သံရုံးမြေများ မဝယ်ရန် NUG သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။
ပြည်ပနိုင်ငံများရှိ ပြည်သူပိုင်သံရုံးမြေနှင့် အဆောက်အဦးများကို ဝယ်ယူခြင်း မပြုကြရန် အမျိုးသား ညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၁၄ ရက် က ထုတ်ပြန်သတိပေး လိုက်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံက ပိုင်ဆိုင်သည်ဟု အမည်ပေါက်ထားသော ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံပိုင်မြေ၊ အဆောက်အဦးနှင့် ပိုင်ဆိုင်မှုအရပ်ရပ်တို့၏ မူရင်းပိုင်ရှင်မှာ နိုင်ငံသားပြည်သူများဖြစ်သဖြင့် စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် အဆိုပါမြေ၊ အဆောက်အဦးများနှင့် အခြားပိုင်ဆိုင်မှုများကိုရောင်းချ ပိုင်ခွင့် မရှိကြောင်း NUG ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြ ထားသည်။
ယခုကဲ့သို့ သတိပေးတားမြစ်ထားသည့် ကြားက အရောင်းအဝယ် ပြုလုပ်ခဲ့ပါက ရောင်းသူနှင့် ဝယ်သူနှစ်ဦးလုံး ကို သင့်တင့်လျောက်ပတ်သည့် အချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ဥပဒေကြောင်းအရ အရေး ယူဆောင်ရွက်မည် ဟု လည်း NUG ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ဖော်ပြထားသည်။
NLD အစိုးရလက်ထက်က လုပ်ပိုင်ခွင့်မကျသေး(မချပေး)သည့် ပလပ်မြေကွက်များကိုလည်း ယခုတွင် ကုမ္ပဏီ ပိုင်မြေ ဟု ဆိုကာ အုတ်တံတိုင်း အခိုင်အမာဖြင့် ခြံစည်းရိုးခတ်ခြင်းများ ပြုလုပ်နေပြီး မြေရောင်းကာ ငွေရှာ နေ ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် ၅၈ ရပ်ကွက်အတွင်း နေထိုင်သည့် အမျိုးသားတစ်ဦး က ပြောသည်။
“အရင်က မြေလာတိုင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် ဘာမှလာမလုပ်ဘူး။ အခု နိုင်ငံ မတည်မငြိမ်ဖြစ်တော့ မှ အားချင်း ခြံစည်းရိုးလာ ခတ်ကြတာ။ အောက်မှာလည်း ဂက်စ်ပိုက်လိုင်းတွေ ရှိတယ်။ ငွေတော်တော် လိုနေပုံ ရတယ်” ဟု ဒဂုံဆိပ်ကမ်းမြို့နယ် ၅၈ ရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသား က ပြောသည်။
ဩဂုတ် ၂၄ ရက်က နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော် ဘတ်ဂျက် (သို့) ရသုံးခန့်မှန်းခြေ ငွေစာရင်း အစည်းအဝေးတွင် အခွန်အကောက်ရငွေနှင့် တခြားသာမန်ရငွေ အပါအဝင် နိုင်ငံတော်ဝင်ငွေအချို့ လျော့နည်း ကျဆင်းနေကြောင်း အာဏာသိမ်းစစ်ကောင်စီ ဒုတိယ ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဝန်ခံပြောကြား ထား သည်။
ပြည်ထောင်စု ဝန်ကြီးဌာနများသည် အသုံးစရိတ်များကို အတတ်နိုင်ဆုံး စိစစ်သုံးစွဲသွားကြရန် ယခုအချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကို ဆောင်ရွက်နေရပြီး စီးပွားရေး ထိခိုက်မှု အနည်းနှင့် အများ ရှိကြောင်း စစ်ကောင်စီ၏ ဘဏ္ဍာရေး ကော်မရှင် ဒု-ဥက္ကဋ္ဌလည်းဖြစ်သူ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အသိပေး ထားခဲ့သည်။
နိုင်ငံတော်၏ အခွန်အကောက်ရငွေနှင့် အခြား သာမန်ရငွေများ အပါအဝင် နိုင်ငံတော်ဝင်ငွေ အချို့ လျော့နည်း ကျဆင်းနေရာတွင် လာမည့် ၆ လ တွင်လည်း ရငွေများ ဆက်လက် လျော့နည်းနိုင်ကြောင်း ပြည်ထောင်စု ဝန်ကြီးဌာနများ၏ အသုံးစရိတ်ကို အတတ်နိုင်ဆုံးစိစစ်သုံးစွဲသွားကြရန် ဒုတိယ စစ်ခေါင်းဆောင် က သတိပေး ပြောကြား ထားသည်။
*** ZAWGYI ***
သံ႐ုံးေျမမ်ား မဝယ္ရန္ NUG သတိေပး
သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၅ ရက္။
ျပည္ပႏိုင္ငံမ်ားရွိ ျပည္သူပိုင္သံ႐ုံးေျမႏွင့္ အေဆာက္အဦးမ်ားကို ဝယ္ယူျခင္း မျပဳၾကရန္ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ NUG က စက္တင္ဘာ ၁၄ ရက္ က ထုတ္ျပန္သတိေပး လိုက္သည္။
ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံက ပိုင္ဆိုင္သည္ဟု အမည္ေပါက္ထားေသာ ျပည္တြင္း၊ ျပည္ပရွိ ႏိုင္ငံပိုင္ေျမ၊ အေဆာက္အဦးႏွင့္ ပိုင္ဆိုင္မႈအရပ္ရပ္တို႔၏ မူရင္းပိုင္ရွင္မွာ ႏိုင္ငံသားျပည္သူမ်ားျဖစ္သျဖင့္ စစ္ေကာင္စီႏွင့္ လက္ေအာက္ခံ အဖြဲ႕အစည္းမ်ားအေနျဖင့္ အဆိုပါေျမ၊ အေဆာက္အဦးမ်ားႏွင့္ အျခားပိုင္ဆိုင္မႈမ်ားကိုေရာင္းခ် ပိုင္ခြင့္ မရွိေၾကာင္း NUG ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းေဖာ္ျပ ထားသည္။
ယခုကဲ့သို႔ သတိေပးတားျမစ္ထားသည့္ ၾကားက အေရာင္းအဝယ္ ျပဳလုပ္ခဲ့ပါက ေရာင္းသူႏွင့္ ဝယ္သူႏွစ္ဦးလုံး ကို သင့္တင့္ေလ်ာက္ပတ္သည့္ အခ်ိန္တြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ အေနျဖင့္ ဥပေဒေၾကာင္းအရ အေရး ယူေဆာင္႐ြက္မည္ ဟု လည္း NUG ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္း ေဖာ္ျပထားသည္။
NLD အစိုးရလက္ထက္က လုပ္ပိုင္ခြင့္မက်ေသး(မခ်ေပး)သည့္ ပလပ္ေျမကြက္မ်ားကိုလည္း ယခုတြင္ ကုမၸဏီ ပိုင္ေျမ ဟု ဆိုကာ အုတ္တံတိုင္း အခိုင္အမာျဖင့္ ၿခံစည္း႐ိုးခတ္ျခင္းမ်ား ျပဳလုပ္ေနၿပီး ေျမေရာင္းကာ ေငြရွာ ေန ေၾကာင္း ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ၅၈ ရပ္ကြက္အတြင္း ေနထိုင္သည့္ အမ်ိဳးသားတစ္ဦး က ေျပာသည္။
“အရင္က ေျမလာတိုင္းတာေတြေတာ့ ရွိတယ္။ ဒါေပမယ့္ ဘာမွလာမလုပ္ဘူး။ အခု ႏိုင္ငံ မတည္မၿငိမ္ျဖစ္ေတာ့ မွ အားခ်င္း ၿခံစည္း႐ိုးလာ ခတ္ၾကတာ။ ေအာက္မွာလည္း ဂက္စ္ပိုက္လိုင္းေတြ ရွိတယ္။ ေငြေတာ္ေတာ္ လိုေနပုံ ရတယ္” ဟု ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ၅၈ ရပ္ကြက္အတြင္း ေနထိုင္သူ အမ်ိဳးသား က ေျပာသည္။
ဩဂုတ္ ၂၄ ရက္က ေနျပည္ေတာ္တြင္ က်င္းပသည့္ ႏိုင္ငံေတာ္ ဘတ္ဂ်က္ (သို႔) ရသုံးခန႔္မွန္းေျခ ေငြစာရင္း အစည္းအေဝးတြင္ အခြန္အေကာက္ရေငြႏွင့္ တျခားသာမန္ရေငြ အပါအဝင္ ႏိုင္ငံေတာ္ဝင္ေငြအခ်ိဳ႕ ေလ်ာ့နည္း က်ဆင္းေနေၾကာင္း အာဏာသိမ္းစစ္ေကာင္စီ ဒုတိယ ေခါင္းေဆာင္ ဒု-ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဝန္ခံေျပာၾကား ထား သည္။
ျပည္ေထာင္စု ဝန္ႀကီးဌာနမ်ားသည္ အသုံးစရိတ္မ်ားကို အတတ္ႏိုင္ဆုံး စိစစ္သုံးစြဲသြားၾကရန္ ယခုအခ်ိန္သည္ ကိုဗစ္-၁၉ ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးကို ေဆာင္႐ြက္ေနရၿပီး စီးပြားေရး ထိခိုက္မႈ အနည္းႏွင့္ အမ်ား ရွိေၾကာင္း စစ္ေကာင္စီ၏ ဘ႑ာေရး ေကာ္မရွင္ ဒု-ဥကၠ႒လည္းျဖစ္သူ ဒု-ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက အသိေပး ထားခဲ့သည္။
ႏိုင္ငံေတာ္၏ အခြန္အေကာက္ရေငြႏွင့္ အျခား သာမန္ရေငြမ်ား အပါအဝင္ ႏိုင္ငံေတာ္ဝင္ေငြ အခ်ိဳ႕ ေလ်ာ့နည္း က်ဆင္းေနရာတြင္ လာမည့္ ၆ လ တြင္လည္း ရေငြမ်ား ဆက္လက္ ေလ်ာ့နည္းႏိုင္ေၾကာင္း ျပည္ေထာင္စု ဝန္ႀကီးဌာနမ်ား၏ အသုံးစရိတ္ကို အတတ္ႏိုင္ဆုံးစိစစ္သုံးစြဲသြားၾကရန္ ဒုတိယ စစ္ေခါင္းေဆာင္ က သတိေပး ေျပာၾကား ထားသည္။