KNLA နှင့် KNDO ပူးပေါင်းအဖွဲ့မှ တပ်စခန်းတစ်ခုကို သိမ်းပိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
KNU တပ်မဟာ ၃ နှင့် တပ်မဟာ ၅ ကြားရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ KNDO ပူးပေါင်းတပ်တို့က စက်တင်ဘာလ ၉ ရက် (ယနေ့) တွင် တိုက်ခိုက်သိမ်းယူလိုက်သည်ဟု KNU ပြန်ကြားရေးဌာန က ပြောသည်။
KNU ပြန်ကြားရေးဌာနက စက်တင်ဘာလ ၉ ရက်နေ့ ယနေ့ ထုတ်ပြန်ချက်ထဲတွင် “ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေ တပ်မ ဟာ ၃ နှင့် တပ်မဟာ ၅ အကြားရှိ ကဘောတူအရပ်ဒေသမှ အာဏာသိမ်းစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်း ကို တိုက်ခိုက်သိမ်းယူလိုက်ပါသည်” ဟု ပါရှိသည်။
စစ်ကောင်စီ၏ တပ်စခန်းကို သိမ်းယူနိုင်ခဲ့သော်လည်း တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိပေ။ ထုတ်ပြန်ချက်ထဲတွင် “ဆက်လက်ဖော်ပြမည်” ဟု ရေးထားသည်။
“ထို့သို့ အာဏာသိမ်းစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်း ကို KNU – KNLA နှင့် KNDO တို့မှတိုက်ခိုက်သိမ်း ယူ ပြီးသည့်နောက်တွင် အာဏာသိမ်းစစ်ကောင်စီတို့သည် အခင်းဖြစ်ပွားသောနေရာနှင့်အနီးတဝှိက်နှင့် ကေအဲန်ယူ – မူတြော်ခရိုင်ရှိ ယယ်မူပလောကျေးရွာကို လေယာဥ်ဖြင့် လာရောက်ကြည့်ရှုထောက်လှမ်း မှုများပြုလုပ် ကြ ပါသည်” ဟု KNU က ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။
စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတဲ့အတွက် ဩဂုတ်လအတွင်းမှာ KNU တပ်မဟာ (၁) နယ်မြေ ဒူးသထူခရိုင်ထဲမှာ ၂၄ ကြိမ်၊ တပ်မဟာ ၂ နယ်မြေ တောင်ငူခရိုင် ၆ ကြိမ်၊ တပ်မဟာ ၃ ညောင်လေးပင် ခရိုင် ၂ ကြိမ်၊ တပ်မဟာ ၅ မူတြော်ခရိုင်ထဲမှာ ၁၈၁ ကြိမ်နှင့် တပ်မဟာ ၆ ဒူးပလာယာခရိုင်ထဲတွင် ၄ ကြိမ် စုစု ပေါင်း ၂၁၇ ကြိမ် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု KNU ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၇ ရက်နေ့ က အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ကောင်စီကို စတင်တွန်းလှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း ၎င်းတို့၏ ဒေသကို အခိုင်အမာ တိုက်ခိုက် ထိန်းချုပ်နိုင်အောင် လုပ်ဆောင်ရန် ပြောဆိုထားသည်။
ထိုသို့ ပြောဆိုပြီးနောက် ၂ ရက်အကြာတွင် KNU ၏ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် KNLA နှင့် KNDO တို့မှ တပ်မဟာ ၃ နှင့် တပ်မဟာ ၅ ကြားရှိ စစ်ကောင်စီ၏ တပ်စခန်းကို ဝင်ရောက်တိုက် ခိုက် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအဝန်းတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ တိုင်းရင်းသား ဒေသများတွင်လည်း စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသည်။
*** ZAWGYI ***
KNLA ႏွင့္ KNDO ပူးေပါင္းအဖြဲ႕မွ တပ္စခန္းတစ္ခုကို သိမ္းပိုက္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။
KNU တပ္မဟာ ၃ ႏွင့္ တပ္မဟာ ၅ ၾကားရွိ စစ္ေကာင္စီ၏ တပ္စခန္းတစ္ခုကို ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ KNLA ႏွင့္ ကရင္ အမ်ိဳးသား ကာကြယ္ေရး အဖြဲ႕ KNDO ပူးေပါင္းတပ္တို႔က စက္တင္ဘာလ ၉ ရက္ (ယေန႔) တြင္ တိုက္ခိုက္သိမ္းယူလိုက္သည္ဟု KNU ျပန္ၾကားေရးဌာန က ေျပာသည္။
KNU ျပန္ၾကားေရးဌာနက စက္တင္ဘာလ ၉ ရက္ေန႔ ယေန႔ ထုတ္ျပန္ခ်က္ထဲတြင္ “ေကအဲန္ယူ – ကရင္အမ်ိဳးသားအစည္းအ႐ုံး၏ ထိန္းခ်ဳပ္နယ္ေျမ တပ္မ ဟာ ၃ ႏွင့္ တပ္မဟာ ၅ အၾကားရွိ ကေဘာတူအရပ္ေဒသမွ အာဏာသိမ္းစစ္ေကာင္စီ၏ အေျခစိုက္တပ္စခန္း ကို တိုက္ခိုက္သိမ္းယူလိုက္ပါသည္” ဟု ပါရွိသည္။
စစ္ေကာင္စီ၏ တပ္စခန္းကို သိမ္းယူႏိုင္ခဲ့ေသာ္လည္း တိုက္ပြဲအ တြင္း ထိခိုက္က်ဆုံးမႈမ်ားႏွင့္ ပတ္သက္၍ အေသးစိတ္ထုတ္ျပန္ထားျခင္း မရွိေပ။ ထုတ္ျပန္ခ်က္ထဲတြင္ “ဆက္လက္ေဖာ္ျပမည္” ဟု ေရးထားသည္။
“ထို႔သို႔ အာဏာသိမ္းစစ္ေကာင္စီ၏ အေျခစိုက္တပ္စခန္း ကို KNU – KNLA ႏွင့္ KNDO တို႔မွတိုက္ခိုက္သိမ္း ယူ ၿပီးသည့္ေနာက္တြင္ အာဏာသိမ္းစစ္ေကာင္စီတို႔သည္ အခင္းျဖစ္ပြားေသာေနရာႏွင့္အနီးတဝွိက္ႏွင့္ ေကအဲန္ယူ – မူေၾတာ္ခ႐ိုင္ရွိ ယယ္မူပေလာေက်း႐ြာကို ေလယာဥ္ျဖင့္ လာေရာက္ၾကည့္ရႈေထာက္လွမ္း မႈမ်ားျပဳလုပ္ ၾက ပါသည္” ဟု KNU က ထုတ္ျပန္ခ်က္ထဲတြင္ ေျပာဆိုထားသည္။
စစ္ေကာင္စီတပ္ဘက္က စစ္ေရးလႈပ္ရွားမႈေတြ လုပ္ေနတဲ့အတြက္ ဩဂုတ္လအတြင္းမွာ KNU တပ္မဟာ (၁) နယ္ေျမ ဒူးသထူခ႐ိုင္ထဲမွာ ၂၄ ႀကိမ္၊ တပ္မဟာ ၂ နယ္ေျမ ေတာင္ငူခ႐ိုင္ ၆ ႀကိမ္၊ တပ္မဟာ ၃ ေညာင္ေလးပင္ ခ႐ိုင္ ၂ ႀကိမ္၊ တပ္မဟာ ၅ မူေၾတာ္ခ႐ိုင္ထဲမွာ ၁၈၁ ႀကိမ္ႏွင့္ တပ္မဟာ ၆ ဒူးပလာယာခ႐ိုင္ထဲတြင္ ၄ ႀကိမ္ စုစု ေပါင္း ၂၁၇ ႀကိမ္ ထိေတြ႕ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့သည္ဟု KNU ထုတ္ျပန္ထားသည္။
စက္တင္ဘာလ ၇ ရက္ေန႔ က အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ယာယီသမၼတ ဒူဝါလရွီးလက တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ စစ္ေကာင္စီကို စတင္တြန္းလွန္တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္းႏွင့္ တိုင္းရင္းသား လက္နက္ ကိုင္ အဖြဲ႕အစည္းမ်ားကလည္း ၎တို႔၏ ေဒသကို အခိုင္အမာ တိုက္ခိုက္ ထိန္းခ်ဳပ္ႏိုင္ေအာင္ လုပ္ေဆာင္ရန္ ေျပာဆိုထားသည္။
ထိုသို႔ ေျပာဆိုၿပီးေနာက္ ၂ ရက္အၾကာတြင္ KNU ၏ လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ားျဖစ္သည့္ KNLA ႏွင့္ KNDO တို႔မွ တပ္မဟာ ၃ ႏွင့္ တပ္မဟာ ၅ ၾကားရွိ စစ္ေကာင္စီ၏ တပ္စခန္းကို ဝင္ေရာက္တိုက္ ခိုက္ သိမ္းပိုက္လိုက္ျခင္းျဖစ္သည္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္ေကာင္စီမွ အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံအဝန္းတြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ ျပည္သူကာကြယ္ေရးတပ္မ်ား တိုက္ပြဲျဖစ္ပြားေနသကဲ့သို႔ တိုင္းရင္းသား ေဒသမ်ားတြင္လည္း စစ္ေကာင္စီက တိုင္းရင္းသား လက္နက္ကိုင္တပ္မ်ားႏွင့္ တိုက္ပြဲျဖစ္ပြားေနသည္။