မြိတ်မြို့တွင် တစ်အိမ်လျှင် တစ်ဦးသာ အိမ်ပြင် ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အပြင်ထွက်ခွင့် လက်မှတ်ဖြင့်သာ သွားလာခွင့်ရမည်ဖြစ်ကြောင်း မြို့အတွင်း လိုက်လံကြေညာခဲ့သည်ဟု ဒေသခံများက ပြောသည်။
သက်ဆိုင်ရာမှ စစ်ဆေးပါက အကြောင်းပြချက်ခိုင်လုံစွာ ပြောနိုင်ရမည်ဖြစ်ပြီး ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်စည်းကမ်းချက်များအား မလိုက်နာပါက ထောင်ဒါဏ်တစ်နှစ် အရေးယူခံရမည်ဟု ဩဂုတ်လ ၁၉ ရက်နေ့က အသံချဲ့စက်တင်ကားဖြင့် လိုက်လံကြေညာနေသည်ဟု ပြောသည်။
သြဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့အထိ Stay at home အဖြစ်သတ်မှတ်မည်ဖြစ်ပြီး အပြင် ထွက်ခွင့်လက်မှတ်အား အိမ်ထောင်စု တစ်စုလျှင် တစ်စောင်သာထုတ်ပေးမည်ဖြစ်ပြီး လက်မှတ်ကို သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေး မှူးများ ထံတွင် ထုတ်ယူရမည်ဟု ဆိုသည်။
မြိတ်မြို့ Stay at home ကာလကို တစ်လသတ်မှတ်ထားပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့ကျလာသည့် အခြေအနေပေါ်မူတည်၍ ပြန်လည်လျှော့ပေါ့ ရုပ်သိမ်းပေးမည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး အမိန့်ဖြင့် ထုတ်ပြန်ကြေငြာ ခဲ့သည်။
မြို့ပေါ်ရှိ ဈေးများ၊ ဆေးဆိုင်များ ကဲ့သို့သော နေရာများတွင် လူစု၊ လူဝေး ဖြစ်နေဆဲဖြစ်၍ ယခုကဲ့သို့ သတ်မှတ် ခြင်းဖြစ်ကြောင်း သို့သော် ယခင် ဖွင့်ခွင့်ပြုထားသည့် ဈေးဆိုင်များအားလုံးကို ပုံမှန်အတိုင်း ဆက်ဖွင့်ခွင့်ပြုမည် ဖြစ်ကြောင်းကြေငြာချက်တွင်ပါ ရှိသည်။
ယခုကဲ့သို့ အချိန်နီးကပ်ပြီး အမိန့်ထုတ်ခြင်းထက် အခြေခံလူတန်းစားများအတွက် ကြိုတင်စီစဉ်မှုများ လုပ်ဆောင်သင့်ကြောင်း၊ ထို့အပြင် Stay at Home သတ်မှတ်ထုတ်ပြန်ခြင်းထက် နေ့စားအလုပ်သမားများ အခြေခံလူတန်းစားများအတွက် စဉ်းစားပြီး အခြားနည်းလမ်းများ ရွေးချယ်သင့်ကြောင်း မြို့သစ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦး က ပြောသည်။
အဆိုပါ အမိန့်ကြော်ငြာပြီး သြဂုတ် ၂၀ရက်နေ့တွင် မြိတ်မြို့ပေါ်၌ ဆန်ဆိုင်များ၊ စားသောက်ကုန်ရောင်းသည့် ကုန်စုံပစ္စည်းဆိုင်များ၊ ဆေးဆိုင်များတွင် ပြည်သူများစိုးရိမ်ထိတ်လန့်စွာ တိုးဝှေ့ဝယ်ယူလျက်ရှိနေပြီး၊ Wave Money, KBZ Pay စသည့်ငွေလွှဲသည့် နေရာများတွင်လည်း ငွေထုတ်မရသည့် အခက်အခဲများနှင့် ရင်ဆိုင် နေကြ ရသည်ဟု ဒေသခံများက ပြောသည်။
အပြင်ထွက်ခွင့် လက်မှတ်ကိုင်ဆောင်သူသည် ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များဖြစ်သည့် နှာခေါင်း စည်း တပ်ခြင်း၊ ခြောက်ပေအကွာမှ ဈေးဝယ်ခြင်း စသည်တို့ကို လိုက်နာရမည်ဖြစ်ပြီး အရေးပေါ် ကျန်းမာရေး ကိစ္စရပ် အတွက်မူ တစ်အိမ်လျှင် လူ ၂ ဦး ထွက်ခွင့်ရမည်ဟု ထုတ်ပြန်ထားသည်။
မြိတ်မြို့ပေါ်တွင် ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂ အုပ်စု ရှိသည်။ မြိတ်မြို့တွင်သာမက ထားဝယ်မြို့၊ ကော့သောင်းမြို့များတွင်လည်း သြဂုတ် ၂၁ ရက်နေ့မှ စတင်၍ Stay at home အစီအစဉ် တပြိုင်နက် ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့ တွင် Stay at home သတ်မှတ်သည့် ကိစ္စနှင့် ပတ်သက်၍ အကြောင်းစုံသိရှိနိုင်ရန် မြိတ်မြို့နယ် အုပ်ချုပ် ရေးမှူးထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
*** ZAWGYI ***
ၿမိတ္ၿမိဳ႕တြင္ တစ္အိမ္လွ်င္ တစ္ဦးသာ အိမ္ျပင္ ထြက္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ေၾကညာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၀ ရက္။
တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕တြင္ အျပင္ထြက္ခြင့္ လက္မွတ္ျဖင့္သာ သြားလာခြင့္ရမည္ျဖစ္ေၾကာင္း ၿမိဳ႕အတြင္း လိုက္လံေၾကညာခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
သက္ဆိုင္ရာမွ စစ္ေဆးပါက အေၾကာင္းျပခ်က္ခိုင္လုံစြာ ေျပာႏိုင္ရမည္ျဖစ္ၿပီး ထုတ္ျပန္ေၾကညာထားသည့္ သတ္မွတ္စည္းကမ္းခ်က္မ်ားအား မလိုက္နာပါက ေထာင္ဒါဏ္တစ္ႏွစ္ အေရးယူခံရမည္ဟု ဩဂုတ္လ ၁၉ ရက္ေန႔က အသံခ်ဲ႕စက္တင္ကားျဖင့္ လိုက္လံေၾကညာေနသည္ဟု ေျပာသည္။
ၾသဂုတ္လ ၂၁ ရက္ေန႔မွ စက္တင္ဘာလ ၂၀ ရက္ေန႔အထိ Stay at home အျဖစ္သတ္မွတ္မည္ျဖစ္ၿပီး အျပင္ ထြက္ခြင့္လက္မွတ္အား အိမ္ေထာင္စု တစ္စုလွ်င္ တစ္ေစာင္သာထုတ္ေပးမည္ျဖစ္ၿပီး လက္မွတ္ကို သက္ဆိုင္ရာ ရပ္ေက်း အုပ္ခ်ဳပ္ေရး မႉးမ်ား ထံတြင္ ထုတ္ယူရမည္ဟု ဆိုသည္။
ၿမိတ္ၿမိဳ႕ Stay at home ကာလကို တစ္လသတ္မွတ္ထားၿပီး ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈ ေလ်ာ့က်လာသည့္ အေျခအေနေပၚမူတည္၍ ျပန္လည္ေလွ်ာ့ေပါ့ ႐ုပ္သိမ္းေပးမည္ ျဖစ္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး အမိန႔္ျဖင့္ ထုတ္ျပန္ေၾကျငာ ခဲ့သည္။
ၿမိဳ႕ေပၚရွိ ေဈးမ်ား၊ ေဆးဆိုင္မ်ား ကဲ့သို႔ေသာ ေနရာမ်ားတြင္ လူစု၊ လူေဝး ျဖစ္ေနဆဲျဖစ္၍ ယခုကဲ့သို႔ သတ္မွတ္ ျခင္းျဖစ္ေၾကာင္း သို႔ေသာ္ ယခင္ ဖြင့္ခြင့္ျပဳထားသည့္ ေဈးဆိုင္မ်ားအားလုံးကို ပုံမွန္အတိုင္း ဆက္ဖြင့္ခြင့္ျပဳမည္ ျဖစ္ေၾကာင္းေၾကျငာခ်က္တြင္ပါ ရွိသည္။
ယခုကဲ့သို႔ အခ်ိန္နီးကပ္ၿပီး အမိန႔္ထုတ္ျခင္းထက္ အေျခခံလူတန္းစားမ်ားအတြက္ ႀကိဳတင္စီစဥ္မႈမ်ား လုပ္ေဆာင္သင့္ေၾကာင္း၊ ထို႔အျပင္ Stay at Home သတ္မွတ္ထုတ္ျပန္ျခင္းထက္ ေန႔စားအလုပ္သမားမ်ား အေျခခံလူတန္းစားမ်ားအတြက္ စဥ္းစားၿပီး အျခားနည္းလမ္းမ်ား ေ႐ြးခ်ယ္သင့္ေၾကာင္း ၿမိဳ႕သစ္ရပ္ကြက္တြင္ ေနထိုင္သူတစ္ဦး က ေျပာသည္။
အဆိုပါ အမိန႔္ေၾကာ္ျငာၿပီး ၾသဂုတ္ ၂၀ရက္ေန႔တြင္ ၿမိတ္ၿမိဳ႕ေပၚ၌ ဆန္ဆိုင္မ်ား၊ စားေသာက္ကုန္ေရာင္းသည့္ ကုန္စုံပစၥည္းဆိုင္မ်ား၊ ေဆးဆိုင္မ်ားတြင္ ျပည္သူမ်ားစိုးရိမ္ထိတ္လန႔္စြာ တိုးေဝွ႔ဝယ္ယူလ်က္ရွိေနၿပီး၊ Wave Money, KBZ Pay စသည့္ေငြလႊဲသည့္ ေနရာမ်ားတြင္လည္း ေငြထုတ္မရသည့္ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ ေနၾက ရသည္ဟု ေဒသခံမ်ားက ေျပာသည္။
အျပင္ထြက္ခြင့္ လက္မွတ္ကိုင္ေဆာင္သူသည္ ကိုဗစ္-၁၉ စည္းကမ္း သတ္မွတ္ခ်က္မ်ားျဖစ္သည့္ ႏွာေခါင္း စည္း တပ္ျခင္း၊ ေျခာက္ေပအကြာမွ ေဈးဝယ္ျခင္း စသည္တို႔ကို လိုက္နာရမည္ျဖစ္ၿပီး အေရးေပၚ က်န္းမာေရး ကိစၥရပ္ အတြက္မူ တစ္အိမ္လွ်င္ လူ ၂ ဦး ထြက္ခြင့္ရမည္ဟု ထုတ္ျပန္ထားသည္။
ၿမိတ္ၿမိဳ႕ေပၚတြင္ ရပ္ကြက္ ၁၂ ရပ္ကြက္ႏွင့္ ေက်း႐ြာအုပ္စု ၂ အုပ္စု ရွိသည္။ ၿမိတ္ၿမိဳ႕တြင္သာမက ထားဝယ္ၿမိဳ႕၊ ေကာ့ေသာင္းၿမိဳ႕မ်ားတြင္လည္း ၾသဂုတ္ ၂၁ ရက္ေန႔မွ စတင္၍ Stay at home အစီအစဥ္ တၿပိဳင္နက္ ျပဳလုပ္သြား မည္ ျဖစ္ေၾကာင္း သိရသည္။
ၿမိတ္ၿမိဳ႕ တြင္ Stay at home သတ္မွတ္သည့္ ကိစၥႏွင့္ ပတ္သက္၍ အေၾကာင္းစုံသိရွိႏိုင္ရန္ ၿမိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ ေရးမႉးထံ ဖုန္းျဖင့္ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍မရခဲ့ေပ။