ကောလင်းအရှေ့ပိုင်း ရွာတချို့ ဖျက်စီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။
စစ်ကောင်စီတပ်၏ ကားတစ်စီး မိုင်းထိပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ အရှေ့ဘက်ခြမ်းရှိ ကျေး ရွာ အချို့ကို စစ်ကောင်စီတပ်များ ဝင်ရောက်ဖျက်ဆီးကာ တပ်ဆွဲထားကြောင်းဒေသခံများက ပြောသည်။
ကောလင်းမြို့၊ ဆင်ကုန်းရွာအနီး ကျောက်ပုထိုးလမ်းခွဲအကျော်တွင် စစ်ကားတစ်စီးမိုင်းထိပြီးနောက် ကားပေါ်ပါ သူများ သေဆုံးဒဏ်ရာရသည်ဟုဆိုကာ ဒေသခံသတင်းပေးအချို့နှင့်အတူ အနီးအနားရှိရွာများကို အင်အား အလုံးအရင်းဖြင့် ရှာဖွေမှုများပြုခဲ့ကြောင်း ဒေသခံတစ်ဦး က ပြောသည်။
“သူတို့ ဒလန်တွေနဲ့ ရွာစဉ်ထိုး(ရွာအလိုက်) ဝင်မွေကြတာ။ ဒလန်လက်ညှိးထိုးတဲ့ အိမ်က နွားတွေကို ပစ်သတ် သွားတာ” ဒေသခံတစ်ဦး က ပြောသည်။
သြဂုတ်လ ၂၄ ရက်နေ့၊ နံနက် ၈နာရီခွဲ အချိန်ခန့်က စစ်ကား နှစ်စီးဖြင့် အင်အား ၅၀ ခန့်သည် ကောလင်း အရှေ့ ဘက်ရှိ ချောင်းကွေ့၊ ဇီးဖြူပင်၊ သဲကောရွာများသို့ ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့သည်ဟု ရွာသားတစ်ဦး က ပြော သည်။
အထူးသဖြင့် သတင်းပေး ညွှန်ပြသည့် သဲကောရွာရှိ အိမ်တစ်အိမ်ကိုဝင်ရောက်ပြီး ပစ္စည်းများသိမ်းဆည်းကာ မသယ်နိုင်သည့် ပစ္စည်းများနှင့် တဲကို ဖျက်ဆီးသွားသည်ဟု ပြောသည်။
ထို့အပြင် ချည်ထားသည့် နွား ၄ ကောင်အနက် ၂ ကောင်ကို ပစ်သတ်သွားကြောင်း ဒေသခံရွာသားများက ပြော သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖလဲရွာအပြင်ရှိ ကုက္ကိုပင်အောက်တွင် တပ်စွဲထားသည့်အတွက် ဒေသခံများက စစ်ကောင်စီတပ်များ ဖမ်းဆီးရန်ပြုမည်ကို စိုးရိမ်သဖြင့် ညနေပိုင်းတွင် ဘေးလွတ်ရာသို့ ရှောင်နေကြကြောင်းသိရသည်။
*** ZAWGYI ***
ေကာလင္းအေရွ႕ပိုင္း ႐ြာတခ်ိဳ႕ ဖ်က္စီးခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၅ ရက္။
စစ္ေကာင္စီတပ္၏ ကားတစ္စီး မိုင္းထိၿပီးေနာက္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေကာလင္းၿမိဳ႕ အေရွ႕ဘက္ျခမ္းရွိ ေက်း ႐ြာ အခ်ိဳ႕ကို စစ္ေကာင္စီတပ္မ်ား ဝင္ေရာက္ဖ်က္ဆီးကာ တပ္ဆြဲထားေၾကာင္းေဒသခံမ်ားက ေျပာသည္။
ေကာလင္းၿမိဳ႕၊ ဆင္ကုန္း႐ြာအနီး ေက်ာက္ပုထိုးလမ္းခြဲအေက်ာ္တြင္ စစ္ကားတစ္စီးမိုင္းထိၿပီးေနာက္ ကားေပၚပါ သူမ်ား ေသဆုံးဒဏ္ရာရသည္ဟုဆိုကာ ေဒသခံသတင္းေပးအခ်ိဳ႕ႏွင့္အတူ အနီးအနားရွိ႐ြာမ်ားကို အင္အား အလုံးအရင္းျဖင့္ ရွာေဖြမႈမ်ားျပဳခဲ့ေၾကာင္း ေဒသခံတစ္ဦး က ေျပာသည္။
“သူတို႔ ဒလန္ေတြနဲ႔ ႐ြာစဥ္ထိုး(႐ြာအလိုက္) ဝင္ေမြၾကတာ။ ဒလန္လက္ညႇိးထိုးတဲ့ အိမ္က ႏြားေတြကို ပစ္သတ္ သြားတာ” ေဒသခံတစ္ဦး က ေျပာသည္။
ၾသဂုတ္လ ၂၄ ရက္ေန႔၊ နံနက္ ၈နာရီခြဲ အခ်ိန္ခန႔္က စစ္ကား ႏွစ္စီးျဖင့္ အင္အား ၅၀ ခန႔္သည္ ေကာလင္း အေရွ႕ ဘက္ရွိ ေခ်ာင္းေကြ႕၊ ဇီးျဖဴပင္၊ သဲေကာ႐ြာမ်ားသို႔ ဝင္ေရာက္စီးနင္းမႈျပဳလုပ္ခဲ့သည္ဟု ႐ြာသားတစ္ဦး က ေျပာ သည္။
အထူးသျဖင့္ သတင္းေပး ၫႊန္ျပသည့္ သဲေကာ႐ြာရွိ အိမ္တစ္အိမ္ကိုဝင္ေရာက္ၿပီး ပစၥည္းမ်ားသိမ္းဆည္းကာ မသယ္ႏိုင္သည့္ ပစၥည္းမ်ားႏွင့္ တဲကို ဖ်က္ဆီးသြားသည္ဟု ေျပာသည္။
ထို႔အျပင္ ခ်ည္ထားသည့္ ႏြား ၄ ေကာင္အနက္ ၂ ေကာင္ကို ပစ္သတ္သြားေၾကာင္း ေဒသခံ႐ြာသားမ်ားက ေျပာ သည္။
စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ဖလဲ႐ြာအျပင္ရွိ ကုကၠိဳပင္ေအာက္တြင္ တပ္စြဲထားသည့္အတြက္ ေဒသခံမ်ားက စစ္ေကာင္စီတပ္မ်ား ဖမ္းဆီးရန္ျပဳမည္ကို စိုးရိမ္သျဖင့္ ညေနပိုင္းတြင္ ေဘးလြတ္ရာသို႔ ေရွာင္ေနၾကေၾကာင္းသိရသည္။