မကွေးတိုင်းအတွင်း လူတစ်ဦး ကျားကိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အတွင်း သြဂုတ်လ ၂၈ ရက်နေ့ နေ့လည် ပိုင်းက နွားကျောင်းသွားသော လူတစ်ဦး ကျားကိုက်ခံခဲ့ရသည်ဟု ကျောင်းကုန်းကြီးရွာခံများက ပြောသည်။

ကျားကိုက်မှု ဖြစ်ပွားရာ အနီးရှိ ကျောင်းကုန်းကြီး ကျေးရွာက ဒေသခံတစ်ဦး က “ရွာအနောက်ဖက်မှာ နေ့ခင်းဘက် နွားကျောင်းနေတုန်း ကျားကိုက်ခံရတာပါ ဒဏ်ရာကတော့များပါတယ်” ဟု ပြောသည်။

နွားကျောင်းသွားရာတွင် ကျားကိုက်ခံရသူမှာ ဦးစန်းဝင်း အသက် ၅၀ နှစ်ဖြစ်ပြီး ယခုလက်ရှိတွင် ပွင့်ဖြူမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု ပြောသည်။

ပြီးခဲ့သည့် ၅ ရက်ခန့်လောက်က ဆင်လူးရွာအနီးတွင် ကျားခြေရာကို ဒေသခံအချို့ က တွေ့ခဲ့ရသဖြင့် လူများစု၍ လိုက်လံရှာဖွေခြင်းများ ပြုလုပ်ကြပြီး အသိပေးခဲ့သော်လည်း ကျားကို တွေ့ရခြင်းမရှိခဲ့၍ သတိမမူမိ ကြဟု ဆိုသည်။

ကျောင်းကုန်းကြီးရွာသည် တောနှင့်ဝေးပြီး ကျားက အနောက်ရိုးမဘက်မှ နယ်ကျွံလာသည့် ကျားဖြစ်နိုင်ပြီး အစာအတွက် သားကောင်ရှာရင်း လူများနေထိုင်သည့် ရွာများ အနီးသို့ ရောက်လာခြင်းဖြစ်နိုင်သည်ဟုလည်း ဒေသခံတစ်ဦး က ပြောကြာသည်။

“ရွှေစက်တော် ဘေးမဲ့တောဝန်းကျင်မှာ ကျားအစာဖြစ်တဲ့ သမင်တွေ တော်တော်များကို ခပ်ဝေးဝေးက မြင် ဖူးပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ပွင့်ဖြူမြို့သည် မြန်မာပြည်၏ အနောက်အလယ်ပိုင်း ရခိုင်ရိုးမနှင့် ချင်း တောင်တန်းများ ဆက်စပ်ရာ ဒေသနှင့် မိုင် ၂၀ ကျော်ခန့်သာ ကွာဝေးကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကျားများ ကျင်လည် ကျက်စားနေသည့် ကျက်စားနယ်မြေသည် နိုင်ငံဧရိယာ၏ ၇ % ခန့်၊ ဧက (၁၂) သန်းကျော်ရှိသည်။

ကျားများ ကျင်လည်ကျက်စားသည့် နယ်မြေအတွင်း အနည်းဆုံး ကျား (၂၂) ကောင် ရှင်သန်ကျက်စားနေကြောင်း သစ်တောဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ ကမ္ဘာ့ကျားများနေ့ တွင် အတည်ပြုထုတ်ပြန်ထားသည်။

တရုတ်လူမျိုးတို့၏ ပြက္ခဒိန်တွင် ကျားနှစ်ဖြစ်သည့် လာမည့် ၂၀၂၂ ခုနှစ် တွင် ကျားကျက်စားသော နိုင်ငံ ၁၃ နိုင်ငံ တွင် သဘာဝကျားကောင်ရေ နှစ်ဆတိုးပွားရေး ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ဖြစ်သော Tx2 အကောင်အထည် ဖော်ရာတွင် မြန်မာနိုင်ငံသည်လည်း ပါဝင်ထားသည်။

မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ဟူးကောင်းတောင်ကြောဒေသသည်လည်း ကမ္ဘာ့အကြီးဆုံး သဘာဝ ကျားဘေးမဲ့ တောဖြစ်ပြီး စတုရမ်းမိုင် ၈၄၅၂ မိုင်သတ်မှတ်ထားသည်။

*** ZAWGYI ***
မေကြးတိုင္းအတြင္း လူတစ္ဦး က်ားကိုက္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၈ ရက္။

မေကြးတိုင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕နယ္ အတြင္း ၾသဂုတ္လ ၂၈ ရက္ေန႔ ေန႔လည္ ပိုင္းက ႏြားေက်ာင္းသြားေသာ လူတစ္ဦး က်ားကိုက္ခံခဲ့ရသည္ဟု ေက်ာင္းကုန္းႀကီး႐ြာခံမ်ားက ေျပာသည္။

က်ားကိုက္မႈ ျဖစ္ပြားရာ အနီးရွိ ေက်ာင္းကုန္းႀကီး ေက်း႐ြာက ေဒသခံတစ္ဦး က “႐ြာအေနာက္ဖက္မွာ ေန႔ခင္းဘက္ ႏြားေက်ာင္းေနတုန္း က်ားကိုက္ခံရတာပါ ဒဏ္ရာကေတာ့မ်ားပါတယ္” ဟု ေျပာသည္။

ႏြားေက်ာင္းသြားရာတြင္ က်ားကိုက္ခံရသူမွာ ဦးစန္းဝင္း အသက္ ၅၀ ႏွစ္ျဖစ္ၿပီး ယခုလက္ရွိတြင္ ပြင့္ျဖဴၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံတြင္ ေဆးကုသမႈခံယူေနရသည္ဟု ေျပာသည္။

ၿပီးခဲ့သည့္ ၅ ရက္ခန႔္ေလာက္က ဆင္လူး႐ြာအနီးတြင္ က်ားေျခရာကို ေဒသခံအခ်ိဳ႕ က ေတြ႕ခဲ့ရသျဖင့္ လူမ်ားစု၍ လိုက္လံရွာေဖြျခင္းမ်ား ျပဳလုပ္ၾကၿပီး အသိေပးခဲ့ေသာ္လည္း က်ားကို ေတြ႕ရျခင္းမရွိခဲ့၍ သတိမမူမိ ၾကဟု ဆိုသည္။

ေက်ာင္းကုန္းႀကီး႐ြာသည္ ေတာႏွင့္ေဝးၿပီး က်ားက အေနာက္႐ိုးမဘက္မွ နယ္ကြၽံလာသည့္ က်ားျဖစ္ႏိုင္ၿပီး အစာအတြက္ သားေကာင္ရွာရင္း လူမ်ားေနထိုင္သည့္ ႐ြာမ်ား အနီးသို႔ ေရာက္လာျခင္းျဖစ္ႏိုင္သည္ဟုလည္း ေဒသခံတစ္ဦး က ေျပာၾကာသည္။

“ေ႐ႊစက္ေတာ္ ေဘးမဲ့ေတာဝန္းက်င္မွာ က်ားအစာျဖစ္တဲ့ သမင္ေတြ ေတာ္ေတာ္မ်ားကို ခပ္ေဝးေဝးက ျမင္ ဖူးပါတယ္” ဟု ၎က ဆက္ေျပာသည္။

ဧရာဝတီျမစ္အေနာက္ဘက္ကမ္းရွိ ပြင့္ျဖဴၿမိဳ႕သည္ ျမန္မာျပည္၏ အေနာက္အလယ္ပိုင္း ရခိုင္႐ိုးမႏွင့္ ခ်င္း ေတာင္တန္းမ်ား ဆက္စပ္ရာ ေဒသႏွင့္ မိုင္ ၂၀ ေက်ာ္ခန႔္သာ ကြာေဝးေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအတြင္း က်ားမ်ား က်င္လည္ က်က္စားေနသည့္ က်က္စားနယ္ေျမသည္ ႏိုင္ငံဧရိယာ၏ ၇ % ခန႔္၊ ဧက (၁၂) သန္းေက်ာ္ရွိသည္။

က်ားမ်ား က်င္လည္က်က္စားသည့္ နယ္ေျမအတြင္း အနည္းဆုံး က်ား (၂၂) ေကာင္ ရွင္သန္က်က္စားေနေၾကာင္း သစ္ေတာဦးစီးဌာနက ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၂၉ ရက္ေန႔ ကမာၻ႔က်ားမ်ားေန႔ တြင္ အတည္ျပဳထုတ္ျပန္ထားသည္။

တ႐ုတ္လူမ်ိဳးတို႔၏ ျပကၡဒိန္တြင္ က်ားႏွစ္ျဖစ္သည့္ လာမည့္ ၂၀၂၂ ခုႏွစ္ တြင္ က်ားက်က္စားေသာ ႏိုင္ငံ ၁၃ ႏိုင္ငံ တြင္ သဘာဝက်ားေကာင္ေရ ႏွစ္ဆတိုးပြားေရး ကမာၻလုံးဆိုင္ရာ ရည္မွန္းခ်က္ျဖစ္ေသာ Tx2 အေကာင္အထည္ ေဖာ္ရာတြင္ ျမန္မာႏိုင္ငံသည္လည္း ပါဝင္ထားသည္။

ျမန္မာႏိုင္ငံ ေျမာက္ဖ်ားပိုင္း ဟူးေကာင္းေတာင္ေၾကာေဒသသည္လည္း ကမာၻ႔အႀကီးဆုံး သဘာဝ က်ားေဘးမဲ့ ေတာျဖစ္ၿပီး စတုရမ္းမိုင္ ၈၄၅၂ မိုင္သတ္မွတ္ထားသည္။