မကွေးတိုင်းအတွင်း ကုန်ပစ္စည်းအချို့ကို ဈေးလျော့ရောင်းချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြည်သူများ အရေးပေါ်လိုအပ်နေသည့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းများနှင့် စားသောက်ကုန်အချို့ကို အစ္စလာမ် ဘာသာဝင်များက စျေးနှုးချိုသာစွာ ရောင်းချပေးနေသည်ဟု ဒေသခံများက ပြောသည်။

ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ကျန်းမာရေးအတွက် အဓိကလိုအပ်လျှက်ရှိသည့် အောက်စီဂျင် တိုင်း စက် (Oximeter)၊ မျက်နှာဖုံး (Mask) ဗူးများနှင့် စားသောက်ကုန်များကို မကွေး၊ မင်းဘူးနှင့် ချောက်မြို့များအတွင်း အစ္စလာမ်ဘာသာဝင် များက သြဂုတ်လ ၉ ရက်နေ့ (ယနေ့) မှ စ၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေသည်ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ကျန်းမာရေးအတွက် လိုအပ်နေသည့် အောက်စီဂျင်တိုင်းစက် Oximeter အောက်စီမီ တာ (ဓါတ်ခဲပါ တစုံ) (၆၀၀၀) ကျပ်၊ သုံးလွှာ Mask အထူးတစ်ဘူးလျှင် ၁၀၀၀ကျပ် နှင့် ၉၀၀ကျပ်၊ ဆန် တစ် ပြည်၊ ကြက်ဥ ငါးလုံး၊ ကြက်သွန်နီ တစ်ပိဿာ နှင့် စားသုံးဆီ စသည့် လေးမျိုးပေါင်းအား (၁၀၀၀) ကျပ်ဖြင့် ရောင်းချပေးခြင်းဖြစ်သည်။

အမှန်တကယ် လိုအပ်ပြီး အဆင်မပြေသောသူများကို တစ်အိမ်ထောင်လျှင် တစ်ယောက်နှုန်းဖြင့် လူမျိူးမရွေး ဘာသာမရွေးအား ရောင်းချပေးနေသည်ဟု ဒေသခံများက ပြောသည်။

မကွေးမြို့ပေါ်မှ အသက် ၄၀ ခန့် အမျိုးသမီးတစ်ဦးက “အခုအချိန်မှာ မရှိနွမ်းပါးသူတွေတင် မဟုတ်ပါဘူး။ လူတိုင်း အခက်အခဲ ဖြစ်နေကြတာဆိုတော့ အလွယ်တကူ ဈေးသက်သာစွာ ရောင်းချပေးတော့ တစ်ဘက် တစ်လမ်းက အဆင်ပြေတာပေါ့နော်” ဟု ပြောသည်။

လူမျိုးဘာသာမရွေးရောင်းချပေးသွားမည်ဖြစ်ပါသဖြင့် မည်သူမဆို လာရောက်ဝယ်ယူနိုင်ပါကြောင်း လာရောက် ဝယ်ယူသူများအနေဖြင့် COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ Mask များတပ်ဆင်လာရန်၊ ခြောက်ပေခြား တန်းစီ စနစ်ဖြင့် ဝယ်ပေးပါရန်၊ ကလေးငယ်များကို ဝယ်ယူခိုင်းခြင်း မပြုပါရန် မေတ္တာရပ်ခံပန်ကြား အပ်ပါ သည်ဟု ချောက်မြို့ မင်္ဂလာဂျာမေ့အ်ဗလီဝတ်ကျောင်းတော် က ထုတ်ပြန်ကြေငြာ ထားသည်။

“အောက်စီဂျင် တိုင်းစက် ဆို တာက မရှိဆင်းရဲသားတွေ မဝယ်နိုင်ပေမယ့် မက်စ်တို့ ဆန်တို့ ကြက်ဥနဲ့ ကြက် သွန်တို့ကတော့ ဈေးလည်း ချိုသာအောင် ရောင်းပေးတော့ ဝယ်နိုင်ကြတာပေါ့” ဟု ဒေသခံတစ်ဦး က ပြော သည်။

ယခုကာလတွင် စျေးဆိုင်များတွင် ပုံမှန်ရောင်းချနေသည့် စျေးမှာ သုံးလွှာ Mask တစ်ဗူးလျှင် ၂၂၀၀ ကျပ်၊ ကြက် ဥ ၁၀ လုံးလျှင် ၁၅၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်နှင့် ဆန်တစ် ပြည်လျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျော်အထိ ရှိသည်ဟု စုံစမ်း သိရှိရသည်။

*** ZAWGYI ***
မေကြးတိုင္းအတြင္း ကုန္ပစၥည္းအခ်ိဳ႕ကို ေဈးေလ်ာ့ေရာင္းခ်

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၀ ရက္။

မေကြးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ျပည္သူမ်ား အေရးေပၚလိုအပ္ေနသည့္ က်န္းမာေရးဆိုင္ရာ ပစၥည္းမ်ားႏွင့္ စားေသာက္ကုန္အခ်ိဳ႕ကို အစၥလာမ္ ဘာသာဝင္မ်ားက ေစ်းႏႈးခ်ိဳသာစြာ ေရာင္းခ်ေပးေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ကိုဗစ္-၁၉ ကာလအတြင္း ျပည္သူမ်ား က်န္းမာေရးအတြက္ အဓိကလိုအပ္လွ်က္ရွိသည့္ ေအာက္စီဂ်င္ တိုင္း စက္ (Oximeter)၊ မ်က္ႏွာဖုံး (Mask) ဗူးမ်ားႏွင့္ စားေသာက္ကုန္မ်ားကို မေကြး၊ မင္းဘူးႏွင့္ ေခ်ာက္ၿမိဳ႕မ်ားအတြင္း အစၥလာမ္ဘာသာဝင္ မ်ားက ၾသဂုတ္လ ၉ ရက္ေန႔ (ယေန႔) မွ စ၍ ေဈးႏႈန္းခ်ိဳသာစြာျဖင့္ ေရာင္းခ်ေပးေနသည္ဟု ေျပာသည္။

လက္ရွိအေျခအေနတြင္ က်န္းမာေရးအတြက္ လိုအပ္ေနသည့္ ေအာက္စီဂ်င္တိုင္းစက္ Oximeter ေအာက္စီမီ တာ (ဓါတ္ခဲပါ တစုံ) (၆၀၀၀) က်ပ္၊ သုံးလႊာ Mask အထူးတစ္ဘူးလွ်င္ ၁၀၀၀က်ပ္ ႏွင့္ ၉၀၀က်ပ္၊ ဆန္ တစ္ ျပည္၊ ၾကက္ဥ ငါးလုံး၊ ၾကက္သြန္နီ တစ္ပိႆာ ႏွင့္ စားသုံးဆီ စသည့္ ေလးမ်ိဳးေပါင္းအား (၁၀၀၀) က်ပ္ျဖင့္ ေရာင္းခ်ေပးျခင္းျဖစ္သည္။

အမွန္တကယ္ လိုအပ္ၿပီး အဆင္မေျပေသာသူမ်ားကို တစ္အိမ္ေထာင္လွ်င္ တစ္ေယာက္ႏႈန္းျဖင့္ လူမ်ိဴးမေ႐ြး ဘာသာမေ႐ြးအား ေရာင္းခ်ေပးေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

မေကြးၿမိဳ႕ေပၚမွ အသက္ ၄၀ ခန႔္ အမ်ိဳးသမီးတစ္ဦးက “အခုအခ်ိန္မွာ မရွိႏြမ္းပါးသူေတြတင္ မဟုတ္ပါဘူး။ လူတိုင္း အခက္အခဲ ျဖစ္ေနၾကတာဆိုေတာ့ အလြယ္တကူ ေဈးသက္သာစြာ ေရာင္းခ်ေပးေတာ့ တစ္ဘက္ တစ္လမ္းက အဆင္ေျပတာေပါ့ေနာ္” ဟု ေျပာသည္။

လူမ်ိဳးဘာသာမေ႐ြးေရာင္းခ်ေပးသြားမည္ျဖစ္ပါသျဖင့္ မည္သူမဆို လာေရာက္ဝယ္ယူႏိုင္ပါေၾကာင္း လာေရာက္ ဝယ္ယူသူမ်ားအေနျဖင့္ COVID-19 စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ Mask မ်ားတပ္ဆင္လာရန္၊ ေျခာက္ေပျခား တန္းစီ စနစ္ျဖင့္ ဝယ္ေပးပါရန္၊ ကေလးငယ္မ်ားကို ဝယ္ယူခိုင္းျခင္း မျပဳပါရန္ ေမတၱာရပ္ခံပန္ၾကား အပ္ပါ သည္ဟု ေခ်ာက္ၿမိဳ႕ မဂၤလာဂ်ာေမ့အ္ဗလီဝတ္ေက်ာင္းေတာ္ က ထုတ္ျပန္ေၾကျငာ ထားသည္။

“ေအာက္စီဂ်င္ တိုင္းစက္ ဆို တာက မရွိဆင္းရဲသားေတြ မဝယ္ႏိုင္ေပမယ့္ မက္စ္တို႔ ဆန္တို႔ ၾကက္ဥနဲ႔ ၾကက္ သြန္တို႔ကေတာ့ ေဈးလည္း ခ်ိဳသာေအာင္ ေရာင္းေပးေတာ့ ဝယ္ႏိုင္ၾကတာေပါ့” ဟု ေဒသခံတစ္ဦး က ေျပာ သည္။

ယခုကာလတြင္ ေစ်းဆိုင္မ်ားတြင္ ပုံမွန္ေရာင္းခ်ေနသည့္ ေစ်းမွာ သုံးလႊာ Mask တစ္ဗူးလွ်င္ ၂၂၀၀ က်ပ္၊ ၾကက္ ဥ ၁၀ လုံးလွ်င္ ၁၅၀၀ က်ပ္မွ ၁၈၀၀ က်ပ္၊ ၾကက္သြန္နီ တစ္ပိႆာလွ်င္ ၄၀၀ က်ပ္မွ ၅၀၀ က်ပ္ႏွင့္ ဆန္တစ္ ျပည္လွ်င္ ၁၅၀၀ က်ပ္မွ ၂၀၀၀ ေက်ာ္အထိ ရွိသည္ဟု စုံစမ္း သိရွိရသည္။