ဂျာမေ့ဗလီမှ စားသောက်ကုန်များ ထပ်မံ ဈေးလျော့ရောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။
မကွေးမြို့ပေါ်တွင် စားရေးသောက်ရေး အခက်အခဲဖြစ်နေသည့် မိသားစု ၁၂၀ အတွက် ဂျာမေ့ ဗလီ သာရေးနာရေး အဖွဲ့က ပစ္စည်း လေးမျိုးကို ဈေးနှုန်းချိုသာစွာဖြင့် သြဂုတ်လ ၂၀ ရက်က ထပ်မံ ရောင်းချပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
မကွေးမြို့၊ ကင်းရပ်ကွက်အတွင်းရှိ စားရေးသောက်ရေး ခက်ခဲနေသည့် မိသားစုများကို ဆန်တစ်ပြည်၊ ဆီ ၂၀ ကျပ်သား၊ ကြက်သွန်နီ ၇၅ ကျပ်သားနှင့် ကြက်ဥ ၅ လုံး ပါ ပစ္စည်း လေးမျိုးကို ၅၀၀ ကျပ်ဖြင့် ၁၃ ကြိမ်မြောက် ရောင်းချ ပေးခြင်း ဖြစ်ကြောင်း မကွေးမြို့ ဂျာမေ့ဗလီသာရေးနာရေးအဖွဲ့ တာဝန်ရှိသူများ က ပြောသည်။
ယခုအချိန်သည် လူတိုင်း အဆင်မပြေဖြစ်နေပြီး စစ်ကောင်စီတပ်၏ နေ့မထွက်ရအမိန့် ကြောင့် တနေ့လုပ် တနေ့ စားများ၊ အလုပ်အကိုင်မရှိ ဝင်ငွေမရှိဖြစ်နေကြကြောင်း ကင်းရပ်တွင် နေထိုင်သူတစ်ဦး က ပြောသည်။
“ဒီလိုဈေးသက်သက်သာသာ လာရောင်းပေးတာကို ကျေးဇူးတင်နေတာ။ ဘာပဲပြောပြော ငါးရာ တစ်ထောင် လောက်ကတော့ ရပ်ကွက်အတွင်း အချင်းချင်း ပြန်လှည့် ချေးငှါးလို့ရတယ်လေ” ဟု ၎င်းပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးတတ်နိုင်သူများ အနေဖြင့် စားဝတ်နေရေး အဆင်ပြေအောင် ဖြေရှင်းနိုင်သော်လည်း အခြေခံလူတန်းစားအများစုက အလုပ်အကိုင် အခက်အခဲ ဖြစ်လာခြင်း သွားရေးလာရေး အခက်အခဲဖြစ်လာခြင်းနှင့် ကျန်းမာရေး ဆေးကုန်သရန်အတွက်လည်း အခက်အခဲနှင့် ရင်ဆိုင် နေရသည်ဟု ဒေသခံများက ဆိုသည်။
ပြည်သူမှ ပြည်သူသို့ ကူညီလှူဒါန်းမှု အစီအစဉ်ဖြင့် ဖြေရှင်းနေရပြီး ဥပဒေ အမျိုးမျိုးကြောင့် ပြည်သူများ အခက်ကြုံရသည် ဟု မကွေးမြို့ က ပရဟိတအသင်းအဖွဲ့ဝင် တစ်ဦး က ပြောသည်။
“အမှန်တကယ် ဒုက္ခရောက်နေသူတွေကို အလှူရှင်တွေ ပရဟိတအသင်းတွေ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပြည် သူမှပြည်သူသို့ ကူညီလို့ အသက်ရှင်ခွင့် ရနေကြတာ။”
ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ကျန်းမာရေးအတွက် လိုအပ်လျှက်ရှိသော အောက်စီဂျင် တိုင်းစက်၊ Mask ဗူးများနှင့် စားသောက်ကုန်များကို မကွေး၊ မင်းဘူးနှင့် ချောက်မြို့များရှိ အစ္စလာမ်ဘာသာဝင်များက သြဂုတ်လ ၉ ရက်နေ့ကစတင်၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
*** ZAWGYI ***
ဂ်ာေမ့ဗလီမွ စားေသာက္ကုန္မ်ား ထပ္မံ ေဈးေလ်ာ့ေရာင္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၀ ရက္။
မေကြးၿမိဳ႕ေပၚတြင္ စားေရးေသာက္ေရး အခက္အခဲျဖစ္ေနသည့္ မိသားစု ၁၂၀ အတြက္ ဂ်ာေမ့ ဗလီ သာေရးနာေရး အဖြဲ႕က ပစၥည္း ေလးမ်ိဳးကို ေဈးႏႈန္းခ်ိဳသာစြာျဖင့္ ၾသဂုတ္လ ၂၀ ရက္က ထပ္မံ ေရာင္းခ်ေပးခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
မေကြးၿမိဳ႕၊ ကင္းရပ္ကြက္အတြင္းရွိ စားေရးေသာက္ေရး ခက္ခဲေနသည့္ မိသားစုမ်ားကို ဆန္တစ္ျပည္၊ ဆီ ၂၀ က်ပ္သား၊ ၾကက္သြန္နီ ၇၅ က်ပ္သားႏွင့္ ၾကက္ဥ ၅ လုံး ပါ ပစၥည္း ေလးမ်ိဳးကို ၅၀၀ က်ပ္ျဖင့္ ၁၃ ႀကိမ္ေျမာက္ ေရာင္းခ် ေပးျခင္း ျဖစ္ေၾကာင္း မေကြးၿမိဳ႕ ဂ်ာေမ့ဗလီသာေရးနာေရးအဖြဲ႕ တာဝန္ရွိသူမ်ား က ေျပာသည္။
ယခုအခ်ိန္သည္ လူတိုင္း အဆင္မေျပျဖစ္ေနၿပီး စစ္ေကာင္စီတပ္၏ ေန႔မထြက္ရအမိန႔္ ေၾကာင့္ တေန႔လုပ္ တေန႔ စားမ်ား၊ အလုပ္အကိုင္မရွိ ဝင္ေငြမရွိျဖစ္ေနၾကေၾကာင္း ကင္းရပ္တြင္ ေနထိုင္သူတစ္ဦး က ေျပာသည္။
“ဒီလိုေဈးသက္သက္သာသာ လာေရာင္းေပးတာကို ေက်းဇူးတင္ေနတာ။ ဘာပဲေျပာေျပာ ငါးရာ တစ္ေထာင္ ေလာက္ကေတာ့ ရပ္ကြက္အတြင္း အခ်င္းခ်င္း ျပန္လွည့္ ေခ်းငွါးလို႔ရတယ္ေလ” ဟု ၎ေျပာသည္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေငြေၾကးတတ္ႏိုင္သူမ်ား အေနျဖင့္ စားဝတ္ေနေရး အဆင္ေျပေအာင္ ေျဖရွင္းႏိုင္ေသာ္လည္း အေျခခံလူတန္းစားအမ်ားစုက အလုပ္အကိုင္ အခက္အခဲ ျဖစ္လာျခင္း သြားေရးလာေရး အခက္အခဲျဖစ္လာျခင္းႏွင့္ က်န္းမာေရး ေဆးကုန္သရန္အတြက္လည္း အခက္အခဲႏွင့္ ရင္ဆိုင္ ေနရသည္ဟု ေဒသခံမ်ားက ဆိုသည္။
ျပည္သူမွ ျပည္သူသို႔ ကူညီလႉဒါန္းမႈ အစီအစဥ္ျဖင့္ ေျဖရွင္းေနရၿပီး ဥပေဒ အမ်ိဳးမ်ိဳးေၾကာင့္ ျပည္သူမ်ား အခက္ႀကဳံရသည္ ဟု မေကြးၿမိဳ႕ က ပရဟိတအသင္းအဖြဲ႕ဝင္ တစ္ဦး က ေျပာသည္။
“အမွန္တကယ္ ဒုကၡေရာက္ေနသူေတြကို အလႉရွင္ေတြ ပရဟိတအသင္းေတြ လူမႈေရးအသင္းအဖြဲ႕ေတြနဲ႔ ျပည္ သူမွျပည္သူသို႔ ကူညီလို႔ အသက္ရွင္ခြင့္ ရေနၾကတာ။”
ကိုဗစ္-၁၉ ကာလအတြင္း ျပည္သူမ်ား က်န္းမာေရးအတြက္ လိုအပ္လွ်က္ရွိေသာ ေအာက္စီဂ်င္ တိုင္းစက္၊ Mask ဗူးမ်ားႏွင့္ စားေသာက္ကုန္မ်ားကို မေကြး၊ မင္းဘူးႏွင့္ ေခ်ာက္ၿမိဳ႕မ်ားရွိ အစၥလာမ္ဘာသာဝင္မ်ားက ၾသဂုတ္လ ၉ ရက္ေန႔ကစတင္၍ ေဈးႏႈန္းခ်ိဳသာစြာျဖင့္ ေရာင္းခ်ေပးခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။