ကံမတွင် ရုတ်တရက်ပိတ်ဆို့မှုကြောင့် ပြည်သူများ အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် ကိုဗစ်-၁၉ ကာလ တားဆီးအမိန့်များချမှတ်လိုက်သော်လည်း အကူအညီပေးမှု မရှိသောကြောင့် ပြည်သူများ စားဝတ်နေရေး အခက်အခဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
နေအိမ်တွင် နေထိုင်ရန် Stay at Home ကြေငြာထားသည့် မြို့မဟုတ်သော်လည်း ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုများကြောင့် ကျေးရွာ ၆ ရွာနှင့် ရပ်ကွက်၂ ခု ကို ရုတ်တရက် ပိတ်ဆို့လိုက်သဖြင့် ယခုလိုအခက်အခဲ ကြုံရကြောင်း ဒေသခံ ပရဟိတသမား လူငယ်တစ်ဦး က ပြောသည်။
”လော့ဒေါင်းချရင် စားဝတ်နေရေး စီစဉ်ပေးရမယ်။ သူတို့မပေးနိုင်တောင် ပေးနိုင်သူတွေနဲ့ ချိတ်ဆက်ပေးသင့် တယ်။ အခုတော့ဆိုးဆိုးဝါးဝါးငတ်တဲ့သူတွေရှိလာပြီ” ဟု ပြောသည်။
ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကြောင့် မိသားစုလိုက် ကွာရန်တင်းဝင်ကြရပြီး နေအိမ်များတွင် ကွာရန်တင်းဝင်ရသူများ အတွက် ဒေသအတွင်းရှိ ပရဟိတအသင်းများအနေဖြင့် အကူအညီ အချို့ပေးနိုင်သော်လည်း အိမ်တိုင်းအား မပေးနိုင်ဟု ပရဟိတအသင်း တာဝန်ရှိသူများက ပြောသည်။
အထူးသဖြင့် ဝင်ငွေနိမ့် ဆင်းရဲသည့် အပိုင်းက လက်လုပ်လက်စားများ အလုပ်အကိုင် ရပ်တန့်သွားသည့်အတွက် ဆိုးဆိုးရွားရွား အခြေအနေမျိုး ဖြစ်လာရခြင်းဖြစ်သည် ဟု ဆိုကြသည်။
”အနံပျောက်တယ်လို့ပြောလိုက်ရင် နေစရာပါ ပျောက်သွားတယ်။ ဖျားနေပြီလို့ ပြောလိုက်ရင် စားစရာပါ ပျောက်သွားတယ်” ဟု ကံမမြို့ လူငယ်တစ်ဦး က ပြောသည်။
မကွေးတိုင်း၊ သရက်ခရိုင်ထဲတွင် ကံမမြို့သည် ကိုဗစ်-၁၉ အတည်ပြုလူနာအနည်းဆုံးနှင့် သေဆုံးနှုန်း အနည်းဆုံး ရှိနေသော်လည်း နေ့စဉ်ပိုးတွေ့မှုများရှိနေသည်ဟု အုပ်ချုပ်ရေးပိုင်းနှင့် ပတ်သက်သူ တစ်ဦး က ပြောသည်။
”ပိုးကထိတွေ့မှု့မရှိရင် ရပ်သွားမှာ ကျန်တာ တော့ဖြေရှင်းနေတာဘဲ” ဟု ၎င်း က ပြောသည်။
“ပြည်သူကပြည်သူသို့” ဆိုကာတတ်နိုင်သည့် လူငယ်များစုပြီး အလှူအချို့ လုပ်နေသော်လည်း ခက်ခဲနေသူက ပို များနေပြီး၊ အချို့မှာလည်း လိုအပ်ချက်နှင့်မကိုက်ညီသည့်အတွက် သိပ်အရာမထင်ဟု ဒေသခံအချို့ က ဆိုသည်။
သြဂုတ်လ ၁၄ ရက်နေ့ အထိ ကံမမြို့တွင် အတည်ပြုလူနာ ၄၁၀ ဦး၊ သက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းသူ ၃၇၂ ဦး၊ သေဆုံးသူ ကျား ၁ ဦး၊ မ ၄ ဦး စုစုပေါင်း ၅ ဦး ရှိသည်ဟု သက်ဆိုင်ရာ သတင်းထုတ်ပြန် ထားသည်။
ကံမမြို့မှာ လူဝင်မှုနှင့်ပြည်သူ့အင်အားကြီးကြပ်ရေးဌာန၏ စာရင်းအရလူဦးရေ ၇သောင်းခွဲခန့် ရှိသည်။
*** ZAWGYI ***
ကံမတြင္ ႐ုတ္တရက္ပိတ္ဆို႔မႈေၾကာင့္ ျပည္သူမ်ား အခက္ႀကဳံ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၆ ရက္။
မေကြးတိုင္းေဒသႀကီး၊ သရက္ခ႐ိုင္၊ ကံမၿမိဳ႕တြင္ ကိုဗစ္-၁၉ ကာလ တားဆီးအမိန္႔မ်ားခ်မွတ္လိုက္ေသာ္လည္း အကူအညီေပးမႈ မရွိေသာေၾကာင့္ ျပည္သူမ်ား စားဝတ္ေနေရး အခက္အခဲျဖစ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
ေနအိမ္တြင္ ေနထိုင္ရန္ Stay at Home ေၾကျငာထားသည့္ ၿမိဳ႕မဟုတ္ေသာ္လည္း ကိုဗစ္-၁၉ ပိုးေတြ႕ရွိမႈမ်ားေၾကာင့္ ေက်း႐ြာ ၆ ႐ြာႏွင့္ ရပ္ကြက္၂ ခု ကို ႐ုတ္တရက္ ပိတ္ဆို႔လိုက္သျဖင့္ ယခုလိုအခက္အခဲ ႀကဳံရေၾကာင္း ေဒသခံ ပရဟိတသမား လူငယ္တစ္ဦး က ေျပာသည္။
”ေလာ့ေဒါင္းခ်ရင္ စားဝတ္ေနေရး စီစဥ္ေပးရမယ္။ သူတို႔မေပးႏိုင္ေတာင္ ေပးႏိုင္သူေတြနဲ႔ ခ်ိတ္ဆက္ေပးသင့္ တယ္။ အခုေတာ့ဆိုးဆိုးဝါးဝါးငတ္တဲ့သူေတြရွိလာၿပီ” ဟု ေျပာသည္။
ကိုဗစ္-၁၉ ပိုးေတြ႕ရွိမႈေၾကာင့္ မိသားစုလိုက္ ကြာရန္တင္းဝင္ၾကရၿပီး ေနအိမ္မ်ားတြင္ ကြာရန္တင္းဝင္ရသူမ်ား အတြက္ ေဒသအတြင္းရွိ ပရဟိတအသင္းမ်ားအေနျဖင့္ အကူအညီ အခ်ိဳ႕ေပးႏိုင္ေသာ္လည္း အိမ္တိုင္းအား မေပးႏိုင္ဟု ပရဟိတအသင္း တာဝန္ရွိသူမ်ားက ေျပာသည္။
အထူးသျဖင့္ ဝင္ေငြနိမ့္ ဆင္းရဲသည့္ အပိုင္းက လက္လုပ္လက္စားမ်ား အလုပ္အကိုင္ ရပ္တန႔္သြားသည့္အတြက္ ဆိုးဆိုး႐ြား႐ြား အေျခအေနမ်ိဳး ျဖစ္လာရျခင္းျဖစ္သည္ ဟု ဆိုၾကသည္။
”အနံေပ်ာက္တယ္လို႔ေျပာလိုက္ရင္ ေနစရာပါ ေပ်ာက္သြားတယ္။ ဖ်ားေနၿပီလို႔ ေျပာလိုက္ရင္ စားစရာပါ ေပ်ာက္သြားတယ္” ဟု ကံမၿမိဳ႕ လူငယ္တစ္ဦး က ေျပာသည္။
မေကြးတိုင္း၊ သရက္ခ႐ိုင္ထဲတြင္ ကံမၿမိဳ႕သည္ ကိုဗစ္-၁၉ အတည္ျပဳလူနာအနည္းဆုံးႏွင့္ ေသဆုံးႏႈန္း အနည္းဆုံး ရွိေနေသာ္လည္း ေန႔စဥ္ပိုးေတြ႕မႈမ်ားရွိေနသည္ဟု အုပ္ခ်ဳပ္ေရးပိုင္းႏွင့္ ပတ္သက္သူ တစ္ဦး က ေျပာသည္။
”ပိုးကထိေတြ႕မႈ႕မရွိရင္ ရပ္သြားမွာ က်န္တာ ေတာ့ေျဖရွင္းေနတာဘဲ” ဟု ၎ က ေျပာသည္။
“ျပည္သူကျပည္သူသို႔” ဆိုကာတတ္ႏိုင္သည့္ လူငယ္မ်ားစုၿပီး အလႉအခ်ိဳ႕ လုပ္ေနေသာ္လည္း ခက္ခဲေနသူက ပို မ်ားေနၿပီး၊ အခ်ိဳ႕မွာလည္း လိုအပ္ခ်က္ႏွင့္မကိုက္ညီသည့္အတြက္ သိပ္အရာမထင္ဟု ေဒသခံအခ်ိဳ႕ က ဆိုသည္။
ၾသဂုတ္လ ၁၄ ရက္ေန႔ အထိ ကံမၿမိဳ႕တြင္ အတည္ျပဳလူနာ ၄၁၀ ဦး၊ သက္သာေပ်ာက္ကင္း၍ ေဆး႐ုံမွဆင္းသူ ၃၇၂ ဦး၊ ေသဆုံးသူ က်ား ၁ ဦး၊ မ ၄ ဦး စုစုေပါင္း ၅ ဦး ရွိသည္ဟု သက္ဆိုင္ရာ သတင္းထုတ္ျပန္ ထားသည္။
ကံမၿမိဳ႕မွာ လူဝင္မႈႏွင့္ျပည္သူ႔အင္အားႀကီးၾကပ္ေရးဌာန၏ စာရင္းအရလူဦးေရ ၇ေသာင္းခြဲခန႔္ ရွိသည္။