စစ်ကောင်စီ တပ်ဖွဲ့များ ဧရာဝတီတိုင်းအတွင်း လူစုဆောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
ဧရာဝတီတိုင်းဒေသကြီး အတွင်း မြို့နယ်များရှိ ရပ်ကွက် ကျေးရွာ အချို့တွင် အာဏာသိမ်း စစ်ကောင်စီက ကျေးရွာတစ်ရွာလျှင် လူ ၃၀ တောင်းပြီး လူအင်အား စုဆောင်းနေသည်ဟု သိရသည်။
စက်တင်ဘာ လဆန်းပိုင်းက စတင်၍ ရပ်ကွက်/ ကျေးရွာ အုပ်စု တစ်ခုလျှင် လူအင်အား ၃၀ ဦး ထက်မနည်း ရှာဖွေပေးရန်၊ အထူးသဖြင့် လူငယ်လူလတ်များကို စုဆောင်းပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စေခိုင်း ထားကြောင်း ရပ်ကွက် နှင့်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် အချို့က ပြောသည်။
“အရင်ကတော့ စစ်တပ်က ဆရာကြီးတွေက စစ်ထဲဝင်ဖို့ လူလာ စုဆောင်းတာမျိုး ပုံမှန် ရှိပါတယ်။ အခု စု ဆောင်းတာက မဖြစ်မနေ အလျင်စလို အပူတပြင်းနဲ့ စုဆောင်းတာမျိုးပါ” ဟု မြောင်းမြ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦး က ပြောသည်။
တိုင်းအတွင်းရှိ မြို့နယ် အားလုံးနီးပါးက ရပ်ကွက် ကျေးရွာများတွင် လူစုဆောင်းမှု စတင်သည့် နေ့ရက် မတူကြ ကြောင်း မအူပင်ခရိုင်တွင် ဇူလိုင်လဆန်းကပင် စုဆောင်းနေခြင်းဖြစ်ကြောင်း မအူပင် ဒေသခံအချို့ က ပြော သည်။
ထိုသို့ စစ်ကောင်စီက လူစုဆောင်းနေသော်လည်း မရရှိသဖြင့် လမ်းပေါ် လေလွင့်နေသည့် အရွယ် မရောက် သေးသည့် လူငယ်လေးများကို နည်းအမျိုးမျိုးဖြင့် စုဆောင်းနေသည်ဟု ဒေသခံအချို့က ပြောသည်။
ပုသိမ် ဒေသခံ ဦးဝင်းမောင် က “လူငယ်တွေ တင်မကဘူး သန်စွမ်းတဲ့ လူလတ်ပိုင်းကိုလည်း စုပေးခိုင်းတော့ ပေါ်တာ အတွက်လည်း ဖြစ်နိုင် တယ်။ ဘုမသိ ဘမသိတဲ့ စာမတတ် လေလွင့် လူငယ်လေးတွေကိုတော့ စစ်သား လုပ်ခိုင်း နိုင်တယ်” ဟု ပြောသည်။
ရေကြည်၊ မအူပင်နှင့် ဖျာပုံ မြို့နယ်တို့တွင် ဒလန်ဟု အမည်ထွက်နေသူ လူလတ်ပိုင်းအချို့က စုဆောင်းသူထံ ဒေသအတွင်းက လူငယ်၊ လူလတ်ပိုင်း စာရင်းပေးသွင်းမှုများလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
ဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသူ သတင်းပေး(ဒလန်) များရှိနေသည့်အတွက် ဒေသအတွင်း လုံခြုံမှုမရှိသည့်အနေအထားမျိုး ဖြစ်နေရသည်ဟု ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်းတွင် မြို့ပေါင်း ၃၆ မြို့ ရှိကာ ရပ်ကွက် နှင့် ကျေးရွာ အုပ်စု ၃၀၀၀ နီးပါးရှိသည်ဟု လူဝင်မှုကြီး ကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာန မှတ်တမ်းများ အရ သိရသည်။
*** ZAWGYI ***
စစ္ေကာင္စီ တပ္ဖြဲ႕မ်ား ဧရာဝတီတိုင္းအတြင္း လူစုေဆာင္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။
ဧရာဝတီတိုင္းေဒသႀကီး အတြင္း ၿမိဳ႕ နယ္မ်ားရွိ ရပ္ကြက္ ေက်း႐ြာ အခ်ိဳ႕တြင္ အာဏာသိမ္း စစ္ေကာင္စီက ေက်း႐ြာတစ္႐ြာလွ်င္ လူ ၃၀ ေတာင္းၿပီး လူအင္အား စုေဆာင္းေနသည္ဟု သိရသည္။
စက္တင္ဘာ လဆန္းပိုင္းက စတင္၍ ရပ္ကြက္/ ေက်း႐ြာ အုပ္စု တစ္ခုလွ်င္ လူအင္အား ၃၀ ဦး ထက္မနည္း ရွာေဖြေပးရန္၊ အထူးသျဖင့္ လူငယ္လူလတ္မ်ားကို စုေဆာင္းေပးရန္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားကို ေစခိုင္း ထားေၾကာင္း ရပ္ကြက္ ႏွင့္ေက်း႐ြာ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ အခ်ိဳ႕က ေျပာသည္။
“အရင္ကေတာ့ စစ္တပ္က ဆရာႀကီးေတြက စစ္ထဲဝင္ဖို႔ လူလာ စုေဆာင္းတာမ်ိဳး ပုံမွန္ ရွိပါတယ္။ အခု စု ေဆာင္းတာက မျဖစ္မေန အလ်င္စလို အပူတျပင္းနဲ႔ စုေဆာင္းတာမ်ိဳးပါ” ဟု ေျမာင္းျမ ေဒသခံ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ တစ္ဦး က ေျပာသည္။
တိုင္းအတြင္းရွိ ၿမိဳ႕နယ္ အားလုံးနီးပါးက ရပ္ကြက္ ေက်း႐ြာမ်ားတြင္ လူစုေဆာင္းမႈ စတင္သည့္ ေန႔ရက္ မတူၾက ေၾကာင္း မအူပင္ခ႐ိုင္တြင္ ဇူလိုင္လဆန္းကပင္ စုေဆာင္းေနျခင္းျဖစ္ေၾကာင္း မအူပင္ ေဒသခံအခ်ိဳ႕ က ေျပာ သည္။
ထိုသို႔ စစ္ေကာင္စီက လူစုေဆာင္းေနေသာ္လည္း မရရွိသျဖင့္ လမ္းေပၚ ေလလြင့္ေနသည့္ အ႐ြယ္ မေရာက္ ေသးသည့္ လူငယ္ေလးမ်ားကို နည္းအမ်ိဳးမ်ိဳးျဖင့္ စုေဆာင္းေနသည္ဟု ေဒသခံအခ်ိဳ႕က ေျပာသည္။
ပုသိမ္ ေဒသခံ ဦးဝင္းေမာင္ က “လူငယ္ေတြ တင္မကဘူး သန္စြမ္းတဲ့ လူလတ္ပိုင္းကိုလည္း စုေပးခိုင္းေတာ့ ေပၚတာ အတြက္လည္း ျဖစ္ႏိုင္ တယ္။ ဘုမသိ ဘမသိတဲ့ စာမတတ္ ေလလြင့္ လူငယ္ေလးေတြကိုေတာ့ စစ္သား လုပ္ခိုင္း ႏိုင္တယ္” ဟု ေျပာသည္။
ေရၾကည္၊ မအူပင္ႏွင့္ ဖ်ာပုံ ၿမိဳ႕နယ္တို႔တြင္ ဒလန္ဟု အမည္ထြက္ေနသူ လူလတ္ပိုင္းအခ်ိဳ႕က စုေဆာင္းသူထံ ေဒသအတြင္းက လူငယ္၊ လူလတ္ပိုင္း စာရင္းေပးသြင္းမႈမ်ားလုပ္ေဆာင္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
ေဒသအတြင္း စစ္ေကာင္စီတပ္ဖြဲ႕မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနသူ သတင္းေပး(ဒလန္) မ်ားရွိေနသည့္အတြက္ ေဒသအတြင္း လုံၿခဳံမႈမရွိသည့္အေနအထားမ်ိဳး ျဖစ္ေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။
ဧရာဝတီတိုင္းတြင္ ၿမိဳ႕ေပါင္း ၃၆ ၿမိဳ႕ ရွိကာ ရပ္ကြက္ ႏွင့္ ေက်း႐ြာ အုပ္စု ၃၀၀၀ နီးပါးရွိသည္ဟု လူဝင္မႈႀကီး ၾကပ္ေရး ႏွင့္ ျပည္သူ႔အင္အား ဦးစီးဌာန မွတ္တမ္းမ်ား အရ သိရသည္။