ဦးဥတ္တမနေ့ ပူဇော်သည့် ပန်းခွေများ ပျောက်ဆုံးသွားပြီးမှ ပြန်ရောက်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။
ရခိုင်ပြည်နယ် အမ်းမြို့တွင် ဦးဥတ္တမနေ့အခန်းအနားတွင် ပူဇော်ထားသည့် ပန်းခွေများ ပျောက်ဆုံးသွားခဲ့ပြီး ၄ နာရီအကြာတွင် ပြန်လည်ရောက်ရှိနေခဲ့သည်ဟု သွားရောက်ပူဇော်ခဲ့သူ မျက်မြင်ဒေသခံများက ပြောသည်။
၈၂ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပခဲ့ရာ ရုပ်ထုရှေ့၌ ဂုဏ်ပြု ပူဇော်ထားခဲ့သည့် ပန်းခွေများမှာ ၁ နာရီခန့် အကြာတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဆရာတော်၏ ရုပ်ထုရှေ့ ၌ စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်း ၇ နာရီ အချိန်က ပန်းခွေချ ဂါရဝပြုခဲ့ခြင်း ဖြစ်သည်။
ထို့နောက် နံနက် ၉ နာရီဝန်း ကျင်ခန့်တွင် ပန်းခွေများပျောက်ဆုံးသွားခဲ့ကြောင်း နေ့လည် ၁နာရီခန့်တွင် ပန်းခွေ များပြန်ထားပေးကြောင်း အမ်းလူငယ်မျိုးဆက်သစ်ကွန်ယက်အဖွဲ့ တာဝန်ရှိသူတစ်ဦး က အတည်ပြု ပြောသည်။
“ပန်းခွေတွေအကုန်လုံး ကျနော်တို့ ထားခဲ့တဲ့နေရာမှာ ပြန်တွေ့ရပါပြီ။ ပန်းခွေကသုံးခုပါ။ သုံးခုလုံးပြန် ရောက် နေတယ်။ ဘယ်သူတွေကယူပြီး ဘယ်သူတွေကပြန်ပြီး လာထားလိုက်တာလည်းမသိဘူး” ဟု ပြောသည်။
မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်ဖြစ်သည့် ဆရာတော် ဦးဥတ္တမ အား ပူဇော်ထားသည့် ပန်းခွေများ ပျောက် ဆုံးသွားခြင်း အပေါ် များစွာ စိတ်မကောင်းဖြစ်ကြရပြီး ယခုကဲ့သို့ ပြန်တွေ့ရသည့်အတွက် အတိုင်းမသိ ဝမ်းသာ ရကြောင်း အမ်းဒေသခံတစ်ဦး က ပြောသည်။
“ဒါမျိုးက တစ်နှစ်မှာမှ တစ်ကြိမ်လုပ်ရတာ ဆရာတော်ကိုအလေးပြု ဂုဏ်ပြုကြတာ၊ ဝမ်းနည်းတဲ့ အထိမ်းအ မှတ်အနေနဲ့ လွမ်းသူ့ပန်းခွေ ဆက်ကပ်ပူဇော်တာ ဖြစ်တယ်။ ဒီလို အပြုအမှုတွေ မလုပ်သင့်ပါဘူး“ ဟု အမ်းမြို့ခံ တစ်ဦးဖြစ်သည့် ဦးစိုးကြီး က ပြောသည်။
စက်တင်ဘာလ ၉ရက်နေ့က ဆရာတော်ရုပ်ထုရှိရာ ပန်းခြံအနီးတဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် စစ် ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့် လုံခြုံရေး ယူထားသော်လည်း ပန်းခွေများ ပျောက်ဆုံးသွားသည်ကို မသိ လိုက် ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြောင်း အမ်းလူငယ်မျိုးဆက်သစ်ကွန်ယက်အဖွဲ့ တာဝန်ရှိသူ က ပြောသည်။
“ပန်းခွေချနေတဲ့ အချိန်ထဲက စစ်သားတွေ၊ ရဲတွေရှိနေတယ်။ သူတို့က ပန်းခွေချဖို့လဲ ခွင့်ပြုတယ်။ ဆူဆူပူပူ မလုပ်ကြဖို့တောင် ကျမတို့ကိုပြောလိုက်သေးတယ်။ ကျမတို့ ပြန်လာပြီး တစ်နာရီနီးပါးလောက် အကြာမှာပဲ အဲဒီပန်းခွေကို မတွေ့ရတော့ဘူး“ ပူဇော်ပွဲတွင် ပါဝင်ခဲ့သူ အသက် ၂၅ နှစ် အရွယ် အမျိုးသမီးတစ်ဦး က ပြော သည်။
အဆိုပါပန်းခွေများ ပျောက်ဆုံးသွားကြောင်းကို သတင်းဌာနအချို့တွင် ဖော်ပြခဲ့ပြီးနောက် ၄ နာရီခန့် အကြာ နေ့ လည် ၁ နာရီအချိန်ခန့်တွင် ပန်းခွေများ မူလနေရာသို့ ပြန်လည်ရောက်ရှိနေသည်ကို သိရကြောင်း ထို အမျိုးသမီး ငယ် ပြောသည်။
နှစ်စဉ် စက်တင်ဘာ ၉ ရက်နေ့ ရောက်တိုင်း ဆရာတော် ဦးဥတ္တမနေ့ အဖြစ် ကျင်းပလျက်ရှိပြီး ယခုနှစ်ကျရောက် သည့် (၈၂) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီတွင် ဆရာတော်အား အစဉ် အလာမပျက် ရှိခိုးဂါရဝပြုကာ ပန်းခွေများဖြင့် ပူဇော်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။
*** ZAWGYI ***
ဦးဥတၱမေန႔ ပူေဇာ္သည့္ ပန္းေခြမ်ား ေပ်ာက္ဆုံးသြားၿပီးမွ ျပန္ေရာက္လာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၀ ရက္။
ရခိုင္ျပည္နယ္ အမ္းၿမိဳ႕တြင္ ဦးဥတၱမေန႔အခန္းအနားတြင္ ပူေဇာ္ထားသည့္ ပန္းေခြမ်ား ေပ်ာက္ဆုံးသြားခဲ့ၿပီး ၄ နာရီအၾကာတြင္ ျပန္လည္ေရာက္ရွိေနခဲ့သည္ဟု သြားေရာက္ပူေဇာ္ခဲ့သူ မ်က္ျမင္ေဒသခံမ်ားက ေျပာသည္။
၈၂ ႏွစ္ေျမာက္ ဆရာေတာ္ဦးဥတၱမေန႔ အခမ္းအနား က်င္းပခဲ့ရာ ႐ုပ္ထုေရွ႕၌ ဂုဏ္ျပဳ ပူေဇာ္ထားခဲ့သည့္ ပန္းေခြမ်ားမွာ ၁ နာရီခန႔္ အၾကာတြင္ ေပ်ာက္ဆုံးသြားခဲ့ျခင္းျဖစ္သည္။
ဆရာေတာ္၏ ႐ုပ္ထုေရွ႕ ၌ စက္တင္ဘာ ၉ ရက္ေန႔ နံနက္ပိုင္း ၇ နာရီ အခ်ိန္က ပန္းေခြခ် ဂါရဝျပဳခဲ့ျခင္း ျဖစ္သည္။
ထို႔ေနာက္ နံနက္ ၉ နာရီဝန္း က်င္ခန႔္တြင္ ပန္းေခြမ်ားေပ်ာက္ဆုံးသြားခဲ့ေၾကာင္း ေန႔လည္ ၁နာရီခန႔္တြင္ ပန္းေခြ မ်ားျပန္ထားေပးေၾကာင္း အမ္းလူငယ္မ်ိဳးဆက္သစ္ကြန္ယက္အဖြဲ႕ တာဝန္ရွိသူတစ္ဦး က အတည္ျပဳ ေျပာသည္။
“ပန္းေခြေတြအကုန္လုံး က်ေနာ္တို႔ ထားခဲ့တဲ့ေနရာမွာ ျပန္ေတြ႕ရပါၿပီ။ ပန္းေခြကသုံးခုပါ။ သုံးခုလုံးျပန္ ေရာက္ ေနတယ္။ ဘယ္သူေတြကယူၿပီး ဘယ္သူေတြကျပန္ၿပီး လာထားလိုက္တာလည္းမသိဘူး” ဟု ေျပာသည္။
ျမန္မာ့လြတ္လပ္ေရး မီးရႉးတန္ေဆာင္ျဖစ္သည့္ ဆရာေတာ္ ဦးဥတၱမ အား ပူေဇာ္ထားသည့္ ပန္းေခြမ်ား ေပ်ာက္ ဆုံးသြားျခင္း အေပၚ မ်ားစြာ စိတ္မေကာင္းျဖစ္ၾကရၿပီး ယခုကဲ့သို႔ ျပန္ေတြ႕ရသည့္အတြက္ အတိုင္းမသိ ဝမ္းသာ ရေၾကာင္း အမ္းေဒသခံတစ္ဦး က ေျပာသည္။
“ဒါမ်ိဳးက တစ္ႏွစ္မွာမွ တစ္ႀကိမ္လုပ္ရတာ ဆရာေတာ္ကိုအေလးျပဳ ဂုဏ္ျပဳၾကတာ၊ ဝမ္းနည္းတဲ့ အထိမ္းအ မွတ္အေနနဲ႔ လြမ္းသူ႔ပန္းေခြ ဆက္ကပ္ပူေဇာ္တာ ျဖစ္တယ္။ ဒီလို အျပဳအမႈေတြ မလုပ္သင့္ပါဘူး“ ဟု အမ္းၿမိဳ႕ခံ တစ္ဦးျဖစ္သည့္ ဦးစိုးႀကီး က ေျပာသည္။
စက္တင္ဘာလ ၉ရက္ေန႔က ဆရာေတာ္႐ုပ္ထုရွိရာ ပန္းၿခံအနီးတဝိုက္တြင္ ရဲတပ္ဖြဲ႕ဝင္မ်ား အပါအဝင္ စစ္ ေကာင္စီတပ္ဖြဲ႕ဝင္ အင္အား ၃၀ ခန႔္ လုံၿခဳံေရး ယူထားေသာ္လည္း ပန္းေခြမ်ား ေပ်ာက္ဆုံးသြားသည္ကို မသိ လိုက္ ဟု ရဲတပ္ဖြဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာေၾကာင္း အမ္းလူငယ္မ်ိဳးဆက္သစ္ကြန္ယက္အဖြဲ႕ တာဝန္ရွိသူ က ေျပာသည္။
“ပန္းေခြခ်ေနတဲ့ အခ်ိန္ထဲက စစ္သားေတြ၊ ရဲေတြရွိေနတယ္။ သူတို႔က ပန္းေခြခ်ဖို႔လဲ ခြင့္ျပဳတယ္။ ဆူဆူပူပူ မလုပ္ၾကဖို႔ေတာင္ က်မတို႔ကိုေျပာလိုက္ေသးတယ္။ က်မတို႔ ျပန္လာၿပီး တစ္နာရီနီးပါးေလာက္ အၾကာမွာပဲ အဲဒီပန္းေခြကို မေတြ႕ရေတာ့ဘူး“ ပူေဇာ္ပြဲတြင္ ပါဝင္ခဲ့သူ အသက္ ၂၅ ႏွစ္ အ႐ြယ္ အမ်ိဳးသမီးတစ္ဦး က ေျပာ သည္။
အဆိုပါပန္းေခြမ်ား ေပ်ာက္ဆုံးသြားေၾကာင္းကို သတင္းဌာနအခ်ိဳ႕တြင္ ေဖာ္ျပခဲ့ၿပီးေနာက္ ၄ နာရီခန႔္ အၾကာ ေန႔ လည္ ၁ နာရီအခ်ိန္ခန႔္တြင္ ပန္းေခြမ်ား မူလေနရာသို႔ ျပန္လည္ေရာက္ရွိေနသည္ကို သိရေၾကာင္း ထို အမ်ိဳးသမီး ငယ္ ေျပာသည္။
ႏွစ္စဥ္ စက္တင္ဘာ ၉ ရက္ေန႔ ေရာက္တိုင္း ဆရာေတာ္ ဦးဥတၱမေန႔ အျဖစ္ က်င္းပလ်က္ရွိၿပီး ယခုႏွစ္က်ေရာက္ သည့္ (၈၂) ႏွစ္ေျမာက္ ဆရာေတာ္ဦးဥတၱမေန႔တြင္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္အသီးသီတြင္ ဆရာေတာ္အား အစဥ္ အလာမပ်က္ ရွိခိုးဂါရဝျပဳကာ ပန္းေခြမ်ားျဖင့္ ပူေဇာ္ခဲ့ၾကသည္ဟု ေဒသခံမ်ားက ေျပာသည္။