ဧရာဝတီတိုင်းအတွင်း အုပ်ချုပ်ရေးမှူးတစ်ဦးအား ကျည်ဆံတစ်တောင့်နှင့်အတူ ခြိမ်းခြောက်စာပို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။

ဧရာဝတီတိုင်း အတွင်းရှိကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးထံသို့ ဒေသခံ PDF က ကျည်ဆံတစ်တောင့် နှင့် သတိပေးစာတစ်စောင်ကို ပေးပို့ခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ က ပြောသည်။

သတိပေးစာကို သာပေါင်းမြို့နယ် ထန်းဇင်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စန်းအား ဒေသခံ PDF အဖွဲ့က ကျည်ဆံတစ်တောင့်နှင့် သတိပေးစာ ကို ယင်းရွာတွင် ပြေးဆွဲနေသည့် စက်လှေတစ်စီးဖြင့် ဩဂုတ်လ ၁၉ ရက်နေ့က ပေးပို့လိုက်ခြင်း ဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦး က ပြောသည်။

“ကာယကံရှင် အုပ်ကြီး(ကျည်ဆံပို့ခံရသူ)ကတော့ သက်ဆိုင်ရာကို သတင်းပို့တိုင် ကြားထားတယ်”

ယင်းအုပ်ချုပ်ရေးမှူးက သူနှင့် စစ်ကောင်စီ၏ မကောင်းကြောင်းပြောသူများကို တောင်းပန်ခိုင်းပြီး မတောင်းပန် ပါက စစ်တပ်ကိုတိုင်၍ ဖမ်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့အပြင် သာပေါင်း Oxygen စက်ရုံ တည်ဆောက်ရန် ပိုက်ဆံ အတင်းအဓမ္မ ထည့်ခိုင်းခြင်းများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် NLD ထောက်ခံသူများကိုလည်း အဖမ်းခံရမည်ဟု ခြိမ်းခြောက်သူ ဖြစ်ကြောင်း ထန်းဇင်လှ ကျေးရွာက ဒေသခံများ က ဆိုသည်။

ကျည်ဆံတစ်တောင့် နှင့် သတိပေးစာ ပေးပို့ခံရသူ ထန်းစင်လှ ကျေးရွာအုပ်ချုပ် မှူးဦးမြင့်စန်းအား ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။

သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်စန်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူး ရာထူး ရလာသူ ဖြစ်ပြီး စစ်တပ် နှင့် နီးကပ်သည့် ဆက်ဆံရေး ရှိသူဖြစ်ကြောင်း ဒေသခံများ က ပြောသည်။

*** ZAWGYI ***
ဧရာဝတီတိုင္းအတြင္း အုပ္ခ်ဳပ္ေရးမႉးတစ္ဦးအား က်ည္ဆံတစ္ေတာင့္ႏွင့္အတူ ၿခိမ္းေျခာက္စာပို႔

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၀ ရက္။

ဧရာဝတီတိုင္း အတြင္းရွိေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးတစ္ဦးထံသို႔ ေဒသခံ PDF က က်ည္ဆံတစ္ေတာင့္ ႏွင့္ သတိေပးစာတစ္ေစာင္ကို ေပးပို႔ခဲ့သည္ဟု ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕ တာဝန္ရွိသူမ်ား က ေျပာသည္။

သတိေပးစာကို သာေပါင္းၿမိဳ႕နယ္ ထန္းဇင္လွေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးျမင့္စန္းအား ေဒသခံ PDF အဖြဲ႕က က်ည္ဆံတစ္ေတာင့္ႏွင့္ သတိေပးစာ ကို ယင္း႐ြာတြင္ ေျပးဆြဲေနသည့္ စက္ေလွတစ္စီးျဖင့္ ဩဂုတ္လ ၁၉ ရက္ေန႔က ေပးပို႔လိုက္ျခင္း ျဖစ္သည္ဟု ေက်း႐ြာအုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ တစ္ဦး က ေျပာသည္။

“ကာယကံရွင္ အုပ္ႀကီး(က်ည္ဆံပို႔ခံရသူ)ကေတာ့ သက္ဆိုင္ရာကို သတင္းပို႔တိုင္ ၾကားထားတယ္”

ယင္းအုပ္ခ်ဳပ္ေရးမႉးက သူႏွင့္ စစ္ေကာင္စီ၏ မေကာင္းေၾကာင္းေျပာသူမ်ားကို ေတာင္းပန္ခိုင္းၿပီး မေတာင္းပန္ ပါက စစ္တပ္ကိုတိုင္၍ ဖမ္းမည္ဟု ၿခိမ္းေျခာက္ခဲ့ေၾကာင္း၊ ထို႔အျပင္ သာေပါင္း Oxygen စက္႐ုံ တည္ေဆာက္ရန္ ပိုက္ဆံ အတင္းအဓမၼ ထည့္ခိုင္းျခင္းမ်ားလည္း ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။

ထို႔အျပင္ NLD ေထာက္ခံသူမ်ားကိုလည္း အဖမ္းခံရမည္ဟု ၿခိမ္းေျခာက္သူ ျဖစ္ေၾကာင္း ထန္းဇင္လွ ေက်း႐ြာက ေဒသခံမ်ား က ဆိုသည္။

က်ည္ဆံတစ္ေတာင့္ ႏွင့္ သတိေပးစာ ေပးပို႔ခံရသူ ထန္းစင္လွ ေက်း႐ြာအုပ္ခ်ဳပ္ မႉးဦးျမင့္စန္းအား ဆက္သြယ္ ေမးျမန္းခဲ့ေသာ္လည္း ျပန္လည္ေျဖၾကားျခင္း မရွိပါ။

သာေပါင္းၿမိဳ႕နယ္၊ ထန္းဇင္လွေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္စန္းသည္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အုပ္ခ်ဳပ္ေရးမႉး ရာထူး ရလာသူ ျဖစ္ၿပီး စစ္တပ္ ႏွင့္ နီးကပ္သည့္ ဆက္ဆံေရး ရွိသူျဖစ္ေၾကာင္း ေဒသခံမ်ား က ေျပာသည္။