မြစ်ကြီးနား Mytel တာဝါတိုင်ကို သေနတ်ကိုင် စစ်သားများ ကင်းစောင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှိ Mytel တာဝါတိုင်ကို စစ်ကောင်စီ တပ် သားများက သေနတ်များလွယ်၍ ကင်းစောင့်နေကြသည်ဟု ရမ်ပူရပ်ကွက်နေသူများက ပြောသည်။

စက်တင်ဘာလ ၁၀ ရက်နေ့က စတင်၍ မြစ်ကြီးနား ရမ်ပူရပ်ကွက်၊ နယ်မြေ ၂၄ အတွင်းရှိ စစ်ကောင်စီ တပ်သားများက နေ့ရောညပါ ကင်းစောင့်နေကြပြီး ညဘက် တွင် အင်အားပိုများကြောင်း ရမ်ပူက ပြည်သူတစ်ဦး က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ရေးလုပ်သားတစ်ဦး ကလည်း “အဲ့ဒါ အဓိက မိန်းဆိုဒ်ပဲ အဲ့ဒီစက်ခန်းထိ ရင် မြစ်ကြီးနားတစ်မြို့လုံးက Mytel ဆက်သွယ်ရေးလိုင်းတွေ ပျက်မယ်။ အဲ့ဒါကြောင့် စောင့်ကြတာထင် တယ်” ဟု ပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ စစ်တပ်အုပ်စုပိုင် ဆက်သွယ်ရေးတာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် MPT နှင့် Mytel ဆက်သွယ်ရေး တာဝါတိုင်များကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန် စစ်ကောင်စီ၏ လျှို့ဝှက်ညွှန်ကြား စာတစ်စောင်လည်း လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ပြည်သူ့တော်လှန်ရေး စတင် ပြီဖြစ်ကြောင်း ကြေညာပြီး ရက်သတ္တပတ်ခန့်အတွင်း စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့ အပါအဝင် ပြည်နယ် နှင့် အခြားတိုင်းဒေသကြီး အချို့တွင် Mytel ဖုန်း တာဝါတိုင်များ အပါအဝင် ဆက်သွက်ရေးတာဝါတိုင် ၈၀ ကျော် ခန့် ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသည်။

*** ZAWGYI ***
ျမစ္ႀကီးနား Mytel တာဝါတိုင္ကို ေသနတ္ကိုင္ စစ္သားမ်ား ကင္းေစာင့္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၄ ရက္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ ရွိ Mytel တာဝါတိုင္ကို စစ္ေကာင္စီ တပ္ သားမ်ားက ေသနတ္မ်ားလြယ္၍ ကင္းေစာင့္ေနၾကသည္ဟု ရမ္ပူရပ္ကြက္ေနသူမ်ားက ေျပာသည္။

စက္တင္ဘာလ ၁၀ ရက္ေန႔က စတင္၍ ျမစ္ႀကီးနား ရမ္ပူရပ္ကြက္၊ နယ္ေျမ ၂၄ အတြင္းရွိ စစ္ေကာင္စီ တပ္သားမ်ားက ေန႔ေရာညပါ ကင္းေစာင့္ေနၾကၿပီး ညဘက္ တြင္ အင္အားပိုမ်ားေၾကာင္း ရမ္ပူက ျပည္သူတစ္ဦး က ေျပာသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ ဆက္သြယ္ေရးလုပ္သားတစ္ဦး က လည္း “အဲ့ဒါ အဓိက မိန္းဆိုဒ္ပဲ အဲ့ဒီစက္ခန္းထိ ရင္ ျမစ္ႀကီးနားတစ္ၿမိဳ႕လုံးက Mytel ဆက္သြယ္ေရးလိုင္းေတြ ပ်က္ မယ္။ အဲ့ဒါေၾကာင့္ ေစာင့္ၾကတာထင္တယ္” ဟု ေျပာသည္။

ျမန္မာတစ္ႏိုင္ငံလုံးရွိ စစ္တပ္အုပ္စုပိုင္ ဆက္သြယ္ေရးတာဝါတိုင္မ်ား ေဖာက္ခြဲဖ်က္ဆီးခံရၿပီးေနာက္ MPT ႏွင့္ Mytel ဆက္သြယ္ေရး တာဝါတိုင္မ်ားကို လုံၿခဳံေရးတိုးျမႇင့္ေဆာင္႐ြက္ရန္ စစ္ေကာင္စီ၏ လွ်ိဳ႕ဝွက္ၫႊန္ၾကား စာတစ္ေစာင္လည္း လူမႈကြန္ယက္စာမ်က္ႏွာတြင္ ပ်ံ႕ႏွံ႔ခဲ့သည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ၏ လွည္းေနေလွေအာင္း ျမင္းေဇာင္းပါမက်န္ ျပည္သူ႔ေတာ္လွန္ေရး စတင္ ၿပီျဖစ္ေၾကာင္း ေၾကညာၿပီး ရက္သတၱပတ္ခန႔္အတြင္း စစ္ကိုင္း၊ မေကြးတိုင္းေဒသႀကီးတို႔ အပါအဝင္ ျပည္နယ္ ႏွင့္ အျခားတိုင္းေဒသႀကီး အခ်ိဳ႕တြင္ Mytel ဖုန္း တာဝါတိုင္မ်ား အပါအဝင္ ဆက္သြက္ေရးတာဝါတိုင္ ၈၀ ေက်ာ္ ခန႔္ ေဖာက္ခြဲ ဖ်က္ဆီးခံခဲ့ရသည္။