ရေးမြို့နယ်အတွင်း အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦး သေနတ်ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။
မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်းရွာသစ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦး ဩဂုတ်လ ၁၃ ရက်နေ့ ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။
မော့ကနင်းရွာသစ် အုပ်ချုပ်ရေးအဖွဲ့ဝင် နိုင်ထိန်းကို ယမန်နေ့ ည ၇ နာရီခွဲဝန်းကျင်ခန့်က အမည်အသိ လူနှစ် ယောက်တို့က ဆိုင်ကယ်ဖြင့် နေအိမ်တွင် လာရောက်ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ည ၇ နာရီခွဲလောက်ဖြစ်မယ် လူနှစ်ယောက်က ဆိုင်ကယ်နဲ့ ၃ ချက် လာပစ်သွားတယ်၊ ပေါင်မှာ တစ်ချက်ထိ သွားတယ်၊ ဆေးရုံတင်ထားတာပေါ့၊” ဟု မော့ကနင်းရွာသစ်မှ ရွာခံတစ်ဦးက ပြောသည်။
ရေးပြည့်သူ့ ကာကွယ်ရေး တပ်ဖွဲ့ YPDF အဖွဲ့က ပစ်ခတ်မှုမှာ သူတို့လက်ချက်ဖြစ်ကြောင်း နှင့် မော့ကနင်းရွာသစ် အုပ်ချုပ်ရေးအဖွဲ့ဝင်ကို ပေါင်တွင် ပစ်ခတ် သတိပေးခဲ့ ခြင်းဖြစ်ကြောင်း ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ရေးမြိုနယ်တွင် ယခုကဲ့သို့ သေနတ်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ဇွန်လ ၁၄ ရက်နေ့ က ရေးမြို့ အောင်မေတ္တာရပ်ကွက် အလက (၂) ကျောင်းရှေ့တွင် ရပ်မိရပ်ဖတစ်ဦး ပစ်သတ်ခံခဲ့ရသလို ဇွန်လ ၂၄ ရက်နေ့ကလည်း ရေးမြို့နယ် ဟံဂံကျေးရွာအနီးတွင် လူတစ်ဦး ပစ်သတ်ခံခဲ့ရသည်။
ထို့အပြင် ဇွန်လ ၂၈ ရက်နေ့ကလည်း ရေးမြို့နယ် နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိသေနတ်သမား များ က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်အတွင်း သေနတ်ဖြင့် ပစ်ခတ်မှုများ ဆက် တိုက် ဖြစ်ပွားနေသည့်အပြင် စာသင်ကျောင်းများတွင် ဗုံးတွေ့ရှိမှုတွေ့ရှိမှုနှင့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။
ထို့အတူ ရေးမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးအချို့နှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း နေအိမ် အချို့တို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုလည်း ရှိခဲ့သည်။
ရေးမြို့နယ်နည်းတူ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း မြို့နယ်အချို့တို့ရှိ ရပ်ကျေး အုပ် ချုပ်ရေးအဖွဲ့ဝင်များ အပါအဝင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလျှက် ရှိသည်။
*** ZAWGYI ***
ေရးၿမိဳ႕နယ္အတြင္း အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ တစ္ဦး ေသနတ္ပစ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၄ ရက္။
မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ ေမာ့ကနင္း႐ြာသစ္မွ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ တစ္ဦး ဩဂုတ္လ ၁၃ ရက္ေန႔ ညပိုင္းက ေသနတ္ျဖင့္ ပစ္ခတ္ခံရေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ေမာ့ကနင္း႐ြာသစ္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ႏိုင္ထိန္းကို ယမန္ေန႔ ည ၇ နာရီခြဲဝန္းက်င္ခန႔္က အမည္အသိ လူႏွစ္ ေယာက္တို႔က ဆိုင္ကယ္ျဖင့္ ေနအိမ္တြင္ လာေရာက္ပစ္ခတ္သြားခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
“ည ၇ နာရီခြဲေလာက္ျဖစ္မယ္ လူႏွစ္ေယာက္က ဆိုင္ကယ္နဲ႔ ၃ ခ်က္ လာပစ္သြားတယ္၊ ေပါင္မွာ တစ္ခ်က္ထိ သြားတယ္၊ ေဆး႐ုံတင္ထားတာေပါ့၊” ဟု ေမာ့ကနင္း႐ြာသစ္မွ ႐ြာခံတစ္ဦးက ေျပာသည္။
ေရးျပည့္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕ YPDF အဖြဲ႕က ပစ္ခတ္မႈမွာ သူတို႔လက္ခ်က္ျဖစ္ေၾကာင္း ႏွင့္ ေမာ့ကနင္း႐ြာသစ္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ကို ေပါင္တြင္ ပစ္ခတ္ သတိေပးခဲ့ ျခင္းျဖစ္ေၾကာင္း ၎တို႔၏ Facebook စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပထားသည္။
ေရးၿမိဳနယ္တြင္ ယခုကဲ့သို႔ ေသနတ္ပစ္ခတ္မႈမ်ား ဆက္တိုက္ျဖစ္ပြားေနၿပီး ဇြန္လ ၁၄ ရက္ေန႔ က ေရးၿမိဳ႕ ေအာင္ေမတၱာရပ္ကြက္ အလက (၂) ေက်ာင္းေရွ႕တြင္ ရပ္မိရပ္ဖတစ္ဦး ပစ္သတ္ခံခဲ့ရသလို ဇြန္လ ၂၄ ရက္ေန႔ကလည္း ေရးၿမိဳ႕နယ္ ဟံဂံေက်း႐ြာအနီးတြင္ လူတစ္ဦး ပစ္သတ္ခံခဲ့ရသည္။
ထို႔အျပင္ ဇြန္လ ၂၈ ရက္ေန႔ကလည္း ေရးၿမိဳ႕နယ္ ႏွင္းစုံေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို အမည္မသိေသနတ္သမား မ်ား က ပစ္ခတ္သတ္ျဖတ္ခဲ့သည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ေရးၿမိဳ႕နယ္အတြင္း ေသနတ္ျဖင့္ ပစ္ခတ္မႈမ်ား ဆက္ တိုက္ ျဖစ္ပြားေနသည့္အျပင္ စာသင္ေက်ာင္းမ်ားတြင္ ဗုံးေတြ႕ရွိမႈေတြ႕ရွိမႈႏွင့္ ဗုံးေပါက္ကြဲမႈျဖစ္စဥ္မ်ားလည္း ဆက္တိုက္ျဖစ္ေပၚခဲ့သည္။
ထို႔အတူ ေရးၿမိဳ႕နယ္အတြင္းရွိ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး႐ုံးအခ်ိဳ႕ႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေနအိမ္ အခ်ိဳ႕တို႔တြင္လည္း ဗုံးေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ၿပီး လူထိခိုက္ဒဏ္ရာရရွိမႈလည္း ရွိခဲ့သည္။
ေရးၿမိဳ႕နယ္နည္းတူ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း မြန္ျပည္နယ္အတြင္း ၿမိဳ႕နယ္အခ်ိဳ႕တို႔ရွိ ရပ္ေက်း အုပ္ ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား အပါအဝင္ ေသနတ္ျဖင့္ ပစ္သတ္ခံရသည့္ ျဖစ္စဥ္မ်ား ဆက္တိုက္ ျဖစ္ပြားလွ်က္ ရွိသည္။