စည်သူအောင်မြင့်နှင့် မထက်ထက်ခိုင်တို့ကို ၅၀၅ ဖြင့်သာ တရားစွဲထားကြောင်း ရှေ့နေပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။
သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့် BBC Media Action မှ အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင် တို့ကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့်သာ တရားစွဲဆိုထားကြောင်း အမှုလိုက်ရှေ့နေ များ က ပြောသည်။
စွပ်စွဲခံထားရသူ နှစ်ဦးကို ပုဒ်မ ၅၀၅ အပြင် နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန် ကန်မှုနှင့်စပ်လျဉ်း၍ ထိန်ချန်မှု ပုဒ်မ ၁၂၄(က)၊ မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) တို့ဖြင့်ပါ အမှုဖွင့်ထားကြောင်း စစ်ကောင်စီပိုင် မြဝတီမီဒီယာက သတင်းဖော်ပြခဲ့သော်လည်း စွပ်စွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေများက အထက်ပါ အတိုင်းငြင်းဆို ခဲ့သည်။
“ကျနော်တို့ မနေ့ကမှ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ဗဟန်းရဲစခန်းကို အတည်ပြုထားတာ။ ၅၀၅(က) နဲ့ (ခ) တို့ နဲ့ပဲ စွဲထားတယ်လို့ ပြောတယ်။ ဦးစည်သူအောင်မြင့်ရဲ့ ရှေ့နေတွေကလည်း ၁၂၄ မပါဘူး ပြောတယ်” ဟု မထက် ထက်ခိုင် ၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်မြင့် က ပြောသည်။
သတင်းစာဆရာ ဦးစည်သူအောင်မြင့်သည် ၎င်းနေထိုင် တိမ်းရှောင်နေသည့် ရန်ကုန် ဗဟန်းမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် မကြာသေးမှီ ရက်ပိုင်းက ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းသည် VOA နှင့် Frontier သတင်းဌာန တို့တွင် ဆောင်းပါးများ ရေးသားလျက်ရှိသည့် ပင်တိုင်ဆောင်းပါးရှင် သတင်းစာဆရာတစ်ဦး ဖြစ်သည်။
Federal FM တွင် Volunteer Editor အဖြစ် ဆောင်ရွက်နေသည့်အတွက် မထက်ထက်ခိုင်ကို မတရား အသင်း ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ထားသည် ဟု စစ်ကောင်စီပိုင် မြဝတီသတင်းဌာနက သတင်း ကြေညာထား သည်။
*** ZAWGYI ***
စည္သူေအာင္ျမင့္ႏွင့္ မထက္ထက္ခိုင္တို႔ကို ၅၀၅ ျဖင့္သာ တရားစြဲထားေၾကာင္း ေရွ႕ေနေျပာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၅ ရက္။
သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္ႏွင့္ BBC Media Action မွ အလြတ္တန္းသတင္းေထာက္ မထက္ထက္ခိုင္ တို႔ကို အၾကမ္းဖက္စစ္ေကာင္စီက ပုဒ္မ ၅၀၅ ျဖင့္သာ တရားစြဲဆိုထားေၾကာင္း အမႈလိုက္ေရွ႕ေန မ်ား က ေျပာသည္။
စြပ္စြဲခံထားရသူ ႏွစ္ဦးကို ပုဒ္မ ၅၀၅ အျပင္ ႏိုင္ငံေတာ္သစၥာ ေဖာက္ဖ်က္ ပုန္ ကန္မႈႏွင့္စပ္လ်ဥ္း၍ ထိန္ခ်န္မႈ ပုဒ္မ ၁၂၄(က)၊ မတရားအသင္းဆက္သြယ္မႈ ဥပေဒ ပုဒ္မ ၁၇ (၁) တို႔ျဖင့္ပါ အမႈဖြင့္ထားေၾကာင္း စစ္ေကာင္စီပိုင္ ျမဝတီမီဒီယာက သတင္းေဖာ္ျပခဲ့ေသာ္လည္း စြပ္စြဲခံရသူမ်ား၏ အက်ိဳးေဆာင္ေရွ႕ေနမ်ားက အထက္ပါ အတိုင္းျငင္းဆို ခဲ့သည္။
“က်ေနာ္တို႔ မေန႔ကမွ တရားစြဲအဖြဲ႕အစည္းျဖစ္တဲ့ ဗဟန္းရဲစခန္းကို အတည္ျပဳထားတာ။ ၅၀၅(က) နဲ႔ (ခ) တို႔ နဲ႔ပဲ စြဲထားတယ္လို႔ ေျပာတယ္။ ဦးစည္သူေအာင္ျမင့္ရဲ႕ ေရွ႕ေနေတြကလည္း ၁၂၄ မပါဘူး ေျပာတယ္” ဟု မထက္ ထက္ခိုင္ ၏ အက်ိဳးေဆာင္ေရွ႕ေန ဦးခင္ေမာင္ျမင့္ က ေျပာသည္။
သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္သည္ ၎ေနထိုင္ တိမ္းေရွာင္ေနသည့္ ရန္ကုန္ ဗဟန္းၿမိဳ႕နယ္ရွိ တိုက္ခန္းတစ္ခုတြင္ မၾကာေသးမွီ ရက္ပိုင္းက ဖမ္းဆီးခံရျခင္းျဖစ္ၿပီး ၎သည္ VOA ႏွင့္ Frontier သတင္းဌာန တို႔တြင္ ေဆာင္းပါးမ်ား ေရးသားလ်က္ရွိသည့္ ပင္တိုင္ေဆာင္းပါးရွင္ သတင္းစာဆရာတစ္ဦး ျဖစ္သည္။
Federal FM တြင္ Volunteer Editor အျဖစ္ ေဆာင္႐ြက္ေနသည့္အတြက္ မထက္ထက္ခိုင္ကို မတရား အသင္း ဥပေဒ ပုဒ္မ ၁၇ (၁) ျဖင့္ အမႈဖြင့္ထားသည္ ဟု စစ္ေကာင္စီပိုင္ ျမဝတီသတင္းဌာနက သတင္း ေၾကညာထား သည္။