ပလက်ဝ နေ့မထွက်ရ အမိန့်ကြောင့် စားဝတ်နေရေး အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် သြဂုတ်လလယ်မှ စတင်၍ ကိုဗစ်-၁၉ ကာကွယ်ရေး အတွက်ဟုဆိုကာ နံနက် ၁၁ နာရီ နောက်ပိုင်း နေအိမ်ပြင်ပ မထွက်ကြရန် ကန့်သတ်ထားသည့် အတွက် ဝမ်းစာရှာဖွေရေး အခက်အခဲများနှင့် ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။
ပလက်ဝမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု များပြားလာသည့်အတွက် ပြင်ပသွားလာခွင့်ကို နံနက် ၅ နာရီမှ ၁၁ နာရီအထိ သတ်မှတ်ပေးထားပြီး သတ်မှတ်ချိန်နောက်ပိုင်း နေအိမ်ပြင်ပ မထွက်ရန်အမိန့် ထုတ်ပြန်ထား ကြောင်းဒေသခံများက ပြောသည်။
သတ်မှတ်ထားချိန် နောက်ပိုင်း အရေးပေါ် အပြင်ထွက်လိုပါက သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာယူရပြီး အပြင်ထွက်ရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို မလိုက်နာပါက ဒါဏ်ငွေ ပေးဆောင်ရသည်ဟု ပြောသည်။
အပြင်ထွက်ချိန် လုံလောက်မှု မရှိသည့်အတွက် ကျဘန်းအလုပ်လုပ်ကိုင်နေသူများ၊ ဟွန်ဒါစက်လှေ နှင့် သုံးဘီး ဆိုင်ကယ်မောင်းနှင်သူများ အစရှိသည့် အခြေခံလက်လုပ်လက်စားများမှာ အလုပ်လက်မဲ့ဖြစ်ကာ ဝမ်းစာရေး အတွက် အခက်အခဲများရှိနေသည်ဟု အသက် ၂၅ နှစ် အရွယ် ဆိုင်ကယ်အငှား ယာဉ်မောင်းနှင်သူ ကိုနိုင်ဦး က ပြောသည်။
“၁၁ နာရီနောက်ပိုင်း သွားလာခွင့်မရတော့ လက်လုပ်လက်စားတွေမှာ အလုပ်လက်မဲ့ဖြစ်ကုန်ကြတယ်။ မဖြစ် မနေလုပ်ရမယ့် အလုပ်လောက်ပဲ လုပ်နေကြရတာ။ ဒီတော့ စားဝတ်နေရေးမှာ အခက်အခဲဖြစ်ကုန်တယ်၊ ဘယ် အချိန်မှ ဖြေလျှော့်မယ်ဆိုတာ မသိဘူး” ဟု ကိုနိုင်ဦးက ပြောသည်။
ပလက်ဝမြို့နယ်ထဲတွင် ကုန်ဈေးနှုန်းများကလည်း ပုံမှန်ထက်ဈေးတက်လာခဲ့ပြီး ယခင်က တစ်ရက်ဝင်ငွေ တစ် သောင်းကျော်အထက် ရရှိခဲ့သော်လည်း ယခုတစ်ရက်လျှင် ကျပ်ငါးထောင်ပင် မပြည့်ချင်၍ ရေရှည်ရပ် တည်ရန် မလွယ်ကူကြောင်း ကိုနိုင်ဦးက ဆက်ပြောသည်။
ပလက်ဝမြို့တွင် ယခင်က ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၄၀၀၀၀ ကျပ်ခန့်ရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း၌ ၅၀၀၀၀ ကျပ်ဝန်းကျင်အထိ ပေးဝယ်နေရပြီး ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၂၅၀၀၀ ခန့်မှ ကျပ် ၃၀၀၀၀ ကျော် အထိပေးဝယ်နေရသည်ဟု ဒေသခံများက ဆိုသည်။
ထို့အပြင် အခြားသော ကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းမြင့်တက်လာမှုများရှိနေသည်ဟု ဒေသခံများက ပြော သည်။
ဆန်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို ကျောက်တော်မြို့မှ အဓိကသယ်ယူနေရခြင်းဖြစ်ပြီး လက်ရှိတွင် ကုန် ပစ္စည်းများကို လွယ်ကူစွာသယ်ယူခွင့် မရကြသဖြင့် ကုန်ပစ္စည်းဈေးနှုန်းများ ပုံမှန်ထက် မြင့်တက် နေရခြင်းဖြစ် သည်ဟု ဒေသခံများက ပြောသည်။
မြို့ပေါ်ရှိ ရိုမန်ကက်သလစ် စစ်ဘေးရှောင်စခန်းနှင့် ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းတို့တွင်လည်း Lockdown (အပြင်မထွက်ရ) ချထားသည့် အတွက် စားဝတ်နေရေးနှင့် ငွေကြေး အခက်အခဲများ ရှိနေကြသည်ဟု စစ်ရှောင် များက ပြောသည်။
ပလက်ဝဒေသခံများသည် ကျောက်တော်-ပလက်ဝ ကို အကြောင်းကြီးငယ်နှင့် ကုန်ပစ္စည်းများ သွားဝယ်ယူ လိုပါက စစ်တပ်ကို တိုင်ကြားရပြီး ခွင့်ပြုချက်ရမှသာ ကုလားတန်မြစ်အတွင်း ရေကြောင်းလမ်းခရီးဖြင့် သွား လာကြရသည်။
*** ZAWGYI ***
ပလက္ဝ ေန႔မထြက္ရ အမိန႔္ေၾကာင့္ စားဝတ္ေနေရး အခက္ႀကဳံ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။
ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕တြင္ ၾသဂုတ္လလယ္မွ စတင္၍ ကိုဗစ္-၁၉ ကာကြယ္ေရး အတြက္ဟုဆိုကာ နံနက္ ၁၁ နာရီ ေနာက္ပိုင္း ေနအိမ္ျပင္ပ မထြက္ၾကရန္ ကန႔္သတ္ထားသည့္ အတြက္ ဝမ္းစာရွာေဖြေရး အခက္အခဲမ်ားႏွင့္ ႀကဳံေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။
ပလက္ဝၿမိဳ႕တြင္ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရမႈ မ်ားျပားလာသည့္အတြက္ ျပင္ပသြားလာခြင့္ကို နံနက္ ၅ နာရီမွ ၁၁ နာရီအထိ သတ္မွတ္ေပးထားၿပီး သတ္မွတ္ခ်ိန္ေနာက္ပိုင္း ေနအိမ္ျပင္ပ မထြက္ရန္အမိန႔္ ထုတ္ျပန္ထား ေၾကာင္းေဒသခံမ်ားက ေျပာသည္။
သတ္မွတ္ထားခ်ိန္ ေနာက္ပိုင္း အေရးေပၚ အျပင္ထြက္လိုပါက သက္ဆိုင္ရာ ရပ္ကြက္ေထာက္ခံစာယူရၿပီး အျပင္ထြက္ရန္ႏွင့္ သတ္မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားကို မလိုက္နာပါက ဒါဏ္ေငြ ေပးေဆာင္ရသည္ဟု ေျပာသည္။
အျပင္ထြက္ခ်ိန္ လုံေလာက္မႈ မရွိသည့္အတြက္ က်ဘန္းအလုပ္လုပ္ကိုင္ေနသူမ်ား၊ ဟြန္ဒါစက္ေလွ ႏွင့္ သုံးဘီး ဆိုင္ကယ္ေမာင္းႏွင္သူမ်ား အစရွိသည့္ အေျခခံလက္လုပ္လက္စားမ်ားမွာ အလုပ္လက္မဲ့ျဖစ္ကာ ဝမ္းစာေရး အတြက္ အခက္အခဲမ်ားရွိေနသည္ဟု အသက္ ၂၅ ႏွစ္ အ႐ြယ္ ဆိုင္ကယ္အငွား ယာဥ္ေမာင္းႏွင္သူ ကိုႏိုင္ဦး က ေျပာသည္။
“၁၁ နာရီေနာက္ပိုင္း သြားလာခြင့္မရေတာ့ လက္လုပ္လက္စားေတြမွာ အလုပ္လက္မဲ့ျဖစ္ကုန္ၾကတယ္။ မျဖစ္ မေနလုပ္ရမယ့္ အလုပ္ေလာက္ပဲ လုပ္ေနၾကရတာ။ ဒီေတာ့ စားဝတ္ေနေရးမွာ အခက္အခဲျဖစ္ကုန္တယ္၊ ဘယ္ အခ်ိန္မွ ေျဖေလွ်ာ့္မယ္ဆိုတာ မသိဘူး” ဟု ကိုႏိုင္ဦးက ေျပာသည္။
ပလက္ဝၿမိဳ႕နယ္ထဲတြင္ ကုန္ေဈးႏႈန္းမ်ားကလည္း ပုံမွန္ထက္ေဈးတက္လာခဲ့ၿပီး ယခင္က တစ္ရက္ဝင္ေငြ တစ္ ေသာင္းေက်ာ္အထက္ ရရွိခဲ့ေသာ္လည္း ယခုတစ္ရက္လွ်င္ က်ပ္ငါးေထာင္ပင္ မျပည့္ခ်င္၍ ေရရွည္ရပ္ တည္ရန္ မလြယ္ကူေၾကာင္း ကိုႏိုင္ဦးက ဆက္ေျပာသည္။
ပလက္ဝၿမိဳ႕တြင္ ယခင္က ေပၚဆန္းေမႊးတစ္အိတ္လွ်င္ ၄၀၀၀၀ က်ပ္ခန႔္ရွိခဲ့ေသာ္လည္း ယခုရက္ပိုင္းအတြင္း၌ ၅၀၀၀၀ က်ပ္ဝန္းက်င္အထိ ေပးဝယ္ေနရၿပီး ဆန္ၾကမ္းတစ္အိတ္ကို က်ပ္ ၂၅၀၀၀ ခန႔္မွ က်ပ္ ၃၀၀၀၀ ေက်ာ္ အထိေပးဝယ္ေနရသည္ဟု ေဒသခံမ်ားက ဆိုသည္။
ထို႔အျပင္ အျခားေသာ ကုန္ပစၥည္းမ်ားမွာလည္း ေဈးႏႈန္းျမင့္တက္လာမႈမ်ားရွိေနသည္ဟု ေဒသခံမ်ားက ေျပာ သည္။
ဆန္ရိကၡာႏွင့္ အျခားကုန္ပစၥည္းမ်ားကို ေက်ာက္ေတာ္ၿမိဳ႕မွ အဓိကသယ္ယူေနရျခင္းျဖစ္ၿပီး လက္ရွိတြင္ ကုန္ ပစၥည္းမ်ားကို လြယ္ကူစြာသယ္ယူခြင့္ မရၾကသျဖင့္ ကုန္ပစၥည္းေဈးႏႈန္းမ်ား ပုံမွန္ထက္ ျမင့္တက္ ေနရျခင္းျဖစ္ သည္ဟု ေဒသခံမ်ားက ေျပာသည္။
ၿမိဳ႕ေပၚရွိ ႐ိုမန္ကက္သလစ္ စစ္ေဘးေရွာင္စခန္းႏွင့္ ေဘာလုံးကြင္း စစ္ေဘးေရွာင္စခန္းတို႔တြင္လည္း Lockdown (အျပင္မထြက္ရ) ခ်ထားသည့္ အတြက္ စားဝတ္ေနေရးႏွင့္ ေငြေၾကး အခက္အခဲမ်ား ရွိေနၾကသည္ဟု စစ္ေရွာင္ မ်ားက ေျပာသည္။
ပလက္ဝေဒသခံမ်ားသည္ ေက်ာက္ေတာ္-ပလက္ဝ ကို အေၾကာင္းႀကီးငယ္ႏွင့္ ကုန္ပစၥည္းမ်ား သြားဝယ္ယူ လိုပါက စစ္တပ္ကို တိုင္ၾကားရၿပီး ခြင့္ျပဳခ်က္ရမွသာ ကုလားတန္ျမစ္အတြင္း ေရေၾကာင္းလမ္းခရီးျဖင့္ သြား လာၾကရသည္။