မအူပင်တွင် လူငယ်များအား ပရဟိတ အယောင်ဆောင် စစ်ထောက်လှမ်းရေးများက ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်တွင် ဒီမိုကရေစီရေး လှုပ်ရှားသူ နှစ်ဦးကို စက်တင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပရဟိတ သမား အရောင်ဆောင်၍ ဖမ်းဆီးခဲ့သည်။

စက်တင်ဘာလ ၁၀ ရက်နေ့ ညသန်းခေါင် ကျော်အချိန် က မအူပင်မြို့၊ အမှတ် ၆ ရပ်ကွက် ခိုင်ရွှေဝါလမ်းရှိ လူ ငယ်များ ဖြစ်သည့် ကိုမြင့်အေးနှင့် ကိုစိုးဇော်ရှိန်တို့ကို ပရဟိတ သမားဟန်ဆောင်ထားသည့် စစ်သား များပါဝင် သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်း သွားခြင်းဖြစ်သည်ဟု ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦး က ပြောသည်။

“ဘာကြောင့်ဖမ်းလဲ မသိရဘူး။ လာဖမ်းတဲ့သူတွေက ပရဟိတ အဖွဲ့တွေမှာ ပါဝင်တဲ့သူတွေ ဖြစ်နေတာတွေ့ရ တယ်။ ပရဟိတ အဖွဲ့က ကားတွေ အသုံးပြုတာလည်းရှိတယ်။ နောက်ဆို ပြည်သူတွေက ပရဟိတ အဖွဲ့တွေကို ယုံကြည်မှု ကင်းမဲ့လာနိုင်တယ်” ဟု ဒေသခံ ပရဟိတ အဖွဲ့ဝင်တစ်ဦး က ပြောသည်။

စစ်ကောင်စီ ထောက်လှမ်းရေးတပ်ဖွဲ့ဖြစ်သည့် စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ)မှ စစ်သားများက ပရဟိတအဖွဲ့ဝင် အသွင်ယူ၍ သတင်းရယူကာ ဖမ်းဆီးနေခြင်း ဖြစ် သည်ဟု ဒေသခံ ပရဟိတ အဖွဲ့ဝင် အချို့က ပြောသည်။

အမှတ် ၆ ရပ်ကွက် ခိုင်ရွှေဝါလမ်းရှိ လူငယ်များ ဖြစ်သည့် ကိုမြင့်အေးနှင့် စိုးဇော်ရှိန်တို့ သာမက အမှတ် ၂ ရပ် ကွက်နှင့် အခြားရပ်ကွက်များက လူ ငယ် ၅ ဦး လည်း စက်တင်ဘာလ ၁၀ ရက်နေ့ ညက ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

မအူပင်မြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့ကြသူ အယောက် ၆၀ ကျော် ဖမ်းဆီးခံထားရကြောင်း သိရသည်။

*** ZAWGYI ***
မအူပင္တြင္ လူငယ္မ်ားအား ပရဟိတ အေယာင္ေဆာင္ စစ္ေထာက္လွမ္းေရးမ်ားက ဖမ္းဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၁ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ မအူပင္ၿမိဳ႕နယ္တြင္ ဒီမိုကေရစီေရး လႈပ္ရွားသူ ႏွစ္ဦးကို စက္တင္ဘာလ ၁၀ ရက္ေန႔က စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ပရဟိတ သမား အေရာင္ေဆာင္၍ ဖမ္းဆီးခဲ့သည္။

စက္တင္ဘာလ ၁၀ ရက္ေန႔ ညသန္းေခါင္ ေက်ာ္အခ်ိန္ က မအူပင္ၿမိဳ႕၊ အမွတ္ ၆ ရပ္ကြက္ ခိုင္ေ႐ႊဝါလမ္းရွိ လူ ငယ္မ်ား ျဖစ္သည့္ ကိုျမင့္ေအးႏွင့္ ကိုစိုးေဇာ္ရွိန္တို႔ကို ပရဟိတ သမားဟန္ေဆာင္ထားသည့္ စစ္သား မ်ားပါဝင္ ေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက လာေရာက္ဖမ္း သြားျခင္းျဖစ္သည္ဟု ရပ္ကြက္ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ တစ္ဦး က ေျပာသည္။

“ဘာေၾကာင့္ဖမ္းလဲ မသိရဘူး။ လာဖမ္းတဲ့သူေတြက ပရဟိတ အဖြဲ႕ေတြမွာ ပါဝင္တဲ့သူေတြ ျဖစ္ေနတာေတြ႕ရ တယ္။ ပရဟိတ အဖြဲ႕က ကားေတြ အသုံးျပဳတာလည္းရွိတယ္။ ေနာက္ဆို ျပည္သူေတြက ပရဟိတ အဖြဲ႕ေတြကို ယုံၾကည္မႈ ကင္းမဲ့လာႏိုင္တယ္” ဟု ေဒသခံ ပရဟိတ အဖြဲ႕ဝင္တစ္ဦး က ေျပာသည္။

စစ္ေကာင္စီ ေထာက္လွမ္းေရးတပ္ဖြဲ႕ျဖစ္သည့္ စစ္ဖက္ေရးရာ လုံၿခဳံေရး တပ္ဖြဲ႕ (စရဖ)မွ စစ္သားမ်ားက ပရဟိတအဖြဲ႕ဝင္ အသြင္ယူ၍ သတင္းရယူကာ ဖမ္းဆီးေနျခင္း ျဖစ္ သည္ဟု ေဒသခံ ပရဟိတ အဖြဲ႕ဝင္ အခ်ိဳ႕က ေျပာသည္။

အမွတ္ ၆ ရပ္ကြက္ ခိုင္ေ႐ႊဝါလမ္းရွိ လူငယ္မ်ား ျဖစ္သည့္ ကိုျမင့္ေအးႏွင့္ စိုးေဇာ္ရွိန္တို႔ သာမက အမွတ္ ၂ ရပ္ ကြက္ႏွင့္ အျခားရပ္ကြက္မ်ားက လူ ငယ္ ၅ ဦး လည္း စက္တင္ဘာလ ၁၀ ရက္ေန႔ ညက ဖမ္းဆီးခံရေၾကာင္းေ ဒသခံမ်ားက ေျပာသည္။

မအူပင္ၿမိဳ႕တြင္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္အာဏာရွင္ စနစ္ဆန႔္က်င္ေရးတြင္ ပါဝင္ခဲ့ၾကသူ အေယာက္ ၆၀ ေက်ာ္ ဖမ္းဆီးခံထားရေၾကာင္း သိရသည္။