ဧရာဝတီတိုင်းအတွင်း လုံခြုံရေး တိုးမြှင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊
ဧရာဝတီတိုင်း၏ ဝင်ထွက်ပေါက်များနှင့် တိုင်းအတွင်း မြို့နယ်များအားလုံး၏ အဝင်ဂိတ်များတွင် စစ်ကောင်စီတပ်များက စက်တင်ဘာ ၅ ရက်မှ စ၍ လုံခြုံရေး တိုးမြှင့်ချထားကြောင်း ဒေသခံများက ပြောသည်။
“PDF တွေ ဧရာဝတီတိုင်းထဲကို ပြန်ဝင်လာနေတယ် ဆိုတဲ့ သတင်းအရ မြို့တိုင်းမှာ လုံခြုံ ရေးတင်းကြပ်ပြီး စစ်နေကြတာ” ဟု ဒေးဒရဲ မြို့ခံ ရပ်ကျေး အုပ်ချုပ်ရေးမှူး တစ်ဦး က ပြောသည်။
ရန်ကုန်တိုင်းဘက်မှ ဧရာဝတီတိုင်းသို့ ကုန်းလမ်းမှ ဝင်ရောက်နိုင်သည့် ပန်တိုင်ဂိတ်၊ မအူပင်-မလက်တိုဂိတ် နှင့် ဒေးဒရဲဂိတ် တို့တွင် စစ်တပ်၊ ရဲ နှင့် အရပ်ဝတ် ဝတ်ထားသူများ ပါဝင်ပြီး အင်အား အလုံးအရင်းဖြင့် တပ်စွဲကာ စစ်ဆေးဆောင်ရွက်နေကြောင်း ဒေသခံများ က ပြောသည်။
“ခရီးသွားတွေကို သာမန်စစ်တာမျိုး ကိုဗစ်ရောဂါ အတွက်စစ်တာမျိုးနဲ့ မတူဘူး။ သူတို့ (စစ်ဆေးသူ) လက်ထဲ က ဓာတ်ပုံတွေနဲ့ တိုက်ဆိုင်ကြည့်ပြီးစစ်ကြတယ်။ လူငယ်တွေဆို ကျားမ အကုန် လက်မောင်း လက်ဖြန် တတောင်ဆစ်တွေ စစ်တယ်” ဟု ရန်ကုန် မှ ပြန်လာစဉ် ဂိတ်တွင် စစ်ဆေးခံရသူ ကိုဝင်းဌေး က ပြောသည်။
တောတွင်း၌ စစ်သင်တန်း တက်ရောက်သူများမှာ မိကျောင်းတက်(ဝပ်၍ တွားသွား) တက်ရသည့် လေ့ကျင့်ခန်း၌ လက်မောင်း လက်ဖြန် တတောင်ဆစ် ဒူးဆစ်တို့တွင် ဒါဏ်ရာဒဏ်ချက်များရှိတတ်ရာ ထိုသူများကို PDF ဟု သံသ ယ ရှိ၍ ထိုကဲ့သို့ စစ်ဆေးနေခြင်း ဖြစ်နိုင်ကြောင်း စစ်သားဟောင်း တစ်ဦးက ဆိုသည်။
ဧရာဝတီတိုင်းထဲသို့ ရခိုင်ပြည်နယ်ဘက်မှ ဝင်နိုင်သည့် ကျောက်ချွန်ဂိတ်၊ သီတာကုန်းပြင်ဂိတ်နှင့် ဘက်ရဲဂိတ် များတွင်လည်း ပုံမှန်စစ်ဆေးမှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အခြားတိုင်းနှင့် ပြည်နယ်များမှ ဧရာဝတီတိုင်းသို့ ကုန်းလမ်းခရီးဖြင့် ဝင်ရောက်လာနိုင်သည့် ဝင်ပေါက် ခြောက်ခု ရှိပြီး မြို့ပေါင်း ၃၆ မြို့ရှိသည့် တိုင်းဒေသကြီး ဖြစ်သည်။
*** ZAWGYI ***
ဧရာဝတီတိုင္းအတြင္း လုံၿခဳံေရး တိုးျမႇင့္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္၊
ဧရာဝတီတိုင္း၏ ဝင္ထြက္ေပါက္မ်ားႏွင့္ တိုင္းအတြင္း ၿမိဳ႕နယ္မ်ားအားလုံး၏ အဝင္ဂိတ္မ်ားတြင္ စစ္ေကာင္စီတပ္မ်ားက စက္တင္ဘာ ၅ ရက္မွ စ၍ လုံၿခဳံေရး တိုးျမႇင့္ခ်ထားေၾကာင္း ေဒသခံမ်ားက ေျပာသည္။
“PDF ေတြ ဧရာဝတီတိုင္းထဲကို ျပန္ဝင္လာေနတယ္ ဆိုတဲ့ သတင္းအရ ၿမိဳ႕တိုင္းမွာ လုံၿခဳံ ေရးတင္းၾကပ္ၿပီး စစ္ေနၾကတာ” ဟု ေဒးဒရဲ ၿမိဳ႕ခံ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉး တစ္ဦး က ေျပာသည္။
ရန္ကုန္တိုင္းဘက္မွ ဧရာဝတီတိုင္းသို႔ ကုန္းလမ္းမွ ဝင္ေရာက္ႏိုင္သည့္ ပန္တိုင္ဂိတ္၊ မအူပင္-မလက္တိုဂိတ္ ႏွင့္ ေဒးဒရဲဂိတ္ တို႔တြင္ စစ္တပ္၊ ရဲ ႏွင့္ အရပ္ဝတ္ ဝတ္ထားသူမ်ား ပါဝင္ၿပီး အင္အား အလုံးအရင္းျဖင့္ တပ္စြဲကာ စစ္ေဆးေဆာင္႐ြက္ေနေၾကာင္း ေဒသခံမ်ား က ေျပာသည္။
“ခရီးသြားေတြကို သာမန္စစ္တာမ်ိဳး ကိုဗစ္ေရာဂါ အတြက္စစ္တာမ်ိဳးနဲ႔ မတူဘူး။ သူတို႔ (စစ္ေဆးသူ) လက္ထဲ က ဓာတ္ပုံေတြနဲ႔ တိုက္ဆိုင္ၾကည့္ၿပီးစစ္ၾကတယ္။ လူငယ္ေတြဆို က်ားမ အကုန္ လက္ေမာင္း လက္ျဖန္ တေတာင္ဆစ္ေတြ စစ္တယ္” ဟု ရန္ကုန္ မွ ျပန္လာစဥ္ ဂိတ္တြင္ စစ္ေဆးခံရသူ ကိုဝင္းေဌး က ေျပာသည္။
ေတာတြင္း၌ စစ္သင္တန္း တက္ေရာက္သူမ်ားမွာ မိေက်ာင္းတက္(ဝပ္၍ တြားသြား) တက္ရသည့္ ေလ့က်င့္ခန္း၌ လက္ေမာင္း လက္ျဖန္ တေတာင္ဆစ္ ဒူးဆစ္တို႔တြင္ ဒါဏ္ရာဒဏ္ခ်က္မ်ားရွိတတ္ရာ ထိုသူမ်ားကို PDF ဟု သံသ ယ ရွိ၍ ထိုကဲ့သို႔ စစ္ေဆးေနျခင္း ျဖစ္ႏိုင္ေၾကာင္း စစ္သားေဟာင္း တစ္ဦးက ဆိုသည္။
ဧရာဝတီတိုင္းထဲသို႔ ရခိုင္ျပည္နယ္ဘက္မွ ဝင္ႏိုင္သည့္ ေက်ာက္ခြၽန္ဂိတ္၊ သီတာကုန္းျပင္ဂိတ္ႏွင့္ ဘက္ရဲဂိတ္ မ်ားတြင္လည္း ပုံမွန္စစ္ေဆးမႈမ်ား ရွိေနေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။
အျခားတိုင္းႏွင့္ ျပည္နယ္မ်ားမွ ဧရာဝတီတိုင္းသို႔ ကုန္းလမ္းခရီးျဖင့္ ဝင္ေရာက္လာႏိုင္သည့္ ဝင္ေပါက္ ေျခာက္ခု ရွိၿပီး ၿမိဳ႕ေပါင္း ၃၆ ၿမိဳ႕ရွိသည့္ တိုင္းေဒသႀကီး ျဖစ္သည္။