ရေကြည်တွင် ဗုံးနှစ်လုံးပေါက်ကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။
ဧရာဝတီတိုင်း ဒေသကြီး၊ ရေကြည်မြို့နယ်၊ တွင် စက်တင်ဘာလ ၅ ရက်နေ့ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည် ဟု ဒေသခံများက ပြောသည်။
ငါးသိုင်းချောင်းမြို့၊ သရက်ကုန်းလမ်းထိပ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးရှေ့တွင် ည ၉ နာရီ ၁၀မိနစ် ဝန်းကျင် နှင့် ည ၉ နာရီခွဲ အချိန်ခန့်တို့တွင် ၁၅ မိနစ်စီ ခန့်ခြား၍ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
“အသံတော်တော်ကျယ်တယ်။ မြေကြီးတွေပါ တုန်သွားတာပဲ။ ဘယ်သူမှ ထွက်မကြည့်ဘူး။ စစ်တပ် က လာ စစ်တာ မြင်တယ်” ဟု သရက်ကုန်းလမ်းအတွင်း နေထိုင်သူ တစ်ဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုများတွင် ထိခိုက်ဒဏ်ရာရသူ မရှိသလို မည်သူ့ လက်ချက်မှန်းလည်း မသိရသေးကြောင်း ဒေသခံများက ပြောသည်။
ဗုံးပေါက်ကွဲမှု နှင့်ပါတ်သက်၍ ရေကြည်မြို့နယ် စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့က ဆောင်ရွက်မှု အခြေ အနေအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ထုတ်ဖော် ပြောကြားခြင်း မရှိပေ။
ငါးသိုင်းချောင်းမြို့အတွင်း မေလဆန်း မှ စက်တင် ဘာလ ၅ ရက်နေ့ အထိ ဗုံးပေါက်ကွဲမှု ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့ ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ငါးသိုင်းချောင်းမြို့သည် ပုသိမ်ခရိုင် ရေကြည်မြို့နယ် အတွင်းရှိ မြို့ငယ်တစ်မြို့ ဖြစ်သည်။
*** ZAWGYI ***
ေရၾကည္တြင္ ဗုံးႏွစ္လုံးေပါက္ကြဲ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္။
ဧရာဝတီတိုင္း ေဒသႀကီး၊ ေရၾကည္ၿမိဳ႕နယ္၊ တြင္ စက္တင္ဘာလ ၅ ရက္ေန႔ ဗုံးႏွစ္လုံး ေပါက္ကြဲခဲ့သည္ ဟု ေဒသခံမ်ားက ေျပာသည္။
ငါးသိုင္းေခ်ာင္းၿမိဳ႕၊ သရက္ကုန္းလမ္းထိပ္ရွိ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ ဆက္ဆံေရး႐ုံးေရွ႕တြင္ ည ၉ နာရီ ၁၀မိနစ္ ဝန္းက်င္ ႏွင့္ ည ၉ နာရီခြဲ အခ်ိန္ခန႔္တို႔တြင္ ၁၅ မိနစ္စီ ခန႔္ျခား၍ ဗုံးႏွစ္လုံး ဆက္တိုက္ေပါက္ကြဲခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။
“အသံေတာ္ေတာ္က်ယ္တယ္။ ေျမႀကီးေတြပါ တုန္သြားတာပဲ။ ဘယ္သူမွ ထြက္မၾကည့္ဘူး။ စစ္တပ္ က လာ စစ္တာ ျမင္တယ္” ဟု သရက္ကုန္းလမ္းအတြင္း ေနထိုင္သူ တစ္ဦးက ေျပာသည္။
ဗုံးေပါက္ကြဲမႈမ်ားတြင္ ထိခိုက္ဒဏ္ရာရသူ မရွိသလို မည္သူ႔ လက္ခ်က္မွန္းလည္း မသိရေသးေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ဗုံးေပါက္ကြဲမႈ ႏွင့္ပါတ္သက္၍ ေရၾကည္ၿမိဳ႕နယ္ စစ္ေကာင္စီ၏ လက္ေအာက္ခံ ရဲတပ္ဖြဲ႕က ေဆာင္႐ြက္မႈ အေျခ အေနအား ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ထုတ္ေဖာ္ ေျပာၾကားျခင္း မရွိေပ။
ငါးသိုင္းေခ်ာင္းၿမိဳ႕အတြင္း ေမလဆန္း မွ စက္တင္ ဘာလ ၅ ရက္ေန႔ အထိ ဗုံးေပါက္ကြဲမႈ ၁၀ ႀကိမ္ခန႔္ ျဖစ္ပြားခဲ့ ေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။
ငါးသိုင္းေခ်ာင္းၿမိဳ႕သည္ ပုသိမ္ခ႐ိုင္ ေရၾကည္ၿမိဳ႕နယ္ အတြင္းရွိ ၿမိဳ႕ငယ္တစ္ၿမိဳ႕ ျဖစ္သည္။