ရဲအိမ်ယာအား မကွေး PDF က ဗုံးဖြင့် တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အရှေ့ရဲစခန်း ရဲဝန်ထမ်းအိမ်ယာအား ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထွဋ်တန်က ထုတ်ပြန် ကြေညာသည်။
ယင်းထုတ်ပြန်စာတွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့၊ ည ၇:၁၅ နာရီအချိန်တွင် ဗိဿနိုးနယ်မြေ ပြည်သူ့ ကာကွယ်ရေး တပ်မတော်သည် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ အရှေ့ရဲစခန်း ရဲဝန်ထမ်း အိမ်ယာအား ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံဖော်ပြထားသည်။
ကျွန်ုပ်တို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များနှင့် ပူးပေါင်းကာ စစ်အုပ်ချုပ်ရေး အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့်လည်း ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည် ဟု ထိုထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
“မနက်ပိုင်းကတော့ စစ်ကောင်စီက ကောင်တွေ လမ်းတွေပိတ်ပြီး ပိုက်စိပ်တိုက် ရှာနေတယ်။ ဒေသခံပြည်သူ တွေ အပြင်ဘယ်ထွက်ရဲမလဲ။ အဲ့ဒီကောင်တွေက မထင်ရင် မထင်သလိုလုပ်တာ။ ပြည်သူတွေဘက်က ကာ ကွယ်ပေးမယ့် ဥပဒေက မရှိတော့ မထွက်ရဲပါဘူးဗျာ” ဟု တောင်တွင်ကြီးမြို့ ဒေသခံတစ်ဦး က ပြောသည်။
တောင်တွင်းကြီးမြို့နယ် ရဲဝန်ထမ်းလိုင်းခန်းအား သြဂုတ်လ ၁၃ ည ၇ နာရီဝန်းကျင်ခန့်က ဗုံးခွဲတိုက်ခိုက်ခံရပြီး နောက်ပိုင်း ည ၁၁ နာရီခွဲ ဝန်းကျင်တွင် တောင်တွင်ကြီးမြို့ အုန်းတော ၁ ရပ်ကွက်နေ ဆံပင်လုပ်ငန်း လုပ်ကိုင်သူ ကိုစိုင်းစံဟ (ခေါ်) ကိုစိုင်းအား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ် ဆောင်သွားသည်ဟု ၎င်းဒေသခံ က ဆက်ပြောသည်။
ထိုဖမ်းဆီးခံရသူကို လက်ရှိတွင် မည်သည့်နေရာတွင် ချုပ်နှောင်ဖမ်းဆီးထားသည်ကို မသိရသေးဘူး ဆိုသည်။
*** ZAWGYI ***
ရဲအိမ္ယာအား မေကြး PDF က ဗုံးျဖင့္ တိုက္ခိုက္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၄ ရက္။
မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္ အေရွ႕ရဲစခန္း ရဲဝန္ထမ္းအိမ္ယာအား ဗုံးျဖင့္တိုက္ခိုက္ခဲ့ေၾကာင္း ဗိႆႏိုးနယ္ေျမ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္ထြဋ္တန္က ထုတ္ျပန္ ေၾကညာသည္။
ယင္းထုတ္ျပန္စာတြင္ ၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၃ ရက္ေန႔၊ ည ၇:၁၅ နာရီအခ်ိန္တြင္ ဗိႆႏိုးနယ္ေျမ ျပည္သူ႔ ကာကြယ္ေရး တပ္မေတာ္သည္ မေကြးတိုင္း ေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ အေရွ႕ရဲစခန္း ရဲဝန္ထမ္း အိမ္ယာအား ဗုံးျဖင့္တိုက္ခိုက္ခဲ့ေၾကာင္း ဝန္ခံေဖာ္ျပထားသည္။
ကြၽႏ္ုပ္တို႔ ဗိႆႏိုးနယ္ေျမ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္အေနျဖင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ မ်ားႏွင့္ ပူးေပါင္းကာ စစ္အုပ္ခ်ဳပ္ေရး အျမစ္ျပဳတ္သည္အထိ တိုက္ခိုက္သြားမည္ျဖစ္ၿပီး ျပည္သူလူထု အေနျဖင့္လည္း ပူးေပါင္းပါဝင္ၾကပါရန္ ေလးစားစြာ ေမတၱာရပ္ခံအပ္ပါသည္ ဟု ထိုထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပထားသည္။
“မနက္ပိုင္းကေတာ့ စစ္ေကာင္စီက ေကာင္ေတြ လမ္းေတြပိတ္ၿပီး ပိုက္စိပ္တိုက္ ရွာေနတယ္။ ေဒသခံျပည္သူ ေတြ အျပင္ဘယ္ထြက္ရဲမလဲ။ အဲ့ဒီေကာင္ေတြက မထင္ရင္ မထင္သလိုလုပ္တာ။ ျပည္သူေတြဘက္က ကာ ကြယ္ေပးမယ့္ ဥပေဒက မရွိေတာ့ မထြက္ရဲပါဘူးဗ်ာ” ဟု ေတာင္တြင္ႀကီးၿမိဳ႕ ေဒသခံတစ္ဦး က ေျပာသည္။
ေတာင္တြင္းႀကီးၿမိဳ႕နယ္ ရဲဝန္ထမ္းလိုင္းခန္းအား ၾသဂုတ္လ ၁၃ ည ၇ နာရီဝန္းက်င္ခန႔္က ဗုံးခြဲတိုက္ခိုက္ခံရၿပီး ေနာက္ပိုင္း ည ၁၁ နာရီခြဲ ဝန္းက်င္တြင္ ေတာင္တြင္ႀကီးၿမိဳ႕ အုန္းေတာ ၁ ရပ္ကြက္ေန ဆံပင္လုပ္ငန္း လုပ္ကိုင္သူ ကိုစိုင္းစံဟ (ေခၚ) ကိုစိုင္းအား အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေနအိမ္တြင္ လာေရာက္ ဖမ္းဆီးေခၚ ေဆာင္သြားသည္ဟု ၎ေဒသခံ က ဆက္ေျပာသည္။
ထိုဖမ္းဆီးခံရသူကို လက္ရွိတြင္ မည္သည့္ေနရာတြင္ ခ်ဳပ္ေႏွာင္ဖမ္းဆီးထားသည္ကို မသိရေသးဘူး ဆိုသည္။