မွန်ပြည်နယ်တွင် အခြေခံ စားသောက်ကုန်များ ဈေးတက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
ပြည်သူများ စားသောက်ကုန်များ ဝယ်ယူနေမှုကြောင့် မွန်ပြည်နယ်အတွင်း အခြေခံ စားသောက်ကုန် စျေးနှုန်း ပိုမြင့်တက်လာသည်ဟု ကုန်သည်များနှင့် အိမ်ရှင်မများက ပြော သည်။
“ကုန်စျေးနှုန်းတွေက တဖြည်းဖြည်းနဲ့ တက်လာနေတယ် တစ်ခါသွားဝယ်တိုင်း ဆန်ဆိုရင် ၁၀၀၀/၂၀၀၀ တက် တက်သွားတယ်၊ အခုလည်း ဝယ်ယူစုဆောင်းမှုတွေ လုပ်နေကြပြန်ပြီးဆိုတော့ စျေးက ထပ်တက်အုံးမယ်၊ ဒီ့ ထက်တက်လာရင်တော့ ငတ်ဖို့ပဲရှိတော့တယ်” ဟု မော်လမြိုင်မြို့က အိမ်ရှင်မ တစ်ဦးဖြစ်သည့် ဒေါ်ခင်စိုးက ပြောသည်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG က စက်တင်ဘာ ၇ ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး နောက် ပြည်သူလူထုက စိုးရိမ်ပြီး အခြေခံစားသောက်ကုန်များကို ပုံမှန်ထက် ပိုမိုဝယ်ယူလာကြသည်ဟု ပြောသည်။
စားသောက်ကုန်ပစ္စည်း ရောင်းဝယ်နေသူ တစ်ဦး က “အာဏာသိမ်းမှု စဖြစ်တုန်းကလို လူတွေ ကြိတ်ကြိတ် တိုး ပြီးတော့ စျေးတွေ လုဝယ်နေကြတာတော့ မဟုတ်ဘူး။ ဝယ်တဲ့လူများလာတယ်။ ခါတိုင်းနေ့ထက် စျေးဝယ် သူ တွေ များတယ်။ ဒါကလည်း တစ်ခုခုဖြစ်လာမှာကို စိုးရိမ်ပြီးတော့ လူတွေက စားသောက်ကုန်တွေပေါ့ ဥပမာ ဆန်တို့ ဆီတို့ စသဖြင့်ပေါ့ ဝယ်စုကြတာဖြစ်တယ်” ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆက်တိုက် မြင့်တက်လာခဲ့သည့် ကုန်စျေးနှုန်းသည်လည်း လတ်တလော တွင် ထိုင်းဘတ်ငွေစျေး၊ ဒေါ်လာစျေး၊ ရွှေစျေး မြင့်တက်လာခြင်းကြောင့် ကုန်စျေးနှုန်းလည်း ပိုမြင့်တက်လာ ခဲ့ သည်။
အခြေခံ စားသောက်ကုန်များအပြင် ဆေးဝါးဝယ်ယူမှုလည်း ပိုများလာသည်ဟု ဆေးဆိုင်ပိုင်ရှင် အချို့၏ ပြောပြချက်အရ သိရသည်။
စစ်တပ်အာဏာ စသိမ်းလိုက်သည့် ရက်ပိုင်းကလည်း စိုးရိမ်မှုများဖြင့် ပြည်သူများက အခြေခံ စားသောက်ကုန် များဖြစ်သည့် ဆန်၊ ဆီတို့ကို အလုအယက်ဝယ်ယူစုဆောင်းမှု ပြုလုပ်ခဲ့ကြသည်။
စစ်တပ်က အာဏာသိမ်းလိုက်သည့် ဂယက်ကြောင့်နှင့် အခြေခံစားသောက်ကုန်များကို အလုအယက်ဝယ်ယူခဲ့ ကြနေကြသည့်အတွက် အခြေခံစားသောက်ကုန်စျေးနှုန်းများလည်း အဆမတန်မြင့်တက်လာ ခဲ့သည်။
*** ZAWGYI ***
ပြည်သူများ စားသောက်ကုန်များ ဝယ်ယူနေမှုကြောင့် မွန်ပြည်နယ်အတွင်း အခြေခံ စားသောက်ကုန် ဈေးနှုန်း ပိုမြင့်တက်လာသည်ဟု ကုန်သည်များနှင့် အိမ်ရှင်မများက ပြော သည်။
“ကုန်ဈေးနှုန်းတွေက တဖြည်းဖြည်းနဲ့ တက်လာနေတယ် တစ်ခါသွားဝယ်တိုင်း ဆန်ဆိုရင် ၁၀၀၀/၂၀၀၀ တက် တက်သွားတယ်၊ အခုလည်း ဝယ်ယူစုဆောင်းမှုတွေ လုပ်နေကြပြန်ပြီးဆိုတော့ ဈေးက ထပ်တက်အုံးမယ်၊ ဒီ့ ထက်တက်လာရင်တော့ ငတ်ဖို့ပဲရှိတော့တယ်” ဟု မော်လမြိုင်မြို့က အိမ်ရှင်မ တစ်ဦးဖြစ်သည့် ဒေါ်ခင်စိုးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆက်တိုက် မြင့်တက်လာခဲ့သည့် ကုန်ဈေးနှုန်းသည်လည်း လတ်တလော တွင် ထိုင်းဘတ်ငွေဈေး၊ ဒေါ်လာဈေး၊ ရွှေဈေး မြင့်တက်လာခြင်းကြောင့် ကုန်ဈေးနှုန်းလည်း ပိုမြင့်တက်လာ ခဲ့ သည်။
စစ်တပ်က အာဏာသိမ်းလိုက်သည့် ဂယက်ကြောင့်နှင့် အခြေခံစားသောက်ကုန်များကို အလုအယက်ဝယ်ယူခဲ့ ကြနေကြသည့်အတွက် အခြေခံစားသောက်ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်လာ ခဲ့သည်။