ထန်တလန် ပစ်ခတ်မှုအတွင်း ကလေးတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။

ချင်းပြည်နယ် ထန်တလန်မြို့က ရဲစခန်းအနီး ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း အသက် ၁၀ နှစ်အရွယ် ကလေး ငယ်တစ်ဦး သေဆုံးပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လ ၂၅ ရက် ညနေပိုင်း ၃ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထန်တလန် CDF တပ်ဖွဲ့တို့ အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာမှ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် အသက် ၁၀ နှစ် အရွယ် မောင်ဗန်ဘွေဟန် သေဆုံးသွားခဲ့ရဟု မိသားစုဝင်များက ပြောသည်။

“သြဂုတ်လ ၂၅ ရက် ညနေ ၃ နာရီလောက်မှာ ဖြစ်တာပါ။ သူတို့အပြန်အလှန်ပစ်နေရင်းက စစ်တပ်က ပစ် လိုက်တဲ့ လက်နက်ကြီးကျည်စ ကလေးရဲ့ လည်ပင်းကို ထိသွားတာ။ ကလေးက အိမ်ထဲမှာနေရင်း ထိတာပါ။ အားလုံးက ပုန်းနေကြတာပါ။ သူ့ကိုတော့ ဒီနေ့ မနက်ပိုင်းပေါ့ ၁၀ နာရီမှာ ဆုတောင်းပြီး ဂူသွင်းသင်္ဂြိုဟ် လိုက် ပါပြီ” ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

ဩဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထန်တလန်မြို့က ပစ်ခတ်မှုအတွင်း လက်နက်ကြီးကြောင့် ပြည်သူ လူထု၏ နေအိမ်အချို့ ပျက်စီးသွားခဲ့ပြီး ဒေသခံနှစ်ဦးလည်း ထိခိုက်ဒဏ် ရာရခဲ့သည်ဟု ဒေသခံတစ်ဦး က ဆက် ပြောသည်။

“အိမ်တွေပျက်စီးတာလည်း ရှိတယ်။ ကလေးတစ်ယောက်သေတယ်။ ဒေသခံနှစ်ယောက် ဒဏ်ရာရတာလည်း ရှိ တယ်။ ဒီမနေ့မနက်ပိုင်းလည်း လက်နက်ကြီးသံတွေ ၂ ချက် ၃ ချက်လောက်ထပ်ကြားနေရသေးတယ်။ အပြန် အလှန်ပစ်တာတော့ ဒီနေ့မနက်တော့ မရှိတော့ဘူး” ဟု ဒေသခံတစ်ဦး က ပြောသည်။

ဒေသခံ ကာကွယ်ရေး အဖွဲ့များက ဟားခါး-ထန်တလန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က စစ်သား ၃ ဦး သေဆုံးခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။

သြဂုတ် ၂၀ရက် နှင့် ၂၁ရက်တို့တွင်လည်း ဟားခါးမြို့နှင့် ထန်တလန်မြို့ကြား ဖြစ်ပွားခဲ့သည့် CDF-ထန်တလန် နှင့် စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ငါးဦးထက်မနည်းသေဆုံးခဲ့ကြောင်း CDF က ထုတ်ပြန်ထားသည်။

*** ZAWGYI ***
ထန္တလန္ ပစ္ခတ္မႈအတြင္း ကေလးတစ္ဦး ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၆ ရက္။

ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕က ရဲစခန္းအနီး ျဖစ္ပြားခဲ့သည့္ ပစ္ခတ္မႈအတြင္း အသက္ ၁၀ ႏွစ္အ႐ြယ္ ကေလး ငယ္တစ္ဦး ေသဆုံးၿပီး ေဒသခံႏွစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ၾသဂုတ္လ ၂၅ ရက္ ညေနပိုင္း ၃ နာရီအခ်ိန္ခန႔္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ထန္တလန္ CDF တပ္ဖြဲ႕တို႔ အၾကား အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားရာမွ စစ္ေကာင္စီတပ္က ပစ္ခတ္လိုက္သည့္ လက္နက္ႀကီးက်ည္ေၾကာင့္ အသက္ ၁၀ ႏွစ္ အ႐ြယ္ ေမာင္ဗန္ေဘြဟန္ ေသဆုံးသြားခဲ့ရဟု မိသားစုဝင္မ်ားက ေျပာသည္။

“ၾသဂုတ္လ ၂၅ ရက္ ညေန ၃ နာရီေလာက္မွာ ျဖစ္တာပါ။ သူတို႔အျပန္အလွန္ပစ္ေနရင္းက စစ္တပ္က ပစ္ လိုက္တဲ့ လက္နက္ႀကီးက်ည္စ ကေလးရဲ႕ လည္ပင္းကို ထိသြားတာ။ ကေလးက အိမ္ထဲမွာေနရင္း ထိတာပါ။ အားလုံးက ပုန္းေနၾကတာပါ။ သူ႔ကိုေတာ့ ဒီေန႔ မနက္ပိုင္းေပါ့ ၁၀ နာရီမွာ ဆုေတာင္းၿပီး ဂူသြင္းသၿဂႋဳဟ္ လိုက္ ပါၿပီ” ဟု မိသားစုဝင္တစ္ဦး က ေျပာသည္။

ဩဂုတ္လ ၂၅ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ ထန္တလန္ၿမိဳ႕က ပစ္ခတ္မႈအတြင္း လက္နက္ႀကီးေၾကာင့္ ျပည္သူ လူထု၏ ေနအိမ္အခ်ိဳ႕ ပ်က္စီးသြားခဲ့ၿပီး ေဒသခံႏွစ္ဦးလည္း ထိခိုက္ဒဏ္ ရာရခဲ့သည္ဟု ေဒသခံတစ္ဦး က ဆက္ ေျပာသည္။

“အိမ္ေတြပ်က္စီးတာလည္း ရွိတယ္။ ကေလးတစ္ေယာက္ေသတယ္။ ေဒသခံႏွစ္ေယာက္ ဒဏ္ရာရတာလည္း ရွိ တယ္။ ဒီမေန႔မနက္ပိုင္းလည္း လက္နက္ႀကီးသံေတြ ၂ ခ်က္ ၃ ခ်က္ေလာက္ထပ္ၾကားေနရေသးတယ္။ အျပန္ အလွန္ပစ္တာေတာ့ ဒီေန႔မနက္ေတာ့ မရွိေတာ့ဘူး” ဟု ေဒသခံတစ္ဦး က ေျပာသည္။

ေဒသခံ ကာကြယ္ေရး အဖြဲ႕မ်ားက ဟားခါး-ထန္တလန္လမ္းမႀကီးေပၚတြင္ ျဖစ္ပြားခဲ့သည့္ စစ္ေကာင္စီတပ္ႏွင့္ တိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဘက္က စစ္သား ၃ ဦး ေသဆုံးခဲ့သည္ဟု ယမန္ေန႔က ထုတ္ျပန္ထားသည္။

ၾသဂုတ္ ၂၀ရက္ ႏွင့္ ၂၁ရက္တို႔တြင္လည္း ဟားခါးၿမိဳ႕ႏွင့္ ထန္တလန္ၿမိဳ႕ၾကား ျဖစ္ပြားခဲ့သည့္ CDF-ထန္တလန္ ႏွင့္ စစ္ေကာင္စီတပ္တို႔ အၾကားတိုက္ပြဲတြင္ စစ္ေကာင္စီဘက္မွ ငါးဦးထက္မနည္းေသဆုံးခဲ့ေၾကာင္း CDF က ထုတ္ျပန္ထားသည္။