မပေါက်သေးသည့် ဗုံးသီးကို ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ကာ လူသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။
ချင်းပြည်နယ် ထန်တလန်မြို့တွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို ကြည့်နေရာမှ ပေါက်ကွဲမှု တစ်ခု ဖြစ် ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဩဂုတ်လ ၂၇ ရက်နေ့တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါဗုံးမှာ ဩဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ် ကောင်စီတပ်နှင့် ထန်တလန် CDF တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပစ်ခတ်ခဲ့သည့် ဗုံးသီးဖြစ်သည်ဟု ဒေသခံတစ်ဦး က ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်တစ်ဦး က “ရှေ့တစ်ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ ပစ်ထားတဲ့ဗုံးသီး ဟုတ် တယ်ဗျ။ အဲ့ဒါက အခုပေါက်ကွဲမှုဖြစ်တဲ့ အိမ်မှာ ဒီခေါင်မိုးပေါ်မှာ ကျနေတာ။ အဲ့ဒါကို ထုတ်ပြီး သူတို့က ကြည့် နေရင်းမှာ ပေါက်ကွဲသွားတာပါ။ အိမ်ရှင်အမျိုးသားက သေသွားတယ်။” ဟု ပြောသည်။
အဆိုပါ ဗုံးမှာ စစ်ကောင်စီက ပစ်ခတ်လိုက်သည့် ဗုံးဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဗုံးသီးပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ် ဦးဟဲဘစ် ဆိုသူ အမျိုးသားတစ်ဦးသေဆုံးပြီး သေဆုံးသူ၏သားမှာ လက်ပြတ် သွားကာ စုစုပေါင်း ဒဏ်ရာရသူ ၁၁ ဦးရှိသည်ဟု သိရသည်။
“ဗုံးပေါက်ကွဲတဲ့အိမ်က သူတို့အိမ်မှာ အရင်ရက်က ဗုံးကျထားတဲ့ဟာကို ဖယ်ပြီး အိမ်ပြင်ဖို့လုပ်ရင်းကနေ ထ ပေါက်တာဗျ။ အခုဗုံးပေါက်ပြီး ဒဏ်ရာရထားတဲ့လူတွေထဲက တချို့က ထန်တလန်ဆေးရုံမှာ ရောက်နေပြီ။ ကျန်တဲ့ ဒီအရမ်းစိုးရိမ်ရတဲ့လူတွေကိုတော့ ဟားခါးဆေးရုံအထိ ပို့လိုက်ရတယ်” သွားရောက်ကူညီပေးခဲ့သူ တစ် ဦး က ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၁ ဦး ရှိသည့်အနက် စိုးရိမ်ရသူများကို ဟားခါးဆေးရုံသို့ ပို့ထားရပြီး ကျန်လူနာ များကို ထန်တလန်ဆေးရုံတွင် ပို့ဆောင် ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူပင် ချင်းပြည်နယ် ထန်တလန်မြို့က ရဲစခန်းအနီး ဖြစ်ပွားခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု အတွင်း လက်နက်ကြီးကျည်စထိမှန်ပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ဒေသခံနှစ်ဦး ထိ ခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့အပြင် ဩဂုတ်လ ၂၅ ရက်နေ့ ဖြစ်ပွားခဲ့သည့် တီးတိန်မြို့၊ မြန်မာ့စီးပွားရေးဘဏ်အနီးဖြစ်ပွားခဲ့သည့် ပစ်ခတ် မှု အတွင်းတွင်လည်း ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့သည်။
ချင်းပြည်နယ်အတွင်းရှိ မင်းတပ်၊ ထန်တလန်အပါအဝင် တီးတိန်မြို့နယ်တို့အတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်။
*** ZAWGYI ***
မေပါက္ေသးသည့္ ဗုံးသီးကို ၾကည့္ရာမွ ေပါက္ကြဲမႈျဖစ္ကာ လူေသဆုံး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၈ ရက္။
ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕တြင္ မေပါက္ကြဲေသးသည့္ ဗုံးတစ္လုံးကို ၾကည့္ေနရာမွ ေပါက္ကြဲမႈ တစ္ခု ျဖစ္ ပြားခဲ့ရာ လူတစ္ဦးေသဆုံးၿပီး ၁၁ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
ဩဂုတ္လ ၂၇ ရက္ေန႔တြင္ ေပါက္ကြဲခဲ့ျခင္းျဖစ္ၿပီး အဆိုပါဗုံးမွာ ဩဂုတ္လ ၂၅ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ စစ္ ေကာင္စီတပ္ႏွင့္ ထန္တလန္ CDF တို႔အၾကား ျဖစ္ပြားခဲ့သည့္ တိုက္ပြဲအတြင္း ပစ္ခတ္ခဲ့သည့္ ဗုံးသီးျဖစ္သည္ဟု ေဒသခံတစ္ဦး က ေျပာသည္။
အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ မ်က္ျမင္တစ္ဦး က “ေရွ႕တစ္ရက္က ျဖစ္ခဲ့တဲ့ တိုက္ပြဲမွာ ပစ္ထားတဲ့ဗုံးသီး ဟုတ္ တယ္ဗ်။ အဲ့ဒါက အခုေပါက္ကြဲမႈျဖစ္တဲ့ အိမ္မွာ ဒီေခါင္မိုးေပၚမွာ က်ေနတာ။ အဲ့ဒါကို ထုတ္ၿပီး သူတို႔က ၾကည့္ ေနရင္းမွာ ေပါက္ကြဲသြားတာပါ။ အိမ္ရွင္အမ်ိဳးသားက ေသသြားတယ္။” ဟု ေျပာသည္။
အဆိုပါ ဗုံးမွာ စစ္ေကာင္စီက ပစ္ခတ္လိုက္သည့္ ဗုံးျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
ဗုံးသီးေပါက္ကြဲမႈေၾကာင့္ အသက္ ၄၀ အ႐ြယ္ ဦးဟဲဘစ္ ဆိုသူ အမ်ိဳးသားတစ္ဦးေသဆုံးၿပီး ေသဆုံးသူ၏သားမွာ လက္ျပတ္ သြားကာ စုစုေပါင္း ဒဏ္ရာရသူ ၁၁ ဦးရွိသည္ဟု သိရသည္။
“ဗုံးေပါက္ကြဲတဲ့အိမ္က သူတို႔အိမ္မွာ အရင္ရက္က ဗုံးက်ထားတဲ့ဟာကို ဖယ္ၿပီး အိမ္ျပင္ဖို႔လုပ္ရင္းကေန ထ ေပါက္တာဗ်။ အခုဗုံးေပါက္ၿပီး ဒဏ္ရာရထားတဲ့လူေတြထဲက တခ်ိဳ႕က ထန္တလန္ေဆး႐ုံမွာ ေရာက္ေနၿပီ။ က်န္တဲ့ ဒီအရမ္းစိုးရိမ္ရတဲ့လူေတြကိုေတာ့ ဟားခါးေဆး႐ုံအထိ ပို႔လိုက္ရတယ္” သြားေရာက္ကူညီေပးခဲ့သူ တစ္ ဦး က ေျပာသည္။
ထိခိုက္ဒဏ္ရာရရွိသူ စုစုေပါင္း ၁၁ ဦး ရွိသည့္အနက္ စိုးရိမ္ရသူမ်ားကို ဟားခါးေဆး႐ုံသို႔ ပို႔ထားရၿပီး က်န္လူနာ မ်ားကို ထန္တလန္ေဆး႐ုံတြင္ ပို႔ေဆာင္ ေဆးကုသမႈခံယူေနရသည္ဟု ေဒသခံတစ္ဦးက ေျပာသည္။
အလားတူပင္ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕က ရဲစခန္းအနီး ျဖစ္ပြားခဲ့သည့္ ဩဂုတ္လ ၂၅ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ ပစ္ခတ္မႈ အတြင္း လက္နက္ႀကီးက်ည္စထိမွန္ၿပီး အသက္ ၁၀ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ေသဆုံးၿပီး ေဒသခံႏွစ္ဦး ထိ ခိုက္ဒဏ္ရာ ရရွိခဲ့သည္။
ထို႔အျပင္ ဩဂုတ္လ ၂၅ ရက္ေန႔ ျဖစ္ပြားခဲ့သည့္ တီးတိန္ၿမိဳ႕၊ ျမန္မာ့စီးပြားေရးဘဏ္အနီးျဖစ္ပြားခဲ့သည့္ ပစ္ခတ္ မႈ အတြင္းတြင္လည္း ရဲတပ္ဖြဲ႕ဝင္သုံးဦး ေသဆုံးခဲ့သည္။
ခ်င္းျပည္နယ္အတြင္းရွိ မင္းတပ္၊ ထန္တလန္အပါအဝင္ တီးတိန္ၿမိဳ႕နယ္တို႔အတြင္ ေဒသခံ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားလွ်က္ရွိသည္။