လူမှု ကူညီရေး အသင်းမှ မြစ်ကြီးနားတွင် အောက်ဆီဂျင် အခမဲ့ ဖြန့်ဝေပေးမည်
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။
မြစ်ကြီးနားတွင် လူမှု ကူညီရေး အသင်းတစ်ခုမှ အောက်ဆီဂျင်စက် တပ်ဆင်ပြီးဖြစ်၍ ဩဂုတ်လ ၂၉ ရက်မှ စ၍ အခမဲ့ ဖြန့်ဝေသွားမည်ဟု ပေးဆပ်သူ လူမှု ကူညီရေး အသင်း ဥက္ကဌက ပြောသည်။
“အရေးကြီးရင် ကြီးသလို အခြေအနေပေါ် မူတည်ပြီး လိုအပ်သလောက်ကို ပိတ်ရက်မရှိထုတ်လုပ်ပေးသွားမှာ” ဟု အသင်းဥက္ကဌ ဦးသိန်းဝင်းဦး က ပြောသည်။
အောက်စီဂျင်လိုအပ်သူများသည် ခေမာသီရီရပ်ကွက်က ခေမာသီရီကျောင်းတိုက် အနောက်ဘက်တွင် ရှိသည့် ပေးဆပ်သူ လူမှုကူညီရေးအသင်းရုံးတွင် အောက်စီဂျင်အိုးအလွတ်နှင့် ဆရာဝန်ထောက်ခံစာ ယူဆောင်ပြီး အကူ အညီတောင်းခံနိုင်သည်ဟု ပြောသည်။
မြစ်ကြီးနားမြို့အတွက်သာမက အခြားမြို့ရွာများမှ အောက်စီဂျင်လိုအပ်သူများလည်း လာရောက် အကူအညီ တောင်းခံနိုင်ပြီး တစ်နာရီလျှင် အောက်စီဂျင် ၄၀ လီတာ အိုး ၁၀ အိုး ထုတ်နိုင်ပြီဖြစ်ပြီး လိုအပ်သည့် အခြေအနေ များပေါ် မူတည်၍ ထုတ်လုပ်ပေးသွားမည်ဖြစ်သည်ဟု အသင်းရုံးထံမှ သိရသည်။
ယခုတပ်ဆင်ထားသည့် စက်သည် တရုတ်နိုင်ငံထုတ် အောက်စီဂျင်ထုတ်လုပ်သည့် စက်အမျိုးအစားဖြစ်ပြီး မြစ်ကြီးနားမြို့ပေါ်က အလှုရှင်များနှင့် အနယ်နယ်အရပ်ရပ်က အလှုရှင်များ၏ လှုဒါန်းငွေများဖြင့် အောက်စီဂျင် ထုတ်လုပ်သည့်စက်ကို ဝယ်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ပေးဆပ်သူအသင်းသည် အောက်စီဂျင်စက်ရုံ မတည်ဆောက်ခင်က မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ (စက်မှုဇုံ) အတွင်းက အောက်စီဂျင်စက်ရုံမှ ခွဲတမ်းကျဝယ်ယူပြီး အောက်စီဂျင်လိုအပ်နေသူများကို အသင်းရုံးတွင် ပြန် လည် ပေးဝေခဲ့သည်။
ပေးဆပ်သူ လူမှုကူညီရေးအသင်း သည် မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ သံသယနှင့် သေဆုံးသူများ၊ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများကို သဂြိုလ်ပေးနေသည့် လူမှုကူညီရေး အဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။
*** ZAWGYI ***
လူမႈ ကူညီေရး အသင္းမွ ျမစ္ႀကီးနားတြင္ ေအာက္ဆီဂ်င္ အခမဲ့ ျဖန႔္ေဝေပးမည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၈ ရက္။
ျမစ္ႀကီးနားတြင္ လူမႈ ကူညီေရး အသင္းတစ္ခုမွ ေအာက္ဆီဂ်င္စက္ တပ္ဆင္ၿပီးျဖစ္၍ ဩဂုတ္လ ၂၉ ရက္မွ စ၍ အခမဲ့ ျဖန႔္ေဝသြားမည္ဟု ေပးဆပ္သူ လူမႈ ကူညီေရး အသင္း ဥကၠဌက ေျပာသည္။
“အေရးႀကီးရင္ ႀကီးသလို အေျခအေနေပၚ မူတည္ၿပီး လိုအပ္သေလာက္ကို ပိတ္ရက္မရွိထုတ္လုပ္ေပးသြားမွာ” ဟု အသင္းဥကၠဌ ဦးသိန္းဝင္းဦး က ေျပာသည္။
ေအာက္စီဂ်င္လိုအပ္သူမ်ားသည္ ေခမာသီရီရပ္ကြက္က ေခမာသီရီေက်ာင္းတိုက္ အေနာက္ဘက္တြင္ ရွိသည့္ ေပးဆပ္သူ လူမႈကူညီေရးအသင္း႐ုံးတြင္ ေအာက္စီဂ်င္အိုးအလြတ္ႏွင့္ ဆရာဝန္ေထာက္ခံစာ ယူေဆာင္ၿပီး အကူ အညီေတာင္းခံႏိုင္သည္ဟု ေျပာသည္။
ျမစ္ႀကီးနားၿမိဳ႕အတြက္သာမက အျခားၿမိဳ႕႐ြာမ်ားမွ ေအာက္စီဂ်င္လိုအပ္သူမ်ားလည္း လာေရာက္ အကူအညီ ေတာင္းခံႏိုင္ၿပီး တစ္နာရီလွ်င္ ေအာက္စီဂ်င္ ၄၀ လီတာ အိုး ၁၀ အိုး ထုတ္ႏိုင္ၿပီျဖစ္ၿပီး လိုအပ္သည့္ အေျခအေန မ်ားေပၚ မူတည္၍ ထုတ္လုပ္ေပးသြားမည္ျဖစ္သည္ဟု အသင္း႐ုံးထံမွ သိရသည္။
ယခုတပ္ဆင္ထားသည့္ စက္သည္ တ႐ုတ္ႏိုင္ငံထုတ္ ေအာက္စီဂ်င္ထုတ္လုပ္သည့္ စက္အမ်ိဳးအစားျဖစ္ၿပီးျ မစ္ႀကီးနားၿမိဳ႕ေပၚက အလႈရွင္မ်ားႏွင့္ အနယ္နယ္အရပ္ရပ္က အလႈရွင္မ်ား၏ လႈဒါန္းေငြမ်ားျဖင့္ ေအာက္စီဂ်င္ ထုတ္လုပ္သည့္စက္ကို ဝယ္ယူတည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။
ေပးဆပ္သူအသင္းသည္ ေအာက္စီဂ်င္စက္႐ုံ မတည္ေဆာက္ခင္က ျမစ္ႀကီးနားၿမိဳ႕၊ မန္ခိန္ရပ္ကြက္ရွိ (စက္မႈဇုံ) အတြင္းက ေအာက္စီဂ်င္စက္႐ုံမွ ခြဲတမ္းက်ဝယ္ယူၿပီး ေအာက္စီဂ်င္လိုအပ္ေနသူမ်ားကို အသင္း႐ုံးတြင္ ျပန္ လည္ ေပးေဝခဲ့သည္။
ေပးဆပ္သူ လူမႈကူညီေရးအသင္း သည္ ျမစ္ႀကီးနားၿမိဳ႕တြင္ ကိုဗစ္-၁၉ ေရာဂါ သံသယႏွင့္ ေသဆုံးသူမ်ား၊ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးသူမ်ားကို သၿဂိဳလ္ေပးေနသည့္ လူမႈကူညီေရး အဖြဲ႕အစည္း တစ္ခုလည္း ျဖစ္သည္။