ဖျာပုံတွင် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရပြီး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦး သြဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိခဲ့သည်ဟု အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူက ပြောသည်။
အမည်မသိ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် အမှတ် ၄ ရပ်ကွက်၏ အုပ်ချုပ်ရေးမှူး ဦးပုချို၏ ပေါင်ကို နှစ်ချက် ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိ တွင် ဆေးကုသမှု ခံယူနေရသည်ဟု ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များ က ပြော သည်။
“ညနေ ၆နာရီခန့် မှာ ဦးချိုပုက ခြင်းခတ်ပြီး ပြန်အလာ ဆိုင်ကယ်တစ်စီးက လိုက်ပြီး ပစ်တာ။ ပစ်ပြီး ဆိုင် ကယ်ကို မောင်းပြေးသွားတယ်” ဟု ဖျာပုံမြို့ ရဲတပ်ဖွဲ့ က ပြောသည်။
သေနတ်သမားက ဆိုင်ကယ်ကိုရပ်၍ပစ်ခတ်ခဲ့ပြီး၊ ထိုသို့ပစ်ခတ်ခံရစဉ် ဦးပုချိုက ဝပ်လိုက်သဖြင့် အသက် အန္တရာယ်ရှိနိုင်သည့် နေရာကို မထိခဲ့ကြောင်း ထို့နောက် ဆိုင်ကယ်ကို ပြန်မောင်းထွက်ချိန်တွင် ၂ ချက် ထပ်မံ ပစ်ရာ ပေါင်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ထားသူ ဦးအောင်ကြီး က ဖျာပုံမြို့နယ်အတွင်းက အခြေအနေ နှင့် ပတ်သက်၍ “ဒလန် အမည်ပေါက်သူတွေနဲ့ တချို့အုပ်ကြီးတွေ ခြိမ်းခြောက်ခံနေရတယ်။ လုံခြုံမှု မရှိဘူး ဖြစ်နေတယ်။ တာဝန်ရှိတဲ့ အဖွဲ့အစည်းကလည်း အကာအကွယ်လည်း မပေးနိုင်ဘူး” ဟု ပြောသည်။
ဖျာပုံခရိုင် မြို့နယ် ၄ ခု အတွင်းရှိ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများအား လေးဂွ နှင့် ဓားမြှောင်ကဲ့သို့သော လက်နက်များ ကိုင်ဆောင်၍ အထူးသတိထား သွားလာကြရန် ဖျာပုံခရိုင် စစ်ကောင်စီက သြဂုတ်လ ၂၁ ရက် နေ့က ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
*** ZAWGYI ***
ဖ်ာပုံတြင္ အုပ္ခ်ဳပ္ေရးမႉးတစ္ဦး ေသနတ္ပစ္ခံရၿပီး ဒဏ္ရာရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္။
ဧရာဝတီတိုင္းေဒသႀကီး၊ ဖ်ာပုံၿမိဳ႕တြင္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး တစ္ဦး ၾသဂုတ္လ ၅ ရက္ေန႔ ညေနပိုင္းက ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ ဒဏ္ရာရရွိခဲ့သည္ဟု အုပ္ခ်ဳပ္ေရးပိုင္း တာဝန္ရွိသူက ေျပာသည္။
အမည္မသိ ေသနတ္သမား၏ ပစ္ခတ္မႈေၾကာင့္ အမွတ္ ၄ ရပ္ကြက္၏ အုပ္ခ်ဳပ္ေရးမႉး ဦးပုခ်ိဳ၏ ေပါင္ကို ႏွစ္ခ်က္ ထိမွန္ကာ ဒဏ္ရာရရွိခဲ့ၿပီး လက္ရွိ တြင္ ေဆးကုသမႈ ခံယူေနရသည္ဟု ရပ္ကြက္အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား က ေျပာ သည္။
“ညေန ၆နာရီခန႔္ မွာ ဦးခ်ိဳပုက ျခင္းခတ္ၿပီး ျပန္အလာ ဆိုင္ကယ္တစ္စီးက လိုက္ၿပီး ပစ္တာ။ ပစ္ၿပီး ဆိုင္ ကယ္ကို ေမာင္းေျပးသြားတယ္” ဟု ဖ်ာပုံၿမိဳ႕ ရဲတပ္ဖြဲ႕ က ေျပာသည္။
ေသနတ္သမားက ဆိုင္ကယ္ကိုရပ္၍ပစ္ခတ္ခဲ့ၿပီး၊ ထိုသို႔ပစ္ခတ္ခံရစဥ္ ဦးပုခ်ိဳက ဝပ္လိုက္သျဖင့္ အသက္ အႏၲရာယ္ရွိႏိုင္သည့္ ေနရာကို မထိခဲ့ေၾကာင္း ထို႔ေနာက္ ဆိုင္ကယ္ကို ျပန္ေမာင္းထြက္ခ်ိန္တြင္ ၂ ခ်က္ ထပ္မံ ပစ္ရာ ေပါင္ကို ထိမွန္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။
ရပ္ကြက္ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ အျဖစ္မွ ႏုတ္ထြက္ထားသူ ဦးေအာင္ႀကီး က ဖ်ာပုံၿမိဳ႕နယ္အတြင္းက အေျခအေန ႏွင့္ ပတ္သက္၍ “ဒလန္ အမည္ေပါက္သူေတြနဲ႔ တခ်ိဳ႕အုပ္ႀကီးေတြ ၿခိမ္းေျခာက္ခံေနရတယ္။ လုံၿခဳံမႈ မရွိဘူး ျဖစ္ေနတယ္။ တာဝန္ရွိတဲ့ အဖြဲ႕အစည္းကလည္း အကာအကြယ္လည္း မေပးႏိုင္ဘူး” ဟု ေျပာသည္။
ဖ်ာပုံခ႐ိုင္ ၿမိဳ႕နယ္ ၄ ခု အတြင္းရွိ ရပ္ကြက္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ားအား ေလးဂြ ႏွင့္ ဓားေျမႇာင္ကဲ့သို႔ေသာ လက္နက္မ်ား ကိုင္ေဆာင္၍ အထူးသတိထား သြားလာၾကရန္ ဖ်ာပုံခ႐ိုင္ စစ္ေကာင္စီက ၾသဂုတ္လ ၂၁ ရက္ ေန႔က ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားသည္။