မကွေး Mytel တာဝါတိုင် ဗုံးခွဲခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်။
မကွေးမြို့ ရှိ Mytel တာဝါတိုင်တစ်တိုင် စက်တင်ဘာလ ၁၂ ရက်နေ့(ယနေ့) နံနက် ၅ နာရီအချိန်ခန့်တွင် ဗုံးခွဲခံလိုက်ရသည်။
ရန်မျိုးနိုင်ရပ်ကွက်၊ ကန်သာကန်၏ အရှေ့တောင်ဘက် ဝေယံဘုံမြင့်ဘုန်းကြီးကျောင်းအတွင်း ရှိ Mytel တာဝါတိုင် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၅ နာရီ အချိန်က ဗုံးပေါက်ကွဲကာ ပျက်စီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက အတည်ပြု ပြော သည်။
“အုန်း ဆိုပြီး အသံကြီးက အကျယ်ကြီးပဲ ကြားရတယ်၊၊ မြေကြီးတွေပါ တုန်တယ်၊၊ ဗုံးပေါက်တာက ကန်သာ ကန်နားက သေသေချာချာကြားရတယ်။ ဗုံးပေါက်ပြီးတော့လည်း သေနတ်နှစ်ချက် ပစ်သံကြားတယ်။ သွားမ ကြည့်ရဲပါဘူး” ဟု လူလတ်ပိုင်းအရွယ် ဒေသခံ တစ်ဦးက ပြောသည်။
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ သမုန်းကုန်းကြီးကျေးရွာအုပ်စု၊ မုန်းကုန်းကြီးကျေးရွာအနီးရှိ Mytel တာဝါတိုင်နှင့် လဲဘူးကျေးရွာအုပ်စု၊ သပွတ်ပင်ကျေးရွာအရှေ့ဘက်ရှိ Mytel တာဝါတိုင်များလည်း စက်တင်ဘာ လ ၁၁ ရက်နေ့ ည ၉ နာရီ အချိန်တွင် တပြိုင်တည်း ဗုံးခွဲ မီးရှို့ဖျက်ဆီးခံရပြီးနာက် ယခု မကွေးမြို့ ပေါ်ရှိ တာဝါ တိုင်ပါ ဖောက်ခွဲဖျက်ဆီးခံရခြင်း ဖြစ်သည်။
ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က သမုန်းကုန်းကြီး ကျေးရွာ အုပ် စု၊ မုန်းကုန်းကြီး ကျေးရွာအနီးရှိ Mytel တာဝါတိုင်နှင့် လဲဘူးကျေးရွာအုပ်စု၊ သပွတ်ပင်ကျေးရွာအရှေ့ဘက်ရှိ Mytel တာဝါတိုင်ကို ၎င်းတို့ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
စစ်တပ်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလက စတင်၍ စက်တင်ဘာ ၉ ရက်နေ့ အထိ မြန်မာနိုင်ငံ တဝှမ်း ဗုံးခွဲတိုက်ခိုက်မှုပေါင်း ၂၃၉၀ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင်များအား မီးရှို့ဖောက်ခွဲဖျက်ဆီးမှု စုစု ပေါင်း ၆၈ ကြိမ်ခံခဲ့ရကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။
ထို့အပြင် လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၃၀၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ၇၉၉ ယောက်သေဆုံးကာ ၇၂၆ ယောက် ဒဏ်ရာရခဲ့ကြောင်းလည်း စက်တင်ဘာ ၁၂ ရက်နေ့ ထုတ် စစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြပါ ရှိသည်။
*** ZAWGYI ***
မေကြး Mytel တာဝါတိုင္ ဗုံးခြဲခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၂ ရက္။
မေကြးၿမိဳ႕ ရွိ Mytel တာဝါတိုင္တစ္တိုင္ စက္တင္ဘာလ ၁၂ ရက္ေန႔(ယေန႔) နံနက္ ၅ နာရီအခ်ိန္ခန႔္တြင္ ဗုံးခြဲခံလိုက္ရသည္။
ရန္မ်ိဳးႏိုင္ရပ္ကြက္၊ ကန္သာကန္၏ အေရွ႕ေတာင္ဘက္ ေဝယံဘုံျမင့္ဘုန္းႀကီးေက်ာင္းအတြင္း ရွိ Mytel တာဝါတိုင္ စက္တင္ဘာလ ၁၂ ရက္ေန႔ နံနက္ ၅ နာရီ အခ်ိန္က ဗုံးေပါက္ကြဲကာ ပ်က္စီးသြားျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက အတည္ျပဳ ေျပာ သည္။
“အုန္း ဆိုၿပီး အသံႀကီးက အက်ယ္ႀကီးပဲ ၾကားရတယ္၊၊ ေျမႀကီးေတြပါ တုန္တယ္၊၊ ဗုံးေပါက္တာက ကန္သာ ကန္နားက ေသေသခ်ာခ်ာၾကားရတယ္။ ဗုံးေပါက္ၿပီးေတာ့လည္း ေသနတ္ႏွစ္ခ်က္ ပစ္သံၾကားတယ္။ သြားမ ၾကည့္ရဲပါဘူး” ဟု လူလတ္ပိုင္းအ႐ြယ္ ေဒသခံ တစ္ဦးက ေျပာသည္။
မေကြးတိုင္းေဒသႀကီး နတ္ေမာက္ၿမိဳ႕နယ္၊ သမုန္းကုန္းႀကီးေက်း႐ြာအုပ္စု၊ မုန္းကုန္းႀကီးေက်း႐ြာအနီးရွိ Mytel တာဝါတိုင္ႏွင့္ လဲဘူးေက်း႐ြာအုပ္စု၊ သပြတ္ပင္ေက်း႐ြာအေရွ႕ဘက္ရွိ Mytel တာဝါတိုင္မ်ားလည္း စက္တင္ဘာ လ ၁၁ ရက္ေန႔ ည ၉ နာရီ အခ်ိန္တြင္ တၿပိဳင္တည္း ဗုံးခြဲ မီးရႈိ႕ဖ်က္ဆီးခံရၿပီးနာက္ ယခု မေကြးၿမိဳ႕ ေပၚရွိ တာဝါ တိုင္ပါ ေဖာက္ခြဲဖ်က္ဆီးခံရျခင္း ျဖစ္သည္။
ဗိႆႏိုး ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္ထန္ထြဋ္က သမုန္းကုန္းႀကီး ေက်း႐ြာ အုပ္ စု၊ မုန္းကုန္းႀကီး ေက်း႐ြာအနီးရွိ Mytel တာဝါတိုင္ႏွင့္ လဲဘူးေက်း႐ြာအုပ္စု၊ သပြတ္ပင္ေက်း႐ြာအေရွ႕ဘက္ရွိ Mytel တာဝါတိုင္ကို ၎တို႔ ေဖာက္ခြဲဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္။
စစ္တပ္အာဏာသိမ္းယူခဲ့သည့္ ၂၀၂၁ ေဖေဖာ္ဝါရီလက စတင္၍ စက္တင္ဘာ ၉ ရက္ေန႔ အထိ ျမန္မာႏိုင္ငံ တဝွမ္း ဗုံးခြဲတိုက္ခိုက္မႈေပါင္း ၂၃၉၀ ႀကိမ္ႏွင့္ ဆက္သြယ္ေရးတာဝါတိုင္မ်ားအား မီးရႈိ႕ေဖာက္ခြဲဖ်က္ဆီးမႈ စုစု ေပါင္း ၆၈ ႀကိမ္ခံခဲ့ရေၾကာင္း စစ္ေကာင္စီက ထုတ္ျပန္ေၾကညာခဲ့သည္။
ထို႔အျပင္ လက္နက္ငယ္ျဖင့္ ပစ္ခတ္တိုက္ခိုက္မႈ အႀကိမ္ေရ ၃၀၄ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ၇၉၉ ေယာက္ေသဆုံးကာ ၇၂၆ ေယာက္ ဒဏ္ရာရခဲ့ေၾကာင္းလည္း စက္တင္ဘာ ၁၂ ရက္ေန႔ ထုတ္ စစ္ေကာင္စီ၏ သတင္းစာတြင္ ေဖာ္ျပပါ ရွိသည္။