ရနောင်းတွင် ကုန်လှေရပ်နားခွင့်ကို ၅ နာရီ တိုး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။
ထိုင်းနယ်စပ် ရနောင်းဆိပ်ကမ်းသို့ ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်း များ သယ်ယူပို့ဆောင်နေသည့် ကုန်လှေများ ကမ်းကပ်ရပ်နားခွင့်ကို ဩဂုတ်လ ၁၃ ရက်နေ့မှ စ၍ ထိုင်းနိုင်ငံဘက်က ၅ နာရီ တိုးပေးလိုက် သည်ဟု ကုန်လှေမောင်းနေသူများက ပြောသည်။
COVID-19 ကူးစက်မှုများကို ထိန်းချုပ်နိုင်ရေး ကန့်သတ်ထားခဲ့ရာမှ တနင်္သာရီတိုင်းဒေသကြီး နယ်စပ်၊ ကော့ သောင်းမြို့ မှ ထိုင်းနိုင်ငံ ရနောင်း(စဖန်ပလား) ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းများ သယ်ယူပို့ဆောင်နေသည့် ကုန်လှေများကို ကမ်းကပ် ရပ်နားခွင့်ကို တိုးပေးလိုက်ခြင်း ဖြစ်သည်။
“အချိန်ပိုတိုးပေးလိုက်တော့ ကျနော်တို့ လှေသမားတွေ ကုန်တင်ကုန်ချ အလုပ်သမားတွေ အလုပ်ချိန် ပိုလာတာ ပေါ့။ စားဝတ်နေရေးအတွက် အသင့်အတင့်လည်း ပိုထွက်လာတာပေါ့၊ အရင်ကအချိန်မလောက်ငှဘူး“ ဟု ကော့သောင်းမြို့မှ ကုန်လှေမောင်းနေသူ တစ်ဦးက ပြောသည်။
ယခင်က ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ COVID-19 ကပ်ရောဂါကာကွယ်ရေး စီမံချက်အရ ကော့သောင်းမြို့မှ ကုန်တင်ယာဉ်များအား ရနောင်းဆိပ်ကမ်း ရပ်နားခွင့်ကို နံနက် ၆နာရီမှ နေ့လည် ၁နာရီအထိသာ ခွင့်ပြုပေးခဲ့ရာမှ ယခုအခါ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ တိုးပေးခဲ့ခြင်း ဖြစ်သည်။
ယခု ကမ်းကပ်ရပ်နားခွင့် အချိန်တိုးပေးခြင်းကို ထိုင်းနိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာ ကော်မတီက ခွင့်ပြုပေးခဲ့ ခြင်း ဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်နေ့က စတင်၍ အချိန်ပြန်တိုးပေးလိုက်ခြင်း ဖြစ်သည်။
ယခုဆိုလျှင် ကော့သောင်းမြို့နေ ပြည်သူများ၊ ဝမ်းစာရေးအတွက် ရုန်းကန်လှုပ်ရှားနေရသည့် လှေသမားများ၊ ကယ်ရီသမားများ နှင့် ကုန်ပစ္စည်းတင်လှေများ အချိန်လုံလောက်စွာဖြင့် ပိုမိုကူးသန်းရောင်းဝယ်နိုင်မည်ဟု သိရှိရသည်။
ထို့ကြောင့် အခြေခံအလုပ်သမားအများစုက ယခုကဲ့သို့ ထိုင်းဘက်ခြမ်းက အချိန်ပြန်လည်တိုးပေးသည့်အပေါ် အားရဝမ်းသာဖြစ်နေကြသည်ဟု ဆိုသည်။
မြန်မာနိုင်ငံဘက်ခြမ်းက ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံဘက်ခြမ်းက ရနောင်းမြို့ ဆိပ်ကမ်းဘက်သို့ ပြေးဆွဲနေ သည့် ပစ္စည်းတင်လှေများက ရေထွက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ၊ အခြားသောစားသောက်ကုန် များအား အဓိက သယ်ယူပို့ဆောင်နေကြခြင်း ဖြစ်သည်။
*** ZAWGYI ***
ရေနာင္းတြင္ ကုန္ေလွရပ္နားခြင့္ကို ၅ နာရီ တိုး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၄ ရက္။
ထိုင္းနယ္စပ္ ရေနာင္းဆိပ္ကမ္းသို႔ ကုန္ပစၥည္းမ်ားႏွင့္ ေရထြက္ပစၥည္း မ်ား သယ္ယူပို႔ေဆာင္ေနသည့္ ကုန္ေလွမ်ား ကမ္းကပ္ရပ္နားခြင့္ကို ဩဂုတ္လ ၁၃ ရက္ေန႔မွ စ၍ ထိုင္းႏိုင္ငံဘက္က ၅ နာရီ တိုးေပးလိုက္ သည္ဟု ကုန္ေလွေမာင္းေနသူမ်ားက ေျပာသည္။
COVID-19 ကူးစက္မႈမ်ားကို ထိန္းခ်ဳပ္ႏိုင္ေရး ကန႔္သတ္ထားခဲ့ရာမွ တနသၤာရီတိုင္းေဒသႀကီး နယ္စပ္၊ ေကာ့ ေသာင္းၿမိဳ႕ မွ ထိုင္းႏိုင္ငံ ရေနာင္း(စဖန္ပလား) ဆိပ္ကမ္းသို႔ ကုန္ပစၥည္းမ်ားႏွင့္ ေရထြက္ပစၥည္းမ်ား သယ္ယူ ပို႔ ေဆာင္ေနသည့္ ကုန္ေလွမ်ားကို ကမ္းကပ္ ရပ္နားခြင့္ကို တိုးေပးလိုက္ျခင္း ျဖစ္သည္။
“အခ်ိန္ပိုတိုးေပးလိုက္ေတာ့ က်ေနာ္တို႔ ေလွသမားေတြ ကုန္တင္ကုန္ခ် အလုပ္သမားေတြ အလုပ္ခ်ိန္ ပိုလာတာ ေပါ့။ စားဝတ္ေနေရးအတြက္ အသင့္အတင့္လည္း ပိုထြက္လာတာေပါ့၊ အရင္ကအခ်ိန္မေလာက္ငွဘူး“ ဟု ေကာ့ေသာင္းၿမိဳ႕မွ ကုန္ေလွေမာင္းေနသူ တစ္ဦးက ေျပာသည္။
ယခင္က ထိုင္းက်န္းမာေရးဝန္ႀကီးဌာန၏ COVID-19 ကပ္ေရာဂါကာကြယ္ေရး စီမံခ်က္အရ ေကာ့ေသာင္းၿမိဳ႕မွ ကုန္တင္ယာဥ္မ်ားအား ရေနာင္းဆိပ္ကမ္း ရပ္နားခြင့္ကို နံနက္ ၆နာရီမွ ေန႔လည္ ၁နာရီအထိသာ ခြင့္ျပဳေပးခဲ့ရာမွ ယခုအခါ နံနက္ ၆ နာရီမွ ညေန ၆ နာရီအထိ တိုးေပးခဲ့ျခင္း ျဖစ္သည္။
ယခု ကမ္းကပ္ရပ္နားခြင့္ အခ်ိန္တိုးေပးျခင္းကို ထိုင္းႏိုင္ငံ နယ္စပ္လုံၿခဳံေရးဆိုင္ရာ ေကာ္မတီက ခြင့္ျပဳေပးခဲ့ ျခင္း ျဖစ္ၿပီး ဩဂုတ္လ ၁၃ ရက္ေန႔က စတင္၍ အခ်ိန္ျပန္တိုးေပးလိုက္ျခင္း ျဖစ္သည္။
ယခုဆိုလွ်င္ ေကာ့ေသာင္းၿမိဳ႕ေန ျပည္သူမ်ား၊ ဝမ္းစာေရးအတြက္ ႐ုန္းကန္လႈပ္ရွားေနရသည့္ ေလွသမားမ်ား၊ ကယ္ရီသမားမ်ား ႏွင့္ ကုန္ပစၥည္းတင္ေလွမ်ား အခ်ိန္လုံေလာက္စြာျဖင့္ ပိုမိုကူးသန္းေရာင္းဝယ္ႏိုင္မည္ဟု သိရွိရသည္။
ထို႔ေၾကာင့္ အေျခခံအလုပ္သမားအမ်ားစုက ယခုကဲ့သို႔ ထိုင္းဘက္ျခမ္းက အခ်ိန္ျပန္လည္တိုးေပးသည့္အေပၚ အားရဝမ္းသာျဖစ္ေနၾကသည္ဟု ဆိုသည္။
ျမန္မာႏိုင္ငံဘက္ျခမ္းက ေကာ့ေသာင္းၿမိဳ႕ႏွင့္ ထိုင္းႏိုင္ငံဘက္ျခမ္းက ရေနာင္းၿမိဳ႕ ဆိပ္ကမ္းဘက္သို႔ ေျပးဆြဲေန သည့္ ပစၥည္းတင္ေလွမ်ားက ေရထြက္ကုန္ပစၥည္းမ်ားႏွင့္ လူသုံးကုန္ပစၥည္းမ်ား၊ အျခားေသာစားေသာက္ကုန္ မ်ားအား အဓိက သယ္ယူပို႔ေဆာင္ေနၾကျခင္း ျဖစ္သည္။