အကြမ်းဖက် တိုက်ဖျက်ရေး ပုဒ်မဖြင့် တရားစွဲခံရသူ ရခိုင်လူငယ် ၄ ဦး အမှု ပိတ်သိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် ၂ နှစ်ကျော် အကြာ ဖမ်းဆီး ချုပ်နှောင် တရားစွဲဆိုခံထားရသည့် ရခိုင်လူငယ် ၄ ဦးကို စက်တင်ဘာလ ၉ရက်နေ့ (ယနေ့) နေ့လည်ပိုင်းတွင် စစ်တွေ ခရိုင်တရားရုံးမှ ပြန်လွှတ်ပေးလိုက်သည်။
တရားစွဲဆိုထားသည့် အာဏာပိုင် အဖွဲ့အစည်းက ရခိုင်လူငယ် ၄ ဦး ကို တရားဝင် အမှုရုတ်သိမ်းလွှာ တင်လာသည့် အတွက် ယခုကဲ့သို့ အမှုရုတ်သိမ်းပေးလိုက်ရခြင်း ဖြစ်သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်ဝင်း က ပြောသည်။
“အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုက ဥပဒေအကြံ ပြုချက်နဲ့ တရားစွဲဆိုထားတာကြောင့် တရားရုံးကို ရုတ် သိမ်းလွှာ တင်လာပေမယ့် တရားစွဲ အဖွဲ့အစည်း အဆင့်ဆင့်ကိုသွားပြီးမှ ရုတ်သိမ်းလွှာအပေါ်မှာ ခွင့်ပြုရတာ ဖြစ်တဲ့အတွက် တရားရုံးက ရုတ်သိမ်းခွင့်ပြုတဲ့အမိန့်ကို ချမှတ်လိုက်တာဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့ ဦးအောင်နိုင်ဝင်းက ရှင်းပြသည်။
ဖမ်းဆီးခံရသူ ရခိုင်လူငယ် ၄ ဦးက ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ပုဏ္ဏားကျွန်းမြို့ ရဲစခန်းအနီးတွင် ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂(က) နှင့် တရားစွဲဆိုခြင်းခံခဲ့ရပြီးနောက် ၂နှစ်ကျော်အကြာတွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။
လွတ်မြောက်လာသူများမှာ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်က ကိုမောင်ချေ (၃၃)နှစ်၊ ရသေ့တောင်မြို့ နယ် အောင်သစ္စာကျေးရွာက ကိုနေလင်းထွန်း(၁၉)နှစ်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကျေးရွာက ကိုဇော်နိုင်ဝင်း (၁၉)နှစ်နှင့် ပေါက်တောမြို့နယ်၊ ရွာချောင်းကြီးကျေးရွာက ကိုမောင်သန်းဌေး (၂၂) နှစ်တို့ ဖြစ်သည်။
“ကျမသား ဖမ်းဆီးခံရတော့ လူပင်ပန်းစိတ်ပင်ပန်းနဲ့ ဖြစ်ခဲ့ရတယ်။ အခုလိုပြန်လွှတ်လာတော့ အရမ်းဝမ်းသာ တယ်။ အပြစ်မရှိဘဲ ဖမ်းခံထားရတော့ ပြန်လွှတ်စေချင်တာကြာပြီ” ဟု ကိုမောင်ချေ ၏ မိခင် ဒေါ်မအောင်သိန်း က ပြောသည်။
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ ၂၀၀ ကျော် ရှိသည်ဟု သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းများအရ သိရသည်။
အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မနှင့် တရားစွဲဆိုခံထားရသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်မှု ၁၇ မှုကို ပြီးခဲ့သည့် မေလအတွင်းက စစ်ကောင်စီမှ ပြန်လည်ရုတ်သိမ်းပေးခဲ့သည်။
*** ZAWGYI ***
အၾကမ္းဖက္ တိုက္ဖ်က္ေရး ပုဒ္မျဖင့္ တရားစြဲခံရသူ ရခိုင္လူငယ္ ၄ ဦး အမႈ ပိတ္သိမ္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။
ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕တြင္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၂(က)ျဖင့္ ၂ ႏွစ္ေက်ာ္ အၾကာ ဖမ္းဆီး ခ်ဳပ္ေႏွာင္ တရားစြဲဆိုခံထားရသည့္ ရခိုင္လူငယ္ ၄ ဦးကို စက္တင္ဘာလ ၉ရက္ေန႔ (ယေန႔) ေန႔လည္ပိုင္းတြင္ စစ္ေတြ ခ႐ိုင္တရား႐ုံးမွ ျပန္လႊတ္ေပးလိုက္သည္။
တရားစြဲဆိုထားသည့္ အာဏာပိုင္ အဖြဲ႕အစည္းက ရခိုင္လူငယ္ ၄ ဦး ကို တရားဝင္ အမႈ႐ုတ္သိမ္းလႊာ တင္လာသည့္ အတြက္ ယခုကဲ့သို႔ အမႈ႐ုတ္သိမ္းေပးလိုက္ရျခင္း ျဖစ္သည္ဟု အမႈလိုက္ပါေဆာင္႐ြက္ေပးေနသည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးေအာင္ႏိုင္ဝင္း က ေျပာသည္။
“အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဗဟိုက ဥပေဒအႀကံ ျပဳခ်က္နဲ႔ တရားစြဲဆိုထားတာေၾကာင့္ တရား႐ုံးကို ႐ုတ္ သိမ္းလႊာ တင္လာေပမယ့္ တရားစြဲ အဖြဲ႕အစည္း အဆင့္ဆင့္ကိုသြားၿပီးမွ ႐ုတ္သိမ္းလႊာအေပၚမွာ ခြင့္ျပဳရတာ ျဖစ္တဲ့အတြက္ တရား႐ုံးက ႐ုတ္သိမ္းခြင့္ျပဳတဲ့အမိန႔္ကို ခ်မွတ္လိုက္တာျဖစ္တယ္” ဟု တရားလႊတ္ေတာ္ေရွ႕ ဦးေအာင္ႏိုင္ဝင္းက ရွင္းျပသည္။
ဖမ္းဆီးခံရသူ ရခိုင္လူငယ္ ၄ ဦးက ၂၀၁၉ ခုႏွစ္ ဇူလိုင္လအတြင္း ပုဏၰားကြၽန္းၿမိဳ႕ ရဲစခန္းအနီးတြင္ ဖမ္းဆီးခံခဲ့ရ ျခင္းျဖစ္ၿပီး ရကၡိဳင့္တပ္ေတာ္ (AA)ႏွင့္ ဆက္စပ္မႈရွိသည္ဟုဆိုကာ စြပ္စြဲခ်က္ျဖင့္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ – ၅၂(က) ႏွင့္ တရားစြဲဆိုျခင္းခံခဲ့ရၿပီးေနာက္ ၂ႏွစ္ေက်ာ္အၾကာတြင္ ျပန္လည္ လြတ္ေျမာက္လာျခင္း ျဖစ္သည္။
လြတ္ေျမာက္လာသူမ်ားမွာ ရေသ့ေတာင္ၿမိဳ႕ အေရွ႕ေျမာက္ရပ္ကြက္က ကိုေမာင္ေခ် (၃၃)ႏွစ္၊ ရေသ့ေတာင္ၿမိဳ႕ နယ္ ေအာင္သစၥာေက်း႐ြာက ကိုေနလင္းထြန္း(၁၉)ႏွစ္၊ စစ္ေတြၿမိဳ႕နယ္ ဗ်ိဳင္းျဖဴ႐ြာေက်း႐ြာက ကိုေဇာ္ႏိုင္ဝင္း (၁၉)ႏွစ္ႏွင့္ ေပါက္ေတာၿမိဳ႕နယ္၊ ႐ြာေခ်ာင္းႀကီးေက်း႐ြာက ကိုေမာင္သန္းေဌး (၂၂) ႏွစ္တို႔ ျဖစ္သည္။
“က်မသား ဖမ္းဆီးခံရေတာ့ လူပင္ပန္းစိတ္ပင္ပန္းနဲ႔ ျဖစ္ခဲ့ရတယ္။ အခုလိုျပန္လႊတ္လာေတာ့ အရမ္းဝမ္းသာ တယ္။ အျပစ္မရွိဘဲ ဖမ္းခံထားရေတာ့ ျပန္လႊတ္ေစခ်င္တာၾကာၿပီ” ဟု ကိုေမာင္ေခ် ၏ မိခင္ ေဒၚမေအာင္သိန္း က ေျပာသည္။
ရခိုင္ျပည္နယ္တြင္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မျဖင့္ တရားစြဲဆိုခံထားရသူ ၂၀၀ ေက်ာ္ ရွိသည္ဟု သဇင္ဥပေဒအေထာက္အကူျပဳအဖြဲ႕၏ စာရင္းမ်ားအရ သိရသည္။
အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒပုဒ္မႏွင့္ တရားစြဲဆိုခံထားရသူမ်ားထဲတြင္ အသက္ ၁၈ ႏွစ္ေအာက္ ကေလးသူငယ္မႈ ၁၇ မႈကို ၿပီးခဲ့သည့္ ေမလအတြင္းက စစ္ေကာင္စီမွ ျပန္လည္႐ုတ္သိမ္းေပးခဲ့သည္။