သထုံတွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။
မွန်ပြည်နယ် သထုံမြို့ပေါ်တွင် စက်တင်ဘာ ၁၀ ရက်နေ့ (ယမန်နေ့) ည ၁၀ နာရီ အချိန်ခန့်က ဗုံးဟုယူဆရသည့် ပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့သည်။
“ညက ပေါက်ကွဲမှုကတော့ ဗုံးလို့တော့ ထင်တာပဲ၊ ညပိုင်းဆိုတော့ အသံအကျယ်ကြီးကြားရတယ်၊ လူထိတာ တော့ မကြားမိဘူး။ သထုံမှာ ဒီရက်ပိုင်း စစ်ဆေးမှုတွေ တင်းကြပ်လာတယ်။ ညပိုင်းဆို ဘယ်သူမှလည်း အပြင် မထွက်ရဲကြတော့ဘူး” ဟု သထုံမြို့ခံ တစ်ဦးက ပြောသည်။
သထုံမြို့ပေါ်တွင် NUG အစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာလိုက်သည့်နောက် စစ်ဆေးမှု ပိုမိုတင်းကြပ် လာကြောင်း ယခုဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍လည်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင် များက စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။
ထို့အတူ စက်တင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းခန့်ကလည်း ရေးမြို့၊ မြို့မရဲစခန်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ က ပြောသည်။
ရေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ရေးမြို့မရဲစခန်းကို ၎င်းတို့အဖွဲ့က ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ် ပြန် ထားသည်။
ထို့အပြင် စက်တင်ဘာ ၈ ရက်နေ့က ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီရုံးနှင့် စက်တင်ဘာ ၇ ရက်နေ့ညက ကျိုက်မရောမြို့ အထက်တန်းကျောင်းအနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားလာခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်များတွင် လူထိခိုက်သေဆုံးမှု မရှိဟု မြို့နယ်အလိုက် ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး တော်လှန်ရေး စတင် ကြောင်း ကြေညာလိုက်သည့်နောက် မွန်ပြည်နယ်အတွင်း၌ ပေါက်ကွဲမှုဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလာခဲ့ သည်။
NUG အစိုးရ ၏ အရေးပေါ်အခြေအနေ ကြေညာလိုက်သည့် စက်တင်ဘာ ၇ ရက်နေ့ နောက်ပိုင်းတွင် အာဏာ သိမ်းစစ်ကောင်စီတပ်များကလည်း တစ်ပြည်နယ်လုံးကို လုံခြုံရေး ပိုမိုဆောင်ရွက်လာခဲ့ပြီး စစ်ဆေးမှုများလည်း တင်းကြပ်လုပ်ဆောင်လာ ခဲ့သည်။
ထိုသို့ လုံခြုံရေး ပိုမိုဆောင်ရွက်လာခဲ့ပြီး စစ်ဆေးမှုများလည်း တင်းကြပ်စွာ လုပ်ဆောင်နေသည့် ကြား၌ပင် ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့တွင် ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။
*** ZAWGYI ***
သထုံတြင္ ေပါက္ကြဲမႈ ႏွစ္ႀကိမ္ျဖစ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၁ ရက္။
မြန္ျပည္နယ္ သထုံၿမိဳ႕ေပၚတြင္ စက္တင္ဘာ ၁၀ ရက္ေန႔ (ယမန္ေန႔) ည ၁၀ နာရီ အခ်ိန္ခန႔္က ဗုံးဟုယူဆရသည့္ ေပါက္ကြဲမႈ ႏွစ္ႀကိမ္ ဆက္တိုက္ျဖစ္ပြားခဲ့သည္။
“ညက ေပါက္ကြဲမႈကေတာ့ ဗုံးလို႔ေတာ့ ထင္တာပဲ၊ ညပိုင္းဆိုေတာ့ အသံအက်ယ္ႀကီးၾကားရတယ္၊ လူထိတာ ေတာ့ မၾကားမိဘူး။ သထုံမွာ ဒီရက္ပိုင္း စစ္ေဆးမႈေတြ တင္းၾကပ္လာတယ္။ ညပိုင္းဆို ဘယ္သူမွလည္း အျပင္ မထြက္ရဲၾကေတာ့ဘူး” ဟု သထုံၿမိဳ႕ခံ တစ္ဦးက ေျပာသည္။
သထုံၿမိဳ႕ေပၚတြင္ NUG အစိုးရ၏ အေရးေပၚအေျခအေန ေၾကညာလိုက္သည့္ေနာက္ စစ္ေဆးမႈ ပိုမိုတင္းၾကပ္ လာေၾကာင္း ယခုျဖစ္ပြားခဲ့သည့္ ေပါက္ကြဲမႈျဖစ္စဥ္ႏွင့္ ပတ္သက္၍လည္း အာဏာသိမ္း စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ မ်ားက စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနသည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။
ထို႔အတူ စက္တင္ဘာ ၁၀ ရက္ေန႔ ညေနပိုင္းခန႔္ကလည္း ေရးၿမိဳ႕၊ ၿမိဳ႕မရဲစခန္းတြင္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ား က ေျပာသည္။
ေရးၿမိဳ႕ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ကလည္း ေရးၿမိဳ႕မရဲစခန္းကို ၎တို႔အဖြဲ႕က ဗုံးျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္း ထုတ္ ျပန္ ထားသည္။
ထို႔အျပင္ စက္တင္ဘာ ၈ ရက္ေန႔က က်ိဳက္ထိုၿမိဳ႕နယ္ ပ်ဥ္းကတိုးကုန္းေက်း႐ြာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ ၿဖိဳးေရးပါတီ႐ုံးႏွင့္ စက္တင္ဘာ ၇ ရက္ေန႔ညက က်ိဳက္မေရာၿမိဳ႕ အထက္တန္းေက်ာင္းအနီးတြင္ ေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
ယခုရက္ပိုင္းအတြင္း ဆက္တိုက္ျဖစ္ပြားလာခဲ့သည့္ ေပါက္ကြဲမႈျဖစ္စဥ္မ်ားတြင္ လူထိခိုက္ေသဆုံးမႈ မရွိဟု ၿမိဳ႕နယ္အလိုက္ ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။
အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က ႏိုင္ငံေတာ္ကို အေရးေပၚအေျခအေနေၾကညာၿပီး ေတာ္လွန္ေရး စတင္ ေၾကာင္း ေၾကညာလိုက္သည့္ေနာက္ မြန္ျပည္နယ္အတြင္း၌ ေပါက္ကြဲမႈျဖစ္စဥ္မ်ား ဆက္တိုက္ ျဖစ္ပြားလာခဲ့ သည္။
NUG အစိုးရ ၏ အေရးေပၚအေျခအေန ေၾကညာလိုက္သည့္ စက္တင္ဘာ ၇ ရက္ေန႔ ေနာက္ပိုင္းတြင္ အာဏာ သိမ္းစစ္ေကာင္စီတပ္မ်ားကလည္း တစ္ျပည္နယ္လုံးကို လုံၿခဳံေရး ပိုမိုေဆာင္႐ြက္လာခဲ့ၿပီး စစ္ေဆးမႈမ်ားလည္း တင္းၾကပ္လုပ္ေဆာင္လာ ခဲ့သည္။
ထိုသို႔ လုံၿခဳံေရး ပိုမိုေဆာင္႐ြက္လာခဲ့ၿပီး စစ္ေဆးမႈမ်ားလည္း တင္းၾကပ္စြာ လုပ္ေဆာင္ေနသည့္ ၾကား၌ပင္ ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တို႔တြင္ ေပါက္ကြဲမႈ ဆက္တိုက္ျဖစ္ပြားလာခဲ့သည္။