ပုသိမ်တွင် တစ်ကိုယ်တော် ဆန့်ကျင်မှု လုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။

ရက်ပေါင်း ၁၀၀ ကျော် ဆန္ဒပြမှုများ ရပ်တန့်နေခဲ့သည့် ပုသိမ်မြို့တွင် လူငယ်တစ်ဦးက စစ်ကောင်စီ ဆန့်ကျင်သည့် စာများ ဖြန့်ကြဲကာ တစ်ကိုယ်တော် လှုံဆော်မှု တစ်ခု လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လ ၂၆ ရက်နေ့ နေ့လည်ပိုင်းက လူငယ်တစ်ဦးသည် မဟာဗန္ဓုလ လမ်းမကြီးနှင့် ကန်သာယာလမ်း ဆုံရာ မိုးလေဝသနှင့် ဇလ ဗေဒ ရုံးအနီးတွင် စစ်ကောင်စီ ကို ဆန့်ကျင်သည့် စာရွက်များကို တကိုယ်တော်ဖြန့်ကြဲ၍ ဒီမိုကရေစီတော်လှန်ရေးအတွက် လှုံဆော်ခဲ့သည်။

“လုံခြုံရေးကားတွေ လည့်လည်နေတဲ့လမ်း စစ်ကောင်စီ အဖွဲ့ဝင်တွေ ရုံးဆင်းရုံးတက် လုပ်တဲ့လမ်းမှာ တစ် ယောက်တည်းလာ ကြဲသွားတာ” ဟု မျက်မြင်တွေ့သူတစ်ဦး က ပြောသည်။

“ပုသိမ် ဘာလဲ ဘယ်လဲ၊ ဒလန်မကြောက်နဲ့ ရှင်းပစ်၊ စစ်ဖိနပ်အောက်မှာပဲ နေချင်တာလား၊ ကမ္ဘာမကျေ သီချင်းနဲ့ ပြီးသွားပြီလား၊ ခုချိန် ထိငြိမ်နေတုန်းပဲလား၊ ကြောက်နေရင်တစ် သက်လုံးကျွန်ခံနေရမယ်” စသည့် လက်ရေး ဖြင့်ရေးထားသည့် စာရွက်များကို ဖြန့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ပုသိမ်မြို့ နှင့် မြို့တိုင်းတွင် ဆန္ဒပြပွဲများ ရပ်တန့်ခဲ့နေသည်မှာ ရက်ပေါင်း ၁၀၀ ကျော်ထိ ရှိလာခဲ့ပြီးနောက် ယခုကဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး လှုံ့ဆော်မှု ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည် ဟု ဒေသခံအချို့က ဆိုသည်။

*** ZAWGYI ***
ပုသိမ္တြင္ တစ္ကိုယ္ေတာ္ ဆန႔္က်င္မႈ လုပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၆ ရက္။

ရက္ေပါင္း ၁၀၀ ေက်ာ္ ဆႏၵျပမႈမ်ား ရပ္တန႔္ေနခဲ့သည့္ ပုသိမ္ၿမိဳ႕တြင္ လူငယ္တစ္ဦးက စစ္ေကာင္စီ ဆန႔္က်င္သည့္ စာမ်ား ျဖန႔္ႀကဲကာ တစ္ကိုယ္ေတာ္ လႈံေဆာ္မႈ တစ္ခု လုပ္ေဆာင္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ၾသဂုတ္လ ၂၆ ရက္ေန႔ ေန႔လည္ပိုင္းက လူငယ္တစ္ဦးသည္ မဟာဗႏၶဳလ လမ္းမႀကီးႏွင့္ ကန္သာယာလမ္း ဆုံရာ မိုးေလဝသႏွင့္ ဇလ ေဗဒ ႐ုံးအနီးတြင္ စစ္ေကာင္စီ ကို ဆန႔္က်င္သည့္ စာ႐ြက္မ်ားကို တကိုယ္ေတာ္ျဖန႔္ႀကဲ၍ ဒီမိုကေရစီေတာ္လွန္ေရးအတြက္ လႈံေဆာ္ခဲ့သည္။

“လုံၿခဳံေရးကားေတြ လည့္လည္ေနတဲ့လမ္း စစ္ေကာင္စီ အဖြဲ႕ဝင္ေတြ ႐ုံးဆင္း႐ုံးတက္ လုပ္တဲ့လမ္းမွာ တစ္ ေယာက္တည္းလာ ႀကဲသြားတာ” ဟု မ်က္ျမင္ေတြ႕သူတစ္ဦး က ေျပာသည္။

“ပုသိမ္ ဘာလဲ ဘယ္လဲ၊ ဒလန္မေၾကာက္နဲ႔ ရွင္းပစ္၊ စစ္ဖိနပ္ေအာက္မွာပဲ ေနခ်င္တာလား၊ ကမာၻမေက် သီခ်င္းနဲ႔ ၿပီးသြားၿပီလား၊ ခုခ်ိန္ ထိၿငိမ္ေနတုန္းပဲလား၊ ေၾကာက္ေနရင္တစ္ သက္လုံးကြၽန္ခံေနရမယ္” စသည့္ လက္ေရး ျဖင့္ေရးထားသည့္ စာ႐ြက္မ်ားကို ျဖန႔္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ဧရာဝတီတိုင္း ေဒသႀကီးအတြင္း ပုသိမ္ၿမိဳ႕ ႏွင့္ ၿမိဳ႕တိုင္းတြင္ ဆႏၵျပပြဲမ်ား ရပ္တန႔္ခဲ့ေနသည္မွာ ရက္ေပါင္း ၁၀၀ ေက်ာ္ထိ ရွိလာခဲ့ၿပီးေနာက္ ယခုကဲ့ စစ္ေကာင္စီ ဆန႔္က်င္ေရး လႈံ႕ေဆာ္မႈ ျပန္လည္ထြက္ေပၚလာျခင္း ျဖစ္သည္ ဟု ေဒသခံအခ်ိဳ႕က ဆိုသည္။