ပူတာအိုတွင် ရှီးပဒီးများ ရှားပါးလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်။

ကချင်ပြည်နယ် မြောက်ဖျားပိုင်းတွင် ဆေးဘက်ဝင် ရှီးပဒီး (ပိုးနွယ်ကောင်) အပင်များ ယခုနှစ်တွင် သိသိသာသာ ရှားပါးလာသည်ဟု ဒေသခံများက ပြောသည်။

ပူတာအိုမြို့ ရေခဲတောင်များပေါ်တွင် ယခင်နှစ်များက ရှီးပဒီး ၂၈ ပိသာခန့်ထွက်သည့် နေရာတွင် ယခုနှစ်အကြိမ်ကြိမ်သွားရောက်ရှာဖွေသော်လည်း ၅ ပိဿာခန့်သာရကြောင်း ရှီးပဒီးရှာဖွေသည့် အတွေ့အကြုံ နှစ်ပေါင်း ၂၀ကျော်ရှိ ကိုရမ်ဆိန်း က ပြောသည်။

အထူးသဖြင့် ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမခံရအောင် အဆုတ်အားကောင်းရန် လိုအပ်သည်ဟုဆိုကာ ရှီးပတီးပိုးနွယ်ကောင်များကို ဆေးဝါးအဖြစ် ပိုမိုမှီဝဲလာကြကြောင်း ဒေသခံများက ပြောသည်။

ရှီးပဒီးအကောင်တွေ့လျှင် မျိုးဆက်မပြတ်အောင် နှုတ်ယူသင့်ပြီး ပေါက်ပြားနှင့် ခုတ်ယူခြင်းမျိုး၊ ဂေါ်ပြားဖြင့် တူးခြင်းမျိုးများ လုပ်ပါက မျိူးဥများပျက်ဆီးပြီး နောက်နှစ်များတွင် ပြန်မပေါက်နိုင်တော့ကြောင်း ကိုရမ်ဆိန်း က ပြောသည်။

“ရှီးပဒီး အကောင်ပေါက်တဲ့ နေရာတစ်ဝိုက်မှာ မြေကြီးကို ဂေါ်ပြားနဲ့တူးပြီးမှရှာဖွေတော့ မျိုးဥတွေမျိုးဆက် တွေ ပျက်စီးသွားတာမျိုးက အဓိကဖြစ်တယ်။ အဲ့လိုမျိုး စည်းကမ်းမဲ့ ရှာဖွေကြလို့ မျိုးတုန်းလုနီးပါးဖြစ်လာ ပြီ” ဟု ပြောသည်။

ရှီးပဒီးအကောင်များ ကို မေလ တတိယအပတ်မှ စတင်ရှာဖွေနိုင်ပြီး ဇွန်လကုန်အထိ ရှာဖွေနိုင်ကြောင်း ရှာဖွေသူ များက ပြောသည်။

ပူတာအိုမှာ ရှီးပဒီးရွှေရောင်အသေးတစ်ကောင်လျှင် ငွေကျပ် ၅၀၀၀၊ မြစ်ကြီးနားမှာ ကျပ် ၆၀၀၀မှ ၁၀၀၀၀ ကြား စျေးရပြီး၊ ရှီးပဒီးအကောင်ကို ကြက်သားဖြင့် ပေါင်းစားကြသည့် အပြင် အရက်၊ ပျားရည်များဖြင့် စိမ် သောက်လျှင် အသက်ရှည်၊ အားအင်ဖြစ်စေသည်ဟု ယုံကြည် ကြသည်။

ပူတာအိုဒေသရှိ တိုင်းရင်းသားများသည် အသက်မွေးဝမ်းကြောင်းအဖြစ် အမဲလိုက်ခြင်း၊ ရေခဲတောင်ပေါ်သို့ လမ်းပြအဌားလိုက်ခြင်း၊ ရှီးပဒီးနှင့် အခြားဆေးဖက်ဝင်ဆေးမြစ်များ၊ သစ်ခွပန်းပင်၊ ပျားရည်များ ရှာဖွေခြင်းတို့ ကိုပြုလုပ်ကြပြီး လယ်ယာစိုက်ပျိုးလုပ်ငန်းလုပ်ကိုင်သူများလည်းရှိကြသည်။

ပိုးနွယ်ရှင် (ခေါ်) ရှီးပဒီးဖြစ်လာမည့် သန္ဓေသားလောင်း ပိုးဥကောင်လေးများသည် ဆောင်းရာသီ ရေခဲချိန် မြေ ကြီးထဲ၌ ဆေးဘက်ဝင် မဂျစ်ဥ၊ ခန်းတောက်မြစ် များကိုစားသုံးကာ ဆောင်းခိုနေခဲ့ကြကြောင်း ဆောင်းခိုနေချိန် တွင် ပိုးလောင်းကောင်လေးများသည် မြေကြီးအောက်မှာ ကပ်ပါးမှိုတစ်မျိုး၏ တွယ်ကပ်ငြိတွယ်ခြင်းခံရပြီး ၎င်း ကပ်ပါးမှိုက ပိုးလောင်းကောင်လေးများကို ဖုံးလွှမ်း သွားခဲ့ကြောင်း သိရသည်။

နွေရာသီရောက်ချိန်မှာ ပိုးလောင်းကောင်လေးများ၏ ဦးခေါင်းပေါ်မှ မြက်ပင်နှင့်ဆင်သည့် ဦးချိုကဲ့သို့သော အညှောင့်လေ ထွက်လာသည်။

ယင်းအညှောင့်လေးသည် ၅ စင်တီမီတာမှ ၁၅ စင်တီမီတာအထိ ရှည်တတ်ပြီး ဒေသခံများ၏ အဆိုအရ ယင်း အချိန်သည် ပိုးကောင်ဘဝမှ နွယ်ပင်အဖြစ် ရှင်သန်ချိန်ဖြစ်ကြောင်း သိရသည်။

ပူတာအိုဒေသတွင် ရှီးပဒီအပင် အပြင် ဆီးပဒီအပင်လည်းရှိသည်။ ဆီးပဒီအပင်သည် မြေအောက်မှ ထွက်သည့် ပိုးကောင်မဟုတ်ပဲ သစ်ပင်များထဲမှ ထွက်လာသည့် ပိုးကောင်ဖြစ်ပြီး ရှီးပဒီအပင်ထက် ကြီးသည်။

*** ZAWGYI ***
ပူတာအိုတြင္ ရွီးပဒီးမ်ား ရွားပါးလာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၂ ရက္။

ကခ်င္ျပည္နယ္ ေျမာက္ဖ်ားပိုင္းတြင္ ေဆးဘက္ဝင္ ရွီးပဒီး (ပိုးႏြယ္ေကာင္) အပင္မ်ား ယခုႏွစ္တြင္ သိသိသာသာ ရွားပါးလာသည္ဟု ေဒသခံမ်ားက ေျပာသည္။

ပူတာအိုၿမိဳ႕ ေရခဲေတာင္မ်ားေပၚတြင္ ယခင္ႏွစ္မ်ားက ရွီးပဒီး ၂၈ ပိသာခန႔္ထြက္သည့္ ေနရာတြင္ ယခုႏွစ္အႀကိမ္ႀကိမ္သြားေရာက္ရွာေဖြေသာ္လည္း ၅ ပိႆာခန႔္သာရေၾကာင္း ရွီးပဒီးရွာေဖြသည့္ အေတြ႕အႀကဳံ ႏွစ္ေပါင္း ၂၀ေက်ာ္ရွိ ကိုရမ္ဆိန္း က ေျပာသည္။

အထူးသျဖင့္ ယခုႏွစ္တြင္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈမခံရေအာင္ အဆုတ္အားေကာင္းရန္ လိုအပ္သည္ ဟု ဆို ကာ ရွီးပတီးပိုးႏြယ္ေကာင္မ်ားကို ေဆးဝါးအျဖစ္ ပိုမိုမွီဝဲလာၾကေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ရွီးပဒီးအေကာင္ေတြ႕လွ်င္ မ်ိဳးဆက္မျပတ္ေအာင္ ႏႈတ္ယူသင့္ၿပီး ေပါက္ျပားႏွင့္ ခုတ္ယူျခင္းမ်ိဳး၊ ေဂၚျပားျဖင့္ တူးျခင္းမ်ိဳးမ်ား လုပ္ပါက မ်ိဴးဥမ်ားပ်က္ဆီးၿပီး ေနာက္ႏွစ္မ်ားတြင္ ျပန္မေပါက္ႏိုင္ေတာ့ေၾကာင္း ကိုရမ္ဆိန္း က ေျပာသည္။

“ရွီးပဒီး အေကာင္ေပါက္တဲ့ ေနရာတစ္ဝိုက္မွာ ေျမႀကီးကို ေဂၚျပားနဲ႔တူးၿပီးမွရွာေဖြေတာ့ မ်ိဳးဥေတြမ်ိဳးဆက္ ေတြ ပ်က္စီးသြားတာမ်ိဳးက အဓိကျဖစ္တယ္။ အဲ့လိုမ်ိဳး စည္းကမ္းမဲ့ ရွာေဖြၾကလို႔ မ်ိဳးတုန္းလုနီးပါးျဖစ္လာ ၿပီ” ဟု ေျပာသည္။

ရွီးပဒီးအေကာင္မ်ား ကို ေမလ တတိယအပတ္မွ စတင္ရွာေဖြႏိုင္ၿပီး ဇြန္လကုန္အထိ ရွာေဖြႏိုင္ေၾကာင္း ရွာေဖြသူ မ်ားက ေျပာသည္။

ပူတာအိုမွာ ရွီးပဒီးေ႐ႊေရာင္အေသးတစ္ေကာင္လွ်င္ ေငြက်ပ္ ၅၀၀၀၊ ျမစ္ႀကီးနားမွာ က်ပ္ ၆၀၀၀မွ ၁၀၀၀၀ ၾကား ေစ်းရၿပီး၊ ရွီးပဒီးအေကာင္ကို ၾကက္သားျဖင့္ ေပါင္းစားၾကသည့္ အျပင္ အရက္၊ ပ်ားရည္မ်ားျဖင့္ စိမ္ ေသာက္လွ်င္ အသက္ရွည္၊ အားအင္ျဖစ္ေစသည္ဟု ယုံၾကည္ ၾကသည္။

ပူတာအိုေဒသရွိ တိုင္းရင္းသားမ်ားသည္ အသက္ေမြးဝမ္းေၾကာင္းအျဖစ္ အမဲလိုက္ျခင္း၊ ေရခဲေတာင္ေပၚသို႔ လမ္းျပအဌားလိုက္ျခင္း၊ ရွီးပဒီးႏွင့္ အျခားေဆးဖက္ဝင္ေဆးျမစ္မ်ား၊ သစ္ခြပန္းပင္၊ ပ်ားရည္မ်ား ရွာေဖြျခင္းတို႔ ကိုျပဳလုပ္ၾကၿပီး လယ္ယာစိုက္ပ်ိဳးလုပ္ငန္းလုပ္ကိုင္သူမ်ားလည္းရွိၾကသည္။

ပိုးႏြယ္ရွင္ (ေခၚ) ရွီးပဒီးျဖစ္လာမည့္ သေႏၶသားေလာင္း ပိုးဥေကာင္ေလးမ်ားသည္ ေဆာင္းရာသီ ေရခဲခ်ိန္ ေျမ ႀကီးထဲ၌ ေဆးဘက္ဝင္ မဂ်စ္ဥ၊ ခန္းေတာက္ျမစ္ မ်ားကိုစားသုံးကာ ေဆာင္းခိုေနခဲ့ၾကေၾကာင္း ေဆာင္းခိုေနခ်ိန္ တြင္ ပိုးေလာင္းေကာင္ေလးမ်ားသည္ ေျမႀကီးေအာက္မွာ ကပ္ပါးမႈိတစ္မ်ိဳး၏ တြယ္ကပ္ၿငိတြယ္ျခင္းခံရၿပီး ၎ ကပ္ပါးမႈိက ပိုးေလာင္းေကာင္ေလးမ်ားကို ဖုံးလႊမ္း သြားခဲ့ေၾကာင္း သိရသည္။

ေႏြရာသီေရာက္ခ်ိန္မွာ ပိုးေလာင္းေကာင္ေလးမ်ား၏ ဦးေခါင္းေပၚမွ ျမက္ပင္ႏွင့္ဆင္သည့္ ဦးခ်ိဳကဲ့သို႔ေသာ အေညႇာင့္ေလ ထြက္လာသည္။

ယင္းအေညႇာင့္ေလးသည္ ၅ စင္တီမီတာမွ ၁၅ စင္တီမီတာအထိ ရွည္တတ္ၿပီး ေဒသခံမ်ား၏ အဆိုအရ ယင္း အခ်ိန္သည္ ပိုးေကာင္ဘဝမွ ႏြယ္ပင္အျဖစ္ ရွင္သန္ခ်ိန္ျဖစ္ေၾကာင္း သိရသည္။

ပူတာအိုေဒသတြင္ ရွီးပဒီအပင္ အျပင္ ဆီးပဒီအပင္လည္းရွိသည္။ ဆီးပဒီအပင္သည္ ေျမေအာက္မွ ထြက္သည့္ ပိုးေကာင္မဟုတ္ပဲ သစ္ပင္မ်ားထဲမွ ထြက္လာသည့္ ပိုးေကာင္ျဖစ္ၿပီး ရွီးပဒီအပင္ထက္ ႀကီးသည္။