ကိုဗစ္-၁၉ ကူးစက္မႈႏွင့္ ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးမႈ ျမင့္တက္ လာ ၿပီး ယခုလ ဩဂုတ္လ ပထမအပတ္အထိ တစ္ရက္လွ်င္ ေသဆုံးသူ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၄၀ ေက်ာ္ ၅၀ နီးပါးအထိ ရွိေနသည္ဟုလည္း လူမႈကယ္ဆယ္ေရးအသင္းအဖြဲ႕မ်ားက ေျပာသည္။
“အေျခအေနကေတာ့ ကူးစက္ခံရတဲ့သူေရာ ေသဆုံးလူနာေတြေရာက မ်ားေနေသးတဲ့ အေနအထားမွာ ရွိေနပါ တယ္။ ရပ္ကြက္ေတြမွာ ေနအိမ္ေတြမွာ ေဆးကုသခံယူေနရင္းနဲ႔ ေသဆုံးသြားတဲ့ ကိုဗစ္သံသယလူနာေတြက လည္း တေန႔တေန႔ မနည္းဘူး။ ေသဆုံးမႈက က် မသြားေသးဘူး” ဟု ကိုဗစ္-၁၉ ကူးစက္မႈ လူနာမ်ားႏွင့္ ပတ္ သက္၍ ကူညီေဆာင္႐ြက္ ေပးေနသည့္ လူမႈကယ္ဆယ္ေရးအဖြဲ႕ တာဝန္ရွိသူတစ္ဦး က ေျပာသည္။
လက္ရွိတြင္ ေသဆုံးသူမ်ားထဲ ေဆး႐ုံတြင္ တက္ေရာက္ေဆးကုသမႈခံယူေနရသည့္ ကိုဗစ္-၁၉ အတည္ျပဳ လူနာ မ်ားအျပင္ ကိုဗစ္-၁၉ သံသယ လကၡဏာမ်ားျဖင့္ ေနအိမ္တြင္ ေဆးကုသေနရင္း ေသဆုံးသြားသူမ်ားလည္း ရွိေန သည္ဟု လူမႈကယ္ဆယ္ေရးအဖြဲ႕ တာဝန္ရွိသူက ေျပာသည္။
ထိုသို႔ သံသယလကၡဏာမ်ားျဖင့္ ေနအိမ္တြင္ ေသဆုံးသြားသူမ်ားထဲမွာ အခ်ိဳ႕ကို ေဆးစစ္မႈမ်ား ထပ္မံျပဳလုပ္ရာ အမ်ားစုမွာ ကိုဗစ္-၁၉ ပိုးေတြ႕ရသည္ဟု ေျပာသည္။
ျပည္နယ္အတြင္း၌ ကိုဗစ္-၁၉ အတည္ျပဳလူနာမ်ားကို ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီး Isolated Ward-3 (သီးျခားေဆာင္-၃) ႏွင့္ Isolated Ward-1 (သီးျခားေဆာင္ ၁) တို႔အျပင္ ေမာ္လၿမိဳင္တကၠသိုလ္ (၁၀) ၿမိဳ႕နယ္ေဆာင္ႏွင့္ ၿမိဳ႕နယ္အသီးသီးတို႔တြင္ ေဆးကုသ ေပးလ်က္ရွိသည္။
ေဆး႐ုံမ်ားအျပင္ ေနအိမ္တြင္ ေဆးကုသမႈခံယူေနၾကရသည့္ ကိုဗစ္-၁၉ လူနာမ်ားအတြက္ ေအာက္စီဂ်င္ မလုံ ေလာက္မႈျပႆနာႏွင့္ ရင္ဆိုင္ေနၾကရၿပီး ေအာက္စီရရွိေရးကို ပရဟိတအသင္းအဖြဲ႕တို႔ကိုသာ အားထားေနရ သည္ဟု လူနာရွင္အခ်ိဳ႕က ေျပာသည္။
ကိုဗစ္-၁၉ လူနာမ်ားအတြက္ ပရဟိတအသင္းအဖြဲ႕မ်ားက ေအာက္စီဂ်င္ကို ေန႔စဥ္ အခမဲ့ ျဖန႔္ေဝ ေပးလွ်က္ ရွိေသာ္လည္း လိုအပ္ခ်က္မ်ား ရွိေနဆဲျဖစ္သည္။
မြန္ျပည္နယ္တြင္ ဇြန္လဆန္းပိုင္းခန႔္မွစၿပီး ကိုဗစ္-၁၉ ကူးစက္လူနာ ဆက္တိုက္ျမင့္တက္လာခဲ့ၿပီး ႏွစ္လေက်ာ္ အတြင္းမွာ ကိုဗစ္အတည္ျပဳလူနာ ေသာင္းခ်ီရွိသြားၿပီး ျဖစ္သည္။
လက္ရွိတြင္ မြန္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္လုံးတြင္ ကိုဗစ္-၁၉ ကူးစက္မႈမ်ား ဆက္ရွိေနၿပီး ေသဆုံး မႈလည္း ၿမိဳ႕နယ္တိုင္းတြင္ ရွိေနသည္။