မွန်ပြည်နယ်တွင် လုံခြုံရေး တင်းကြပ်၊ စစ်ဆေးမှု ပိုများလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့တွင် စက်တင်ဘာ ၈ ရက်နေ့မှ စတင်ကာ စစ်ကောင်စီ တပ်ဖွဲများက လုံခြုံရေး တိုးမြှင့်ထားပြီး စစ်ဆေးမှုများလည်း ပိုမိုတင်းကြပ်လာကြောင်း မြို့ခံ၏ ပြောပြ သည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၇ ရက်နေ့တွင် အရေးပေါ်အခြေအနေကြေညာလိုက်ပြီး တော်လှန်ရေးစတင်ကြောင်း ထုတ်ပြန်လိုက်သည့်နောက် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့အပါအဝင် မြို့ နယ်အများစုတို့တွင် အာဏာသိမ်းစစ်ကောင်စီများက လုံခြုံရေးပိုမိုချထားကာ စစ်ဆေးမှုလည်း ပိုမိုတင်းကြပ် လာခဲ့ခြင်း ဖြစ်သည်။
မြို့ပေါ်အနှံ့ လုံခြုံရေးများ တင်းကြပ်ထားသည့်အပြင် မြို့အဝင်အထွက်နေရာများတွင်လည်း စစ်ဆေးမှုများ ပိုမို တင်းကြပ်ထားကြောင်း မြို့ခံများက ပြောသည်။
“နေရာတော်တော်များများမှာ လုံခြုံရေးတွေ ချထားတာတွေ့ရတယ်။ အင်အားတွေလည်း များတယ်။ တချို့နေ ရာမှာဆိုရင် သွားလာနေတဲ့ ပြည်သူတွေကို ရပ်တန်းပြီးတော့ စစ်ဆေးမှုတွေ လုပ်နေတာလည်းရှိတယ်။ အင် အားတွေလည်း များတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦး က ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအကြောင်းပြကာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပေါ်နေရာအတော်များများနှင့် လမ်းဆုံလမ်းခွနေရာများ၊ လူသွားလူလာများသည့်နေရာများတွင် နေ့ရော ညပါ စစ်ဆေးမှုများ လုပ်ဆောင်လာခဲ့သည်။
ထို့အပြင် မြို့အဝင်အထွက်နေရာများတွင်လည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ ဝင်များ ပူးပေါင်းပြီး ဖြတ်သန်းသွားလာနေ သည့် ကား၊ ဆိုင်ကယ်များကို ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ကာ ဖမ်းဆီးမှုများလည်း လုပ်ဆောင်လာခဲ့သည်။
“စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ဆေးမှုတွေက ရှိလာတယ်။ မြို့ပေါ်တွေမှာလည်း လုပ်လာတာ ရှိ သလို မြို့အဝင်အထွက်တွေမှာဆိုရင် စစ်ဆေးတာတွေ လုပ်လာတာရှိတယ်။ အမြဲလုပ်နေတဲ့ ပုံစံမျိုးမဟုတ်ပဲ သူ တို့ ဒီစစ်ကောင်စီက လိုရင်လိုသလို အဲစစ်ဆေးမှုတွေက ရှိလာတယ်။ အဲဒါကြောင့် သွားတာလာတာ အခါမျိုးဆို ရင် သတိထားပြီး သွားလာနေရတယ်” ဟု သံဖြူဇရပ်မှ လူငယ်တစ်ဦး က ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် မွန်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မော် လမြိုင်မြို့ကိုလည်း တစ်မြို့လုံးတွင် အာဏာသိမ်းစစ်ကောင်စီများက လုံခြုံရေးကင်မရာ CCTV များ တပ်ဆင် ကာ စောင့်ကြည့်မှုများ လုပ်ဆောင်နေသည်လည်း ရှိသည်။
*** ZAWGYI ***
မြန္ျပည္နယ္တြင္ လုံၿခဳံေရး တင္းၾကပ္၊ စစ္ေဆးမႈ ပိုမ်ားလာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။
မြန္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တို႔တြင္ စက္တင္ဘာ ၈ ရက္ေန႔မွ စတင္ကာ စစ္ေကာင္စီ တပ္ဖြဲမ်ားက လုံၿခဳံေရး တိုးျမႇင့္ထားၿပီး စစ္ေဆးမႈမ်ားလည္း ပိုမိုတင္းၾကပ္လာေၾကာင္း ၿမိဳ႕ခံ၏ ေျပာျပ သည္။
အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က စက္တင္ဘာ ၇ ရက္ေန႔တြင္ အေရးေပၚအေျခအေနေၾကညာလိုက္ၿပီး ေတာ္လွန္ေရးစတင္ေၾကာင္း ထုတ္ျပန္လိုက္သည့္ေနာက္ မြန္ျပည္နယ္အတြင္းရွိ ေမာ္လၿမိဳင္ၿမိဳ႕အပါအဝင္ ၿမိဳ႕ နယ္အမ်ားစုတို႔တြင္ အာဏာသိမ္းစစ္ေကာင္စီမ်ားက လုံၿခဳံေရးပိုမိုခ်ထားကာ စစ္ေဆးမႈလည္း ပိုမိုတင္းၾကပ္ လာခဲ့ျခင္း ျဖစ္သည္။
ၿမိဳ႕ေပၚအႏွံ႔ လုံၿခဳံေရးမ်ား တင္းၾကပ္ထားသည့္အျပင္ ၿမိဳ႕အဝင္အထြက္ေနရာမ်ားတြင္လည္း စစ္ေဆးမႈမ်ား ပိုမို တင္းၾကပ္ထားေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာသည္။
“ေနရာေတာ္ေတာ္မ်ားမ်ားမွာ လုံၿခဳံေရးေတြ ခ်ထားတာေတြ႕ရတယ္။ အင္အားေတြလည္း မ်ားတယ္။ တခ်ိဳ႕ေန ရာမွာဆိုရင္ သြားလာေနတဲ့ ျပည္သူေတြကို ရပ္တန္းၿပီးေတာ့ စစ္ေဆးမႈေတြ လုပ္ေနတာလည္းရွိတယ္။ အင္ အားေတြလည္း မ်ားတယ္” ဟု ေမာ္လၿမိဳင္ၿမိဳ႕ခံတစ္ဦး က ေျပာသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း လုံၿခဳံေရးအေၾကာင္းျပကာ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ၿမိဳ႕ေပၚေနရာအေတာ္မ်ားမ်ားႏွင့္ လမ္းဆုံလမ္းခြေနရာမ်ား၊ လူသြားလူလာမ်ားသည့္ေနရာမ်ားတြင္ ေန႔ေရာ ညပါ စစ္ေဆးမႈမ်ား လုပ္ေဆာင္လာခဲ့သည္။
ထို႔အျပင္ ၿမိဳ႕အဝင္အထြက္ေနရာမ်ားတြင္လည္း စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ ဝင္မ်ား ပူးေပါင္းၿပီး ျဖတ္သန္းသြားလာေန သည့္ ကား၊ ဆိုင္ကယ္မ်ားကို ရွာေဖြစစ္ေဆးမႈမ်ား လုပ္ေဆာင္ကာ ဖမ္းဆီးမႈမ်ားလည္း လုပ္ေဆာင္လာခဲ့သည္။
“စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ စစ္ေဆးမႈေတြက ရွိလာတယ္။ ၿမိဳ႕ေပၚေတြမွာလည္း လုပ္လာတာ ရွိ သလို ၿမိဳ႕အဝင္အထြက္ေတြမွာဆိုရင္ စစ္ေဆးတာေတြ လုပ္လာတာရွိတယ္။ အၿမဲလုပ္ေနတဲ့ ပုံစံမ်ိဳးမဟုတ္ပဲ သူ တို႔ ဒီစစ္ေကာင္စီက လိုရင္လိုသလို အဲစစ္ေဆးမႈေတြက ရွိလာတယ္။ အဲဒါေၾကာင့္ သြားတာလာတာ အခါမ်ိဳးဆို ရင္ သတိထားၿပီး သြားလာေနရတယ္” ဟု သံျဖဴဇရပ္မွ လူငယ္တစ္ဦး က ေျပာသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း လုံၿခဳံေရးအေၾကာင္းျပခ်က္ျဖင့္ မြန္ျပည္နယ္၏ ၿမိဳ႕ေတာ္ျဖစ္သည့္ ေမာ္ လၿမိဳင္ၿမိဳ႕ကိုလည္း တစ္ၿမိဳ႕လုံးတြင္ အာဏာသိမ္းစစ္ေကာင္စီမ်ားက လုံၿခဳံေရးကင္မရာ CCTV မ်ား တပ္ဆင္ ကာ ေစာင့္ၾကည့္မႈမ်ား လုပ္ေဆာင္ေနသည္လည္း ရွိသည္။