လက်တုန့်ပြန်မည့် စစ်ကောင်စီ ကြေညာချက်ကြောင့် ပြည်သူများ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီက “သောင်းကျန်းသူများအား” ပြန်လည်တုန့်ပြန်မည် ဖြစ်ကြောင်း လိုက်လံကြေညာနေသဖြင့် ဒေသခံများက စိုးရိမ်ကာ ကျေးရွာများမှ စွန့်ခွာ ထွက်ပြေးနေကြ သည်ဟု ဒေသခံများနှင့် ရပ်မိရပ်ဖများက ပြောသည်။
“ခလရ ၅၈ တပ်ရင်းအား ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အတွင်း အကြမ်းဖက် သောင်းကျန်းသူ များသည် ကျေးရွာအတွင်းရှိ လူနေအိမ်များ၊ လမ်းကြိုလမ်းကြားများမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြိမ်ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသောကြောင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း RoE အရ အကြမ်းဖက်သောင်းကျန်းသူများအား မိမိကိုယ်ကို ခုခံပိုင်ခွင့်နှင့်အညီ ပြန်လည်တုံ့ပြန် ပစ်ခတ်သွား မည် ဖြစ်သဖြင့် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားချိန်တွင် မိဘပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံသော နေ ရာများတွင်သာ နေထိုင်ကြပါရန်” လိုက်လံကြေညာခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက်ပိုင်း ၁၁ နာရီအချိန်ခန့်က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာများအတွင်း တွင် ဝိုင်းမော်အခြေစိုက် ခလရ ၅၈ တပ်ရင်းက လိုက်လံကြေညာခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်က ကြေညာပြီးနောက် အနီးတဝိုက်ရှိ ကျေးရွာများဖြစ်ကြသည့် မဒိန်၊ ခကွမ်၊ လဘန် နှင့် တန်ဘောင် ကျေးရွာများရှိ ဒေသခံပြည်သူများ ကြောက်လန့်ကာ နီးစပ်ရာ ဝိုင်းမော်မြို့ နှင့် မြစ်ကြီးနားမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ရပ်မိရပ်ဖတစ်ဦး က ပြောသည်။
“တချို့တွေတော့ ထွက်ပြေးကြတယ်ဗျ။ မဒိန်ရွာကလည်း အများကြီးပြေးတယ်၊ ခကွမ်ရွာကလည်း ပြေးကြတယ်။ လဘန်ရွာကလည်း အများကြီးပဲ သွားသွားလာလာနဲ့ တွေ့နေရတယ်ဗျ။ ဒီကလူတွေ ထွက်ပြေးတာက ကျနော်တို့ ဒီဝိုင်းမော်မြို့နားတဝိုက်ပေါ့နော် မြို့ပေါ်ရပ်ကွက်ပေါ့၊ ကျနော်တို့ ဒီနှစ်ခြင်းဘုရား ကျောင်းဇုံနယ်ရုံး တို့၊ အသင်းတော်တို့၊ နီးစပ်ရာ ဆွေမျိုးတို့ဆီနဲ့ ဒီမြစ်ကြီးနားမြို့ကို ထွက်ပြေးတဲ့သူတွေလည်းရှိတယ်” ဟု ဝိုင်း မော်မြို့က ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ဇူလိုင်လကုန်ပိုင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေက ဝိုင်းမော်မြို့နယ်ရှိ ခလရ ၅၈ တပ်ရင်းကို လာရောက်ပစ်ခတ်ခဲ့သည်။ ထို့နောက် ညစဉ်လိုလိုပင် ခလရ ၅၈ တပ်ရင်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အနီးအနား ကျေးရွာများအတွင်း ရှိ နေအိမ်များ ပျက်စီးပြီး၊ အိမ်မွေးတိရိစ္ဆာန်များ ထိမှန်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် ဩဂုတ်လ ၁၃ ရက်နေ့ ယမန်နေ့ကလည်း ဝူယန်ကျေးရွာက ဈေးသည်အမျိုးသမီးတစ်ဦးကို ဝိုင်းမော် မြို့က ဈေးဝယ်ပြီးအပြန် ခလရ ၅၈ တပ်ရင်းရှေ့အရောက်မှာ ပစ်သတ်ခံခဲ့ရပြီး သေဆုံးသူ၏ အလောင်းကို လည်း ပြန်မပေးခဲ့ဟု မိသားစုဝင်များက ပြောသည်။
“ပြီးတော့ ဟိုရက်တွေတုန်းကလို နေ့တိုင်းညတိုင်းလိုလို မြည်နေ တာဆိုတော့ ဘယ်အချိန်မှာ ဘယ်နေရာမှာ ကျလာမလဲ မသိဘူး။ ရွာထဲမှာလည်း အမြှောက်ဆံတွေ ကျနေတာ တွေ့ရတယ်။ သေတဲ့သူတွေလည်းရှိပြီ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိပြီ။ နေအိမ်ထိတဲ့သူတွေလည်းရှိပြီ လက်နက်ကြီးကျည် မပေါက်ကွဲသေး တာလဲရှိတယ်။ ဘယ်တစ်ခါက ကိုယ့်အလှည့်ကျမလဲ ကိုယ့်ရွာအလှည့် ကျလာမလဲ ဆိုတာကို စိုးရိမ်တယ်။ စား မဝင် အိပ်မပျော်ဖြစ်နေတာတော့ အားလုံးမှာ ဖြစ်နေတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြော သည်။
ခလရ ၅၈ တပ်ရင်းက ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း RoE အရ မိမိကိုယ်ကို ခုခံပိုင်ခွင့်နှင့်အညီ ပြန်လည်တုန့်ပြန် ပစ်ခတ်သွားမည်ဖြစ်ကြောင်း မကြေညာခင်ကတည်းက အထက်ပါဖြစ်စဉ်များ ကျူးလွန်ခံနေကြရခြင်း ဖြစ်ရာ ယခုခါ ပိုမိုထိတ်လန့် စိုးရိမ်နေကြပြီး ကျေးရွာများကိုပါ စွန့်ခွာထွက်ပြေးသည့် အဆင့်ဖြစ်လာရသည်ဟု အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
“လတ်တလောက ဒီဖြစ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ ကြောက်ရွံ့မှုကတော့ အရမ်းမြင့်မားတယ်လို့မြင်ရတယ်။ ကျနော်တို့ကိုယ်တိုင် အရမ်းစိုးရိမ်တယ်။ ဒါပေမယ့် စိုးရိမ်ရင်လည်း ကိုယ့်ရဲ့အိုးအိမ်ကို ပစ်သွားဖို့ ကလည်း ခက်တာကြောင့် နေနေရတာဖြစ်တယ်။”
ဩဂုတ်လ ၉ ရက်နေ့ ည ၁၂ နာရီအချိန်ကလည်း ဝိုင်းမော်မြို့ရှိ ဘူးဂါးလျှစ်စစ်ရုံးဝန်းအတွင်း ဝင်ရောက်စစ် ဆေးခဲ့ပြီးနောက် ဝန်ထမ်း ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIA တို့အကြား ကချင်ပြည် နယ် အတွင်းရှိ မြို့နယ်များတွင်သာမက ရှမ်းမြောက်ဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့နယ်အချို့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
ဓါတ်ပုံ – The Kachin Net
*** ZAWGYI ***
လက္တုန႔္ျပန္မည့္ စစ္ေကာင္စီ ေၾကညာခ်က္ေၾကာင့္ ျပည္သူမ်ား စိုးရိမ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၄ ရက္။
ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီက “ေသာင္းက်န္းသူမ်ားအား” ျပန္လည္တုန႔္ျပန္မည္ ျဖစ္ေၾကာင္း လိုက္လံေၾကညာေနသျဖင့္ ေဒသခံမ်ားက စိုးရိမ္ကာ ေက်း႐ြာမ်ားမွ စြန႔္ခြာ ထြက္ေျပးေနၾက သည္ဟု ေဒသခံမ်ားႏွင့္ ရပ္မိရပ္ဖမ်ားက ေျပာသည္။
“ခလရ ၅၈ တပ္ရင္းအား ဇူလိုင္လ ၂၉ ရက္ေန႔မွ ဩဂုတ္လ ၁၄ ရက္ေန႔အတြင္း အၾကမ္းဖက္ ေသာင္းက်န္းသူ မ်ားသည္ ေက်း႐ြာအတြင္းရွိ လူေနအိမ္မ်ား၊ လမ္းႀကိဳလမ္းၾကားမ်ားမွ လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ အႀကိမ္ႀကိမ္ လာေရာက္ပစ္ခတ္ တိုက္ခိုက္မႈမ်ား ျပဳလုပ္လ်က္ ရွိေသာေၾကာင့္ ထိေတြ႕တိုက္ခိုက္မႈ စည္းမ်ဥ္း RoE အရ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအား မိမိကိုယ္ကို ခုခံပိုင္ခြင့္ႏွင့္အညီ ျပန္လည္တုံ႔ျပန္ ပစ္ခတ္သြား မည္ ျဖစ္သျဖင့္ ပစ္ခတ္တိုက္ခိုက္မႈမ်ားျဖစ္ပြားခ်ိန္တြင္ မိဘျပည္သူမ်ားအေနျဖင့္ ေဘးကင္းလုံၿခဳံေသာ ေန ရာမ်ားတြင္သာ ေနထိုင္ၾကပါရန္” လိုက္လံေၾကညာခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
ဩဂုတ္လ ၁၄ ရက္ေန႔၊ နံနက္ပိုင္း ၁၁ နာရီအခ်ိန္ခန႔္က ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ရွိ ေက်း႐ြာမ်ားအတြင္း တြင္ ဝိုင္းေမာ္အေျခစိုက္ ခလရ ၅၈ တပ္ရင္းက လိုက္လံေၾကညာခဲ့ျခင္း ျဖစ္သည္ဟု ေျပာသည္။
ထိုသို႔ စစ္ေကာင္စီတပ္က ေၾကညာၿပီးေနာက္ အနီးတဝိုက္ရွိ ေက်း႐ြာမ်ားျဖစ္ၾကသည့္ မဒိန္၊ ခကြမ္၊ လဘန္ ႏွင့္ တန္ေဘာင္ ေက်း႐ြာမ်ားရွိ ေဒသခံျပည္သူမ်ား ေၾကာက္လန႔္ကာ နီးစပ္ရာ ဝိုင္းေမာ္ၿမိဳ႕ ႏွင့္ ျမစ္ႀကီးနားၿမိဳ႕သို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကသည္ဟု ရပ္မိရပ္ဖတစ္ဦး က ေျပာသည္။
“တခ်ိဳ႕ေတြေတာ့ ထြက္ေျပးၾကတယ္ဗ်။ မဒိန္႐ြာကလည္း အမ်ားႀကီးေျပးတယ္၊ ခကြမ္႐ြာကလည္း ေျပးၾက တယ္။ လဘန္႐ြာကလည္း အမ်ားႀကီးပဲ သြားသြားလာလာနဲ႔ ေတြ႕ေနရတယ္ဗ်။ ဒီကလူေတြ ထြက္ေျပးတာက က်ေနာ္တို႔ ဒီဝိုင္းေမာ္ၿမိဳ႕နားတဝိုက္ေပါ့ေနာ္ ၿမိဳ႕ေပၚရပ္ကြက္ေပါ့၊ က်ေနာ္တို႔ ဒီႏွစ္ျခင္းဘုရား ေက်ာင္းဇုံနယ္႐ုံး တို႔၊ အသင္းေတာ္တို႔၊ နီးစပ္ရာ ေဆြမ်ိဳးတို႔ဆီနဲ႔ ဒီျမစ္ႀကီးနားၿမိဳ႕ကို ထြက္ေျပးတဲ့သူေတြလည္းရွိတယ္” ဟု ဝိုင္း ေမာ္ၿမိဳ႕က ရပ္မိရပ္ဖတစ္ဦးက ေျပာသည္။
ဇူလိုင္လကုန္ပိုင္းတြင္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ ေကအိုင္ေအက ဝိုင္းေမာ္ၿမိဳ႕နယ္ရွိ ခလရ ၅၈ တပ္ရင္းကို လာေရာက္ပစ္ခတ္ခဲ့သည္။ ထို႔ေနာက္ ညစဥ္လိုလိုပင္ ခလရ ၅၈ တပ္ရင္းမွ လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ ရမ္းသမ္းပစ္ခတ္ခဲ့ၿပီး အနီးအနား ေက်း႐ြာမ်ားအတြင္း ရွိ ေနအိမ္မ်ား ပ်က္စီးၿပီး၊ အိမ္ေမြးတိရိစာၦန္မ်ား ထိမွန္ေသဆုံးမႈမ်ား ျဖစ္ေပၚခဲ့သည္။
ထို႔အျပင္ ဩဂုတ္လ ၁၃ ရက္ေန႔ ယမန္ေန႔ကလည္း ဝူယန္ေက်း႐ြာက ေစ်းသည္အမ်ိဳးသမီးတစ္ဦးကို ဝိုင္းေမာ္ ၿမိဳ႕က ေစ်းဝယ္ၿပီးအျပန္ ခလရ ၅၈ တပ္ရင္းေရွ႕အေရာက္မွာ ပစ္သတ္ခံခဲ့ရၿပီး ေသဆုံးသူ၏ အေလာင္းကို လည္း ျပန္မေပးခဲ့ဟု မိသားစုဝင္မ်ားက ေျပာသည္။
“ၿပီးေတာ့ ဟိုရက္ေတြတုန္းကလို ေန႔တိုင္းညတိုင္းလိုလို ျမည္ေန တာဆိုေတာ့ ဘယ္အခ်ိန္မွာ ဘယ္ေနရာမွာ က်လာမလဲ မသိဘူး။ ႐ြာထဲမွာလည္း အေျမႇာက္ဆံေတြ က်ေနတာ ေတြ႕ရတယ္။ ေသတဲ့သူေတြလည္းရွိၿပီ။ ထိခိုက္ဒဏ္ရာရတဲ့သူေတြလည္းရွိၿပီ။ ေနအိမ္ထိတဲ့သူေတြလည္းရွိၿပီ လက္နက္ႀကီးက်ည္ မေပါက္ကြဲေသး တာလဲရွိတယ္။ ဘယ္တစ္ခါက ကိုယ့္အလွည့္က်မလဲ ကိုယ့္႐ြာအလွည့္ က်လာမလဲ ဆိုတာကို စိုးရိမ္တယ္။ စား မဝင္ အိပ္မေပ်ာ္ျဖစ္ေနတာေတာ့ အားလုံးမွာ ျဖစ္ေနတယ္” ဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာ သည္။
ခလရ ၅၈ တပ္ရင္းက ထိေတြ႕တိုက္ခိုက္မႈ စည္းမ်ဥ္း RoE အရ မိမိကိုယ္ကို ခုခံပိုင္ခြင့္ႏွင့္အညီ ျပန္လည္တုန႔္ျပန္ ပစ္ခတ္သြားမည္ျဖစ္ေၾကာင္း မေၾကညာခင္ကတည္းက အထက္ပါျဖစ္စဥ္မ်ား က်ဴးလြန္ခံေနၾကရျခင္း ျဖစ္ရာ ယခုခါ ပိုမိုထိတ္လန႔္ စိုးရိမ္ေနၾကၿပီး ေက်း႐ြာမ်ားကိုပါ စြန႔္ခြာထြက္ေျပးသည့္ အဆင့္ျဖစ္လာရသည္ဟု အမည္ မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာသည္။
“လတ္တေလာက ဒီျဖစ္ရပ္ေတြေၾကာင့္ ျပည္သူေတြရဲ႕ ေၾကာက္႐ြံ႕မႈကေတာ့ အရမ္းျမင့္မားတယ္လို႔ျမင္ ရ တယ္။ က်ေနာ္တို႔ကိုယ္တိုင္ အရမ္းစိုးရိမ္တယ္။ ဒါေပမယ့္ စိုးရိမ္ရင္လည္း ကိုယ့္ရဲ႕အိုးအိမ္ကို ပစ္သြားဖို႔ က လည္း ခက္တာေၾကာင့္ ေနေနရတာျဖစ္တယ္။”
ဩဂုတ္လ ၉ ရက္ေန႔ ည ၁၂ နာရီအခ်ိန္ကလည္း ဝိုင္းေမာ္ၿမိဳ႕ရွိ ဘူးဂါးလွ်စ္စစ္႐ုံးဝန္းအတြင္း ဝင္ေရာက္စစ္ ေဆးခဲ့ၿပီးေနာက္ ဝန္ထမ္း ၆ ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တြင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု သိရသည္။
ေဖေဖာ္ဝါရီ ၁ ရက္ အာဏာသိမ္းၿပီးေနာက္ပိုင္းတြင္ စစ္ေကာင္စီတပ္ႏွင့္ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIA တို႔အၾကား ကခ်င္ျပည္ နယ္ အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္သာမက ရွမ္းေျမာက္ေဒသႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးထဲက ၿမိဳ႕နယ္အခ်ိဳ႕အထိ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနသည္။
ဓါတ္ပုံ – The Kachin Net