ရန်ကုန်တွင် ၅ ရက်အတွင်း ဗုံးပေါက်ကွဲမှု ၉ ကြိမ်ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။
ရန်ကုန်မြို့တွင် လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားသည့်ကြားမှ သြဂုတ်လ ၈ ရက်မှစတင်ပြီး ၅ ရက်အတွင်း ဗုံးပေါက်ကွဲမှု ၉ ကြိမ် ဖြစ်ပွားခဲ့သည်။
ရှစ်လေးလုံး ၃၃ နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ပုဇွန်တောင်မြို့ နယ်၊ ပုဇွန်တောင်ဈေးအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ ဝင်အချို့ဒဏ်ရာရရှိသွားခဲ့သည်။
“လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကဖြစ်နေတယ်ဆိုတာ ပြည်သူရဲ့ စိတ်ဓါတ်တွေကသူတို့ထက် ၁၀ ဆ လောက် သာလို့။ နာကျည်းချက်တွေနဲ့ စိတ်ဓါတ်တွေပြင်းထန်နေလို့။ သူတို့ဖက်ကတော့လုံခြုံရေး ကိုမပေါ့ဘူး။ ဒါပေ မယ့် အင်အားနည်းတယ်” ဟု ရဲတပ်ဖွဲ့တွင် နှစ် ၃၀ ကျော်ခန့် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားရဲအရာရှိ တစ် ဦး က ပြောသည်။
သြဂုတ်လ ၁၀ ရက်နေ့တစ်နေ့ထဲတွင်လည်း ပုဇွန်တောင်မြို့ နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ၅၁ လမ်းထောင့် ယာဉ်ထိန်း ရုံး အနီးတွင် ဗုံးသုံးလုံးဆင့်ပြီးပေါက်ကွဲခဲ့ကြောင်း ၅၁ လမ်းအတွင်းနေထိုင်သည့် လူငယ်တစ်ဦး က ပြောသည်။
ဆူးလေပန်းခြံအနီးက ယာဉ်ထိန်းရုံးနှင့် ကမ်းနားလမ်း စာတိုက်ကြီးအနီးတွင်လည်း မိနစ်အနည်းငယ်စီသာခြားပြီး ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။
ထို့အပြင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းရုံးချုပ် YMBA အဆောက်အအုံကို သြဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ပိုင်းတွင် လက်လုပ်ဗုံးဖြင့်လာ ရောက်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း YMBA အသင်းကထုတ် ပြန်ထားသည်။
ထို့အတူ သြဂုတ်လ ၁၂ ရက်၊ နံနက်ပိုင်းတွင်လည်း အင်းစိန်အကျဉ်းဦးစီးဌာနအနီးတွင် ပေါက်ကွဲမှု ၂ ကြိမ် ဖြစ် ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရသူမရှိကြောင်း အကျဉ်းထောင် ဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်ကလည်း ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ မြို့ နယ်အချို့တို့တွင် ရှာဖွေဖမ်းဆီးမှုများ၊ ညဧည့် စာရင်းစစ်ဆေးခြင်းများ ပိုမို လုပ်ဆောင်လာပြီး သြဂုတ်လ ၁၀ ရက်ကလည်း စစ်ကောင်စီ၏ လိုက်လံဖမ်းဆီး မှုကြောင့် လူငယ် ၅ ဦး တိုက်ပေါ်မှခုန်ချ ထွက်ပြေးရင်း သေဆုံးသွားခဲ့သည်။
*** ZAWGYI ***
ရန္ကုန္တြင္ ၅ ရက္အတြင္း ဗုံးေပါက္ကြဲမႈ ၉ ႀကိမ္ျဖစ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၄ ရက္။
ရန္ကုန္ၿမိဳ႕တြင္ လုံၿခဳံေရး တင္းတင္းၾကပ္ၾကပ္ ခ်ထားသည့္ၾကားမွ ၾသဂုတ္လ ၈ ရက္မွစတင္ၿပီး ၅ ရက္အတြင္း ဗုံးေပါက္ကြဲမႈ ၉ ႀကိမ္ ျဖစ္ပြားခဲ့သည္။
ရွစ္ေလးလုံး ၃၃ ႏွစ္ျပည့္ အထိမ္းအမွတ္ေန႔တြင္ ပုဇြန္ေတာင္ၿမိဳ႕ နယ္၊ ပုဇြန္ေတာင္ေဈးအနီးတြင္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီး ရဲတပ္ဖြဲ႕ ဝင္အခ်ိဳ႕ဒဏ္ရာရရွိသြားခဲ့သည္။
“လုံၿခဳံေရးတင္းၾကပ္ထားတဲ့ၾကားကျဖစ္ေနတယ္ဆိုတာ ျပည္သူရဲ႕ စိတ္ဓါတ္ေတြကသူတို႔ထက္ ၁၀ ဆ ေလာက္ သာလို႔။ နာက်ည္းခ်က္ေတြနဲ႔ စိတ္ဓါတ္ေတြျပင္းထန္ေနလို႔။ သူတို႔ဖက္ကေတာ့လုံၿခဳံေရး ကိုမေပါ့ဘူး။ ဒါေပ မယ့္ အင္အားနည္းတယ္” ဟု ရဲတပ္ဖြဲ႕တြင္ ႏွစ္ ၃၀ ေက်ာ္ခန႔္ တာဝန္ထမ္းေဆာင္ခဲ့သည့္ အၿငိမ္းစားရဲအရာရွိ တစ္ ဦး က ေျပာသည္။
ၾသဂုတ္လ ၁၀ ရက္ေန႔တစ္ေန႔ထဲတြင္လည္း ပုဇြန္ေတာင္ၿမိဳ႕ နယ္၊ ဗိုလ္ခ်ဳပ္လမ္းႏွင့္ ၅၁ လမ္းေထာင့္ ယာဥ္ထိန္း ႐ုံး အနီးတြင္ ဗုံးသုံးလုံးဆင့္ၿပီးေပါက္ကြဲခဲ့ေၾကာင္း ၅၁ လမ္းအတြင္းေနထိုင္သည့္ လူငယ္တစ္ဦး က ေျပာသည္။
ဆူးေလပန္းၿခံအနီးက ယာဥ္ထိန္း႐ုံးႏွင့္ ကမ္းနားလမ္း စာတိုက္ႀကီးအနီးတြင္လည္း မိနစ္အနည္းငယ္စီသာျခားၿပီး ဗုံးေပါက္ကြဲမႈ ႏွစ္ႀကိမ္ျဖစ္ပြားခဲ့သည္။
ထို႔အျပင္ ဗုဒၶဘာသာကလ်ာဏယုဝအသင္း႐ုံးခ်ဳပ္ YMBA အေဆာက္အအုံကို ၾသဂုတ္လ ၁၀ ရက္ေန႔ မြန္းလြဲ ပိုင္းတြင္ လက္လုပ္ဗုံးျဖင့္လာ ေရာက္ပစ္ခတ္တိုက္ခိုက္ခံခဲ့ရေၾကာင္း YMBA အသင္းကထုတ္ ျပန္ထားသည္။
ထို႔အတူ ၾသဂုတ္လ ၁၂ ရက္၊ နံနက္ပိုင္းတြင္လည္း အင္းစိန္အက်ဥ္းဦးစီးဌာနအနီးတြင္ ေပါက္ကြဲမႈ ၂ ႀကိမ္ ျဖစ္ ပြားခဲ့ၿပီး ထိခိုက္ ဒဏ္ရာရသူမရွိေၾကာင္း အက်ဥ္းေထာင္ ဝန္ထမ္းတစ္ဦးက ေျပာသည္။
စစ္ေကာင္စီဘက္ကလည္း ယခုရက္ပိုင္းအတြင္း ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕ နယ္အခ်ိဳ႕တို႔တြင္ ရွာေဖြဖမ္းဆီးမႈမ်ား၊ ညဧည့္ စာရင္းစစ္ေဆးျခင္းမ်ား ပိုမို လုပ္ေဆာင္လာၿပီး ၾသဂုတ္လ ၁၀ ရက္ကလည္း စစ္ေကာင္စီ၏ လိုက္လံဖမ္းဆီး မႈေၾကာင့္ လူငယ္ ၅ ဦး တိုက္ေပၚမွခုန္ခ် ထြက္ေျပးရင္း ေသဆုံးသြားခဲ့သည္။