နှုတ်ထွက်ထားသည်ဆိုသော အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်။
ပုလောြမို့နယ် အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး နေအိမ်တွင် သေနတ်ဖြင့် ပစ်ခံခဲ့ရပြီး ဒဏ်ရာ ရရှိခဲ့သည်။
တင်္နသာရီတိုင်းဒေသကြီးအတွင်းရှိ ပုလောမြို့နယ် လက္ကူးကျေးရွာက အုပ်ချုပ်ရေးမှူး ဦးသက်နိုင် နေအိမ်တွင် ရှိနေစဉ် ဩဂုတ်လ ၁၄ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်ခန့်တွင် လူတစုက လက်လုပ်သေနတ်ဖြင့် နှစ်ချက် ဝင် ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ညက သေနတ်သံနှစ်ချက်ကြားတယ်၊ တူးမီးသေနတ်ထင်တယ်၊ အသံက ကျယ်တယ်၊ သားဖွားဆရာမ အရေး ပေါ်ကား လှမ်းအကူညီတောင်းပေးတာ မကြာဘူး လူနာတင်ကားလည်း ရောက်လာတယ်”ဟု လက္ကူးရွာ ဒေသ ခံ တစ်ဦးက ရှင်းပြသည်။
သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှုးသက်နိုင်တွင် လည်ပင်းတွင် ခဲကျည် ၂ချက်၊ ပခုံးတွင် ခဲကျည် ၄ချက်နှင့် နောက်ကျောတွင် ကျည် ၂ ချက် ထိမှန်ခဲ့ပြီး လက်ရှိတွင် အသက်အန္တရာယ် မစိုးရိမ်ရပဲ စကားပြော နိုင်ပြီဟု ပုလောမြို့ပြည်သူ့ဆေးရုံကြီးက တာဝန်ကျ ဆရာဝန်တစ်ဦး က ပြောသည်။
အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို မသိရှိရသေးပေ။
သေနတ်ဖြင့် အပစ်ခံရသူ ဦးသက်နိုင်သည် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ် ကောင်စီ က ခန့်ထားသည့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ကျေးရွာနှင့် ဒေသတွင်း သတင်းများကို စစ်ကောင်စီအား သတင်းပေးနေသူ ဖြစ်သည်ဟု လက္ကူးရွာသားတစ်ဦး ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၅ရက်နေ့ နံနက်၂ နာရီခွဲ အချိန်ခန့်ကလည်း အဆိုပါနေအိမ်မှာပင် ပထမအကြိမ် လက်လုပ် ဗုံး တစ်လုံး ကွဲခဲ့သေးသည်။ ထိုဗုံးကွဲမှုတွင် ၎င်း၏ နေအိမ်ရှေ့ ဝရန်တာနှင့် အိမ်ရှေ့ခန်းတွင် အနည်းငယ်သာ ပျက်စီး ခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေ။
ပထမအကြိမ် နေအိမ်ဗုံးပေါက်ခဲ့ပြီးသည့်နောက် အုပ်ချုပ်ရေးမှူးဦးသက်နိုင်သည် လက္ကူးရွာအုပ်ချုပ်ရေးမှူး အဖြစ်မှ နှုတ်ထွက်စာတင်ပြီးကြောင်း ရွာသားများအား ပြောဆိုခဲ့သော်လည်း ယခုအချိန်ထိ ထိုနေရာတွင် တာဝန်ယူထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်နှင့် အပေးအယူမျှနေဆဲ ဖြစ်သည်ဟု လက္ကူးရွာသားများက ပြော သည်။
*** ZAWGYI ***
ႏႈတ္ထြက္ထားသည္ဆိုေသာ အုပ္ခ်ဳပ္ေရးမႉး ေသနတ္ျဖင့္ ပစ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၆ ရက္။
ပုေလာၿမိဳ႕နယ္ အတြင္း ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး တစ္ဦး ေနအိမ္တြင္ ေသနတ္ျဖင့္ ပစ္ခံခဲ့ရၿပီး ဒဏ္ရာ ရရွိခဲ့သည္။
တနၤသာရီတိုင္းေဒသႀကီးအတြင္းရွိ ပုေလာၿမိဳ႕နယ္ လကၠဴးေက်း႐ြာက အုပ္ခ်ဳပ္ေရးမႉး ဦးသက္ႏိုင္ ေနအိမ္တြင္ ရွိေနစဥ္ ဩဂုတ္လ ၁၄ရက္ေန႔ ည ၁၀ နာရီ ဝန္းက်င္ခန႔္တြင္ လူတစုက လက္လုပ္ေသနတ္ျဖင့္ ႏွစ္ခ်က္ ဝင္ ေရာက္ပစ္ခတ္ခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
“ညက ေသနတ္သံႏွစ္ခ်က္ၾကားတယ္၊ တူးမီးေသနတ္ထင္တယ္၊ အသံက က်ယ္တယ္၊ သားဖြားဆရာမ အေရး ေပၚကား လွမ္းအကူညီေတာင္းေပးတာ မၾကာဘူး လူနာတင္ကားလည္း ေရာက္လာတယ္”ဟု လကၠဴး႐ြာ ေဒသ ခံ တစ္ဦးက ရွင္းျပသည္။
ေသနတ္ျဖင့္ပစ္ခတ္မႈေၾကာင့္ အုပ္ခ်ဳပ္ေရးမႈးသက္ႏိုင္တြင္ လည္ပင္းတြင္ ခဲက်ည္ ၂ခ်က္၊ ပခုံးတြင္ ခဲက်ည္ ၄ခ်က္ႏွင့္ ေနာက္ေက်ာတြင္ က်ည္ ၂ ခ်က္ ထိမွန္ခဲ့ၿပီး လက္ရွိတြင္ အသက္အႏၲရာယ္ မစိုးရိမ္ရပဲ စကားေျပာ ႏိုင္ၿပီဟု ပုေလာၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးက တာဝန္က် ဆရာဝန္တစ္ဦး က ေျပာသည္။
အဆိုပါ ပစ္ခတ္မႈကို မည္သည့္အဖြဲ႕အစည္းက ျပဳလုပ္သည္ကို မသိရွိရေသးေပ။
ေသနတ္ျဖင့္ အပစ္ခံရသူ ဦးသက္ႏိုင္သည္ ၂၀၂၁ ေဖေဖၚဝါရီ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ ေကာင္စီ က ခန႔္ထားသည့္ အုပ္ခ်ဳပ္ေရးမႉးျဖစ္ၿပီး ေက်း႐ြာႏွင့္ ေဒသတြင္း သတင္းမ်ားကို စစ္ေကာင္စီအား သတင္းေပးေနသူ ျဖစ္သည္ဟု လကၠဴး႐ြာသားတစ္ဦး ေျပာသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ ၅ရက္ေန႔ နံနက္၂ နာရီခြဲ အခ်ိန္ခန႔္ကလည္း အဆိုပါေနအိမ္မွာပင္ ပထမအႀကိမ္ လက္လုပ္ ဗုံး တစ္လုံး ကြဲခဲ့ေသးသည္။ ထိုဗုံးကြဲမႈတြင္ ၎၏ ေနအိမ္ေရွ႕ ဝရန္တာႏွင့္ အိမ္ေရွ႕ခန္းတြင္ အနည္းငယ္သာ ပ်က္စီး ခဲ့ၿပီး လူထိခိုက္ဒဏ္ရာရမႈ မရွိခဲ့ေပ။
ပထမအႀကိမ္ ေနအိမ္ဗုံးေပါက္ခဲ့ၿပီးသည့္ေနာက္ အုပ္ခ်ဳပ္ေရးမႉးဦးသက္ႏိုင္သည္ လကၠဴး႐ြာအုပ္ခ်ဳပ္ေရးမႉး အျဖစ္မွ ႏႈတ္ထြက္စာတင္ၿပီးေၾကာင္း ႐ြာသားမ်ားအား ေျပာဆိုခဲ့ေသာ္လည္း ယခုအခ်ိန္ထိ ထိုေနရာတြင္ တာဝန္ယူထားဆဲျဖစ္ၿပီး စစ္ေကာင္စီတပ္ႏွင့္ အေပးအယူမွ်ေနဆဲ ျဖစ္သည္ဟု လကၠဴး႐ြာသားမ်ားက ေျပာ သည္။