ပုသိမ်တွင် ဇူလိုင်လအတွင်း လူ ၈၀၀ ကျော်သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဇူလိုင်လ တစ်လအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ ၈၁၀ ဦး ရှိခဲ့သည်ဟု ပုသိမ်မြို့ သရောင်းချောင်း သုဿန်ရှိ မီးသင်္ဂြိုလ်စက်ရှိ စာရင်းမှတ်တမ်းများ အရ သိရသည်။
ဘာသာရေး အစဉ်အလာအရ သင်္ဂြိုဟ်သည့် အစ္စလာမ် ဘာသာဝင်များနှင့် ကျေးလက်ဒေသရှိ သေဆုံးခဲ့သူများ ၏ စာရင်းများ မပါဝင်ကြောင်း ယင်းမီးသင်္ဂြိုလ်စက်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
“ပုသိမ်မှာက အခြားဘာသာ အပါအဝင် နာရေး သင်္ဂြိုလ်တဲ့ နေရာ ၆ နေရာလောက်ရှိနေတယ်။ ဇူလိုင်လ အတွင်းမှာ လူတစ်ထောင် နီးပါး သေဆုံးခဲ့တယ်။ ပုသိမ်မြို့ရဲ့ စံချိန်တင် သေဆုံးမှုပါ” ဟု ၎င်း က ပြောသည်။
ဆေးရုံ တွင်ဆေးကုသမှု ခံယူနေရင်း သေဆုံးသူများ ရှိသကဲ့သို့ နေအိမ်တွင် သေဆုံးသွားသူများလည်း ရှိနေ ကြောင်း၊ ထိရောက်သော ကုသကာကွယ်မှုမရှိခြင်း၊ အောက်စီဂျင် အလုံအလောက် မရရှိခဲ့ခြင်းတို့ကြောင့် သေ ဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်မြို့က ကျန်းမာရေးဝန်ထမ်း တစ်ဦး က မှတ်ချက် ပြုသည်။
“ကိုဗစ် ၁၉ ကြောင့် သေဆုံးမှုက သြဂုတ်လအတွင်းမှာ လျှော့ကျလာပါတယ်။ သြဂုတ် ၁၂ ရက်နေ့ က ၁၀ ဦးနဲ့ ၁၃ ရက်နေ့က ၄ ဦး သေဆုံးခဲ့ပြီးတော့ ဒီနေ့သြဂုတ် ၁၄ ရက်နေ့ မှာတော့ မရှိခဲ့ဘူး အခြားသေဆုံးမှုပဲရှိတယ်” ဟု အဆိုပါ ကျန်းမာရေးဝန်ထမ်း က ပြောသည်။
ပုသိမ်မြို့တွင် သြဂုတ် လ ၁ ရက်နေ့ မှ ၁၄ ရက်နေ့ အထိ COVID-19 ရောဂါဖြင့် သေဆုံးသူ ၂၁၄ ဦး ရှိပြီဖြစ် သည်ဟု စစ်ကောင်စီ၏ လက်အောက်ခံ ကျန်းမာရေးဝန်ကြီဌာန၏ မှတ်တမ်းများ အရသိရသည်။
*** ZAWGYI ***
ပုသိမ္တြင္ ဇူလိုင္လအတြင္း လူ ၈၀၀ ေက်ာ္ေသဆုံး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၄ ရက္။
ဧရာဝတီတိုင္း ေဒသႀကီး၊ ပုသိမ္ၿမိဳ႕တြင္ ဇူလိုင္လ တစ္လအတြင္း COVID-19 ေရာဂါျဖင့္ ေသဆုံးသူ ၈၁၀ ဦး ရွိခဲ့သည္ဟု ပုသိမ္ၿမိဳ႕ သေရာင္းေခ်ာင္း သုႆန္ရွိ မီးသၿဂႋဳလ္စက္ရွိ စာရင္းမွတ္တမ္းမ်ား အရ သိရသည္။
ဘာသာေရး အစဥ္အလာအရ သၿဂႋဳဟ္သည့္ အစၥလာမ္ ဘာသာဝင္မ်ားႏွင့္ ေက်းလက္ေဒသရွိ ေသဆုံးခဲ့သူမ်ား ၏ စာရင္းမ်ား မပါဝင္ေၾကာင္း ယင္းမီးသၿဂႋဳလ္စက္မွ တာဝန္ရွိသူတစ္ဦး က ေျပာသည္။
“ပုသိမ္မွာက အျခားဘာသာ အပါအဝင္ နာေရး သၿဂႋဳလ္တဲ့ ေနရာ ၆ ေနရာေလာက္ရွိေနတယ္။ ဇူလိုင္လ အတြင္းမွာ လူတစ္ေထာင္ နီးပါး ေသဆုံးခဲ့တယ္။ ပုသိမ္ၿမိဳ႕ရဲ႕ စံခ်ိန္တင္ ေသဆုံးမႈပါ” ဟု ၎ က ေျပာသည္။
ေဆး႐ုံ တြင္ေဆးကုသမႈ ခံယူေနရင္း ေသဆုံးသူမ်ား ရွိသကဲ့သို႔ ေနအိမ္တြင္ ေသဆုံးသြားသူမ်ားလည္း ရွိေန ေၾကာင္း၊ ထိေရာက္ေသာ ကုသကာကြယ္မႈမရွိျခင္း၊ ေအာက္စီဂ်င္ အလုံအေလာက္ မရရွိခဲ့ျခင္းတို႔ေၾကာင့္ ေသ ဆုံးခဲ့ျခင္း ျဖစ္ေၾကာင္း ပုသိမ္ၿမိဳ႕က က်န္းမာေရးဝန္ထမ္း တစ္ဦး က မွတ္ခ်က္ ျပဳသည္။
“ကိုဗစ္ ၁၉ ေၾကာင့္ ေသဆုံးမႈက ၾသဂုတ္လအတြင္းမွာ ေလွ်ာ့က်လာပါတယ္။ ၾသဂုတ္ ၁၂ ရက္ေန႔ က ၁၀ ဦးနဲ႔ ၁၃ ရက္ေန႔က ၄ ဦး ေသဆုံးခဲ့ၿပီးေတာ့ ဒီေန႔ၾသဂုတ္ ၁၄ ရက္ေန႔ မွာေတာ့ မရွိခဲ့ဘူး အျခားေသဆုံးမႈပဲရွိတယ္” ဟု အဆိုပါ က်န္းမာေရးဝန္ထမ္း က ေျပာသည္။
ပုသိမ္ၿမိဳ႕တြင္ ၾသဂုတ္ လ ၁ ရက္ေန႔ မွ ၁၄ ရက္ေန႔ အထိ COVID-19 ေရာဂါျဖင့္ ေသဆုံးသူ ၂၁၄ ဦး ရွိၿပီျဖစ္ သည္ဟု စစ္ေကာင္စီ၏ လက္ေအာက္ခံ က်န္းမာေရးဝန္ႀကီဌာန၏ မွတ္တမ္းမ်ား အရသိရသည္။