မီးသတ်တပ်ဖွဲ့ဝင်များအား စစ်သားများက ဝိုင်းဝန်းထိုးကြိတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်။
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် မီးသတ်တပ်ဖွဲ့ဝင်များကို စစ်သားများက ဝိုင်းဝန်းထိုးကြိတ်ခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
မြို့နယ်မီးသတ်ဦးစီးမှူး ကို စစ်တပ်ကအရာရှိတစ်ဦး နှင့် တပ်သား ၃ ဦး က သြဂုတ် ၁၅ ရက်နေ့ ညဦးပိုင်းက ဝိုင်းဝန်းထိုးကြိတ်ပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခဲ့ရာ မီးသတ်ဦးစီးမှူးလည်း ရိုက်နှက်ခံရသည်ဟု မီးသတ်တပ်ဖွဲ့ဝင် အချို့က ပြောသည်။
လက္ဘက်ရည်ဆိုင်တွင် ထိုင်နေသည့် မီးသတ်ဦးစီးမှူး နှာခေါင်းစည်း (mask) မတတ်သည့်ကိစ္စကို စစ်ဗိုလ်က ပြောရင်း အချင်းများ ကြကာ အော်ဟစ်ကြပြီး လူစုခွဲခဲ့ကြပြီးနောက် ဦးစီးမှူးဖြစ်သူ မီးသတ်တပ်ဖွဲ့စခန်းသို့ ပြန်ရောက်ချိန်တွင် စစ်သားများက ဆိုင်ကယ် ၄ စီးနှင့် လိုက်လာပြီး ထိုးကြိတ်ခြင်းဖြစ်သည်။
”သေနတ် သုံး၊ လေးချက်လောက် ဖောက်ပြီး အနားမကပ်နဲ့ သေသွားမယ်ဆိုပြီးပြောတယ်။ ဦးစီးကို ဝိုင်းထိုး တာ မျက်နှာ တစ်ခုလုံးရစရာမရှိဘူး” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦး က ပြောသည်။
ယခင်က မင်းတုန်းမြို့တွင် အထိုင် စစ်တပ်မရှိဘဲ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာ သိမ်းပြီး ချိန်က စတင်၍ သရက်မြို့ ကပစ ၁၂ က ဗိုလ်မှူးဦးစီး တပ်ခွဲတစ်ခွဲ ရောက်ရှိလာကာ တပ်စွဲထားခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
”သေနတ်ကတော့ ညတိုင်းနီးပါးဖောက်တယ်။ ကျနော်တို့မြို့က စစ်တပ်၊ ဗလီ၊ မီဒီယာသမား မရှိတဲ့ မြို့ ဖြစ် တယ်” ဟု မြို့ခံတစ်ဦး က ပြောသည်။
စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးမှ အရပ်သားပြည်သူတင်မကဘဲ နိုင်ငံဝန်ထမ်း အချင်းချင်း ဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာများ အပေါ် ဗိုလ်ကျစိုးမိုးလွန်းအားကြီးသည်ဟုလည်း မင်းတုန်းမြို့က နိုင်ငံရေးသမားတစ်ဦး က မှတ်ချက်ပြု ပြောဆိုသည်။
”သေနတ်က အလုံးစုံ ပြီးပြည့်စုံတယ် ထင်နေကြတာ” ဟု ၎င်းက ပြောသည်။
မင်းတုန်းမြို့သည် သရက်ခရိုင်အတွင်းက မြို့တစ်မြို့ဖြစ်ပြီး အနောက်ရိုးမတောင်ခြေတွင် ရှိသည့် မြို့တစ်မြို့ ဖြစ်ကာ တောင်မြောက် တန်းတန်းဖောက်ထားသည့် ပုသိမ်-မုံရွာ ကားလမ်းမကြီး၏ အနောက်ဘက် ၅ မိုင်ခန့် ဝင်ရသည့် မြို့ဖြစ်သည်။
မြို့တွင်း နေထိုင်သူ လူဦးရေမှာ ၈ သောင်းနီးပါး ရှိသည်။
*** ZAWGYI ***
မီးသတ္တပ္ဖြဲ႕ဝင္မ်ားအား စစ္သားမ်ားက ဝိုင္းဝန္းထိုးႀကိတ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၇ ရက္။
မေကြးတိုင္းေဒသႀကီး၊ မင္းတုန္းၿမိဳ႕တြင္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားကို စစ္သားမ်ားက ဝိုင္းဝန္းထိုးႀကိတ္ခဲ့သည္ဟု မီးသတ္တပ္ဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။
ၿမိဳ႕နယ္မီးသတ္ဦးစီးမႉး ကို စစ္တပ္ကအရာရွိတစ္ဦး ႏွင့္ တပ္သား ၃ ဦး က ၾသဂုတ္ ၁၅ ရက္ေန႔ ညဦးပိုင္းက ဝိုင္းဝန္းထိုးႀကိတ္ၿပီး ေသနတ္ပစ္ေဖာက္ၿခိမ္းေျခာက္ခဲ့ရာ မီးသတ္ဦးစီးမႉးလည္း ႐ိုက္ႏွက္ခံရသည္ဟု မီးသတ္တပ္ဖြဲ႕ဝင္ အခ်ိဳ႕က ေျပာသည္။
လကၻက္ရည္ဆိုင္တြင္ ထိုင္ေနသည့္ မီးသတ္ဦးစီးမႉး ႏွာေခါင္းစည္း (mask) မတတ္သည့္ကိစၥကို စစ္ဗိုလ္က ေျပာရင္း အခ်င္းမ်ား ၾကကာ ေအာ္ဟစ္ၾကၿပီး လူစုခြဲခဲ့ၾကၿပီးေနာက္ ဦးစီးမႉးျဖစ္သူ မီးသတ္တပ္ဖြဲ႕စခန္းသို႔ ျပန္ေရာက္ခ်ိန္တြင္ စစ္သားမ်ားက ဆိုင္ကယ္ ၄ စီးႏွင့္ လိုက္လာၿပီး ထိုးႀကိတ္ျခင္းျဖစ္သည္။
”ေသနတ္ သုံး၊ ေလးခ်က္ေလာက္ ေဖာက္ၿပီး အနားမကပ္နဲ႔ ေသသြားမယ္ဆိုၿပီးေျပာတယ္။ ဦးစီးကို ဝိုင္းထိုး တာ မ်က္ႏွာ တစ္ခုလုံးရစရာမရွိဘူး” ဟု မ်က္ျမင္ေတြ႕ရွိသူ တစ္ဦး က ေျပာသည္။
ယခင္က မင္းတုန္းၿမိဳ႕တြင္ အထိုင္ စစ္တပ္မရွိဘဲ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္အာဏာ သိမ္းၿပီး ခ်ိန္က စတင္၍ သရက္ၿမိဳ႕ ကပစ ၁၂ က ဗိုလ္မႉးဦးစီး တပ္ခြဲတစ္ခြဲ ေရာက္ရွိလာကာ တပ္စြဲထားျခင္း ျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။
”ေသနတ္ကေတာ့ ညတိုင္းနီးပါးေဖာက္တယ္။ က်ေနာ္တို႔ၿမိဳ႕က စစ္တပ္၊ ဗလီ၊ မီဒီယာသမား မရွိတဲ့ ၿမိဳ႕ ျဖစ္ တယ္” ဟု ၿမိဳ႕ခံတစ္ဦး က ေျပာသည္။
စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းၿပီးမွ အရပ္သားျပည္သူတင္မကဘဲ ႏိုင္ငံဝန္ထမ္း အခ်င္းခ်င္း ျဖစ္သည့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အျခားဌာနဆိုင္ရာမ်ား အေပၚ ဗိုလ္က်စိုးမိုးလြန္းအားႀကီးသည္ ဟုလည္း မင္းတုန္းၿမိဳ႕က ႏိုင္ငံေရးသမားတစ္ဦး က မွတ္ခ်က္ျပဳ ေျပာဆိုသည္။
”ေသနတ္က အလုံးစုံ ၿပီးျပည့္စုံတယ္ ထင္ေနၾကတာ” ဟု ၎က ေျပာသည္။
မင္းတုန္းၿမိဳ႕သည္ သရက္ခ႐ိုင္အတြင္းက ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး အေနာက္႐ိုးမေတာင္ေျခတြင္ ရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ကာ ေတာင္ေျမာက္ တန္းတန္းေဖာက္ထားသည့္ ပုသိမ္-မုံ႐ြာ ကားလမ္းမႀကီး၏ အေနာက္ဘက္ ၅ မိုင္ခန႔္ ဝင္ရသည့္ ၿမိဳ႕ျဖစ္သည္။
ၿမိဳ႕တြင္း ေနထိုင္သူ လူဦးေရမွာ ၈ ေသာင္းနီးပါး ရွိသည္။