စလင်းတွင် လူသုံးဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။

မကွေးတိုင်းဒေသကြီး စလင်းမြို့တွင် CDM နှင့် ပတ်သက်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၃ ဦးကို သြဂုတ် ၂၇ ရက်နေ့၊ မွန်းလွှဲပိုင်း အချိန်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ စလင်းမြို့က ကိုမျိူးဇင်ဝင်း၊ ကိုဖိုးထက်နှင့် မိဘရိပ် ကိတ်မုန့်ဆိုင်က မခင်မျိူးမြင့် တို့ ဖြစ် သည်။

မခင်မျိုးမြင့်ကို CDM များအား ပံ့ပိုးသူအဖြစ် စွပ်စွဲပြီး ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သတင်းများ ပြန့်နေသည်။

အခြားဖမ်းဆီးခံထားရသူ ကိုမျိုးဇင်ဝင်းကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင် သူ မဟုတ်ကြောင်း ၎င်းနှင့်နီးစပ်သူများက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စလင်းမြို့တွင် ရိုက်နှက်ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးကို တစ်ဦးလျှင် ကျပ်ငွေ ၅ သိန်း ဖြင့် ပြန်ထုတ်ရကြောင်း မြို့ခံများ က ပြောသည်။

သြဂုတ် ၁၇ ရက်နေ့ ကလည်း စလင်းမြို့ စစ်ဆေးရေးဂိတ်တွင် ချိန်ကိုက်ဗုံးပေါက်ကွဲခဲ့ပြီး ရဲတပ်ကြပ်ကြီး တစ်ဦး အပါအဝင် ရဲ ၃ ဦး သေဆုံးသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

စလင်းမြို့တွင် အချို့လူငယ်များကို အကြောင်းပြချက်မရှိ မှားယွင်းဖမ်းဆီးပြီးမှ ငွေဖြင့် ပြန်ရွေးခိုင်းခြင်းမျိုး ရှိနေသည်ဟု ဒေသအတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အချို့ က ပြောသည်။

*** ZAWGYI ***
စလင္းတြင္ လူသုံးဦး ဖမ္းခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၈ ရက္။

မေကြးတိုင္းေဒသႀကီး စလင္းၿမိဳ႕တြင္ CDM ႏွင့္ ပတ္သက္သည္ဟုဆိုကာ အမ်ိဳးသမီးတစ္ဦးအပါအဝင္ ေဒသခံ ၃ ဦးကို ၾသဂုတ္ ၂၇ ရက္ေန႔၊ မြန္းလႊဲပိုင္း အခ်ိန္တြင္ စစ္ေကာင္စီတပ္က ဖမ္းဆီးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဖမ္းဆီးခံရသူမ်ားမွာ စလင္းၿမိဳ႕က ကိုမ်ိဴးဇင္ဝင္း၊ ကိုဖိုးထက္ႏွင့္ မိဘရိပ္ ကိတ္မုန႔္ဆိုင္က မခင္မ်ိဴးျမင့္ တို႔ ျဖစ္ သည္။

မခင္မ်ိဳးျမင့္ကို CDM မ်ားအား ပံ့ပိုးသူအျဖစ္ စြပ္စြဲၿပီး ဖမ္းဆီးသြားျခင္း ျဖစ္သည္ဟု သတင္းမ်ား ျပန႔္ေနသည္။

အျခားဖမ္းဆီးခံထားရသူ ကိုမ်ိဳးဇင္ဝင္းကလည္း စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲမ်ားတြင္ ပါဝင္ သူ မဟုတ္ေၾကာင္း ၎ႏွင့္နီးစပ္သူမ်ားက ဆိုသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းက စလင္းၿမိဳ႕တြင္ ႐ိုက္ႏွက္ဖမ္းဆီးခံရသည့္ လူငယ္ ၃ ဦးကို တစ္ဦးလွ်င္ က်ပ္ေငြ ၅ သိန္း ျဖင့္ ျပန္ထုတ္ရေၾကာင္း ၿမိဳ႕ခံမ်ား က ေျပာသည္။

ၾသဂုတ္ ၁၇ ရက္ေန႔ ကလည္း စလင္းၿမိဳ႕ စစ္ေဆးေရးဂိတ္တြင္ ခ်ိန္ကိုက္ဗုံးေပါက္ကြဲခဲ့ၿပီး ရဲတပ္ၾကပ္ႀကီး တစ္ဦး အပါအဝင္ ရဲ ၃ ဦး ေသဆုံးသည့္ ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့သည္။

စလင္းၿမိဳ႕တြင္ အခ်ိဳ႕လူငယ္မ်ားကို အေၾကာင္းျပခ်က္မရွိ မွားယြင္းဖမ္းဆီးၿပီးမွ ေငြျဖင့္ ျပန္ေ႐ြးခိုင္းျခင္းမ်ိဳး ရွိေနသည္ဟု ေဒသအတြင္းက ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ အခ်ိဳ႕ က ေျပာသည္။