မွန်ပြည်နယ်အတွင်း ယာဉ်မောင်းနှင့်အတူ ယာဉ်များ ရွာသားများကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းမှ ကျေးရွာသား ၁၁ ဦး ကို စစ်ကောင်စီတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ BGFပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံများ က ပြော သည်။
စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကောင်စီ လက်အောက်ခံ BGF-၁၀၁၃ တပ်ခွဲ (၂) တို့သည် ကြသောင်းဆိပ်စခန်းသို့ တပ် ချိန်းရန်နှင့် ရိက္ခာပို့ရန် မြစ်ကျိုးကျေးရွာမှ ရပ်မိရပ်ဖ ၆ ဦး အပါအဝင် ကျေးရွာသား ၁၁ ဦးကို စက်တင်ဘာ ၁၄ ရက်နေ့က ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
KNU-ဘီးလင်းမြို့နယ် သတင်းနှင့် ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ များက ရိက္ခာပို့ရန် ယာဉ်မောင်းအပါအဝင် ထော်လာဂျီ ၅ စီးနှင့် ၎င်းတို့၏ လုံခြုံရေးအတွက် ကျေးရွာရပ်မိရပ်ဖ ၆ ဦးတို့ကို လူသားဒိုင်းအဖြစ် အဓမ္မခေါ်ဆောင်သွားသည် ဟု ပြောဆိုထားသည်။
“ထော်လာဂျီ ၅ စီးကို ရိက္ခာတင်ဖို့အတွက် ခေါ်သွားတယ် ရပ်မိရပ်ဖ ၆ ယောက်ကိုလည်း သူတို့လုံခြုံရေး အတွက် ခေါ်သွားတယ်” ဟု ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြော သည်။
ဘီးလင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တို့ တိုက်ခိုက်ခံရမှုများရှိနေပြီး ၎င်းတို့ဘက်မှလည်း လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လေ့ ရှိသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တို့မှ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရမည်ကို ဒေသခံများ ကြောက်ရွံ့နေကြသည့် အပြင် ပစ်ခတ်မှုများ ဖြစ်ပွားလာမည်ကိုလည်း ဒေသခံတို့အကြား စိုးရိမ်နေကြသည်။
“ပစ်ခတ်သံတွေလည်း ကြားနေရတော့ အကုန်လုံးက ကြောက်ရွံ့နေကြတယ်၊ စစ်သားတွေ ခေါ်သွားမှာလည်း ကြောက်ရ ပစ်ခတ်မှုတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။
လက်ရှိတွင် ဘီးလင်းမြို့နယ် အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားတိုးချဲ့လာနေခြင်းလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
*** ZAWGYI ***
မြန္ျပည္နယ္အတြင္း ယာဥ္ေမာင္းႏွင့္အတူ ယာဥ္မ်ား ႐ြာသားမ်ားကို စစ္ေကာင္စီ ဖမ္းဆီးေခၚေဆာင္
သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၆ ရက္။
မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္အတြင္းမွ ေက်း႐ြာသား ၁၁ ဦး ကို စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ နယ္ျခားေစာင့္တပ္ဖြဲ႕ BGFပူးေပါင္းတပ္ဖြဲ႕တို႔က ဖမ္းဆီး ေခၚေဆာင္သြားသည္ဟု ေဒသခံမ်ား က ေျပာ သည္။
စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ စစ္ေကာင္စီ လက္ေအာက္ခံ BGF-၁၀၁၃ တပ္ခြဲ (၂) တို႔သည္ ၾကေသာင္းဆိပ္စခန္းသို႔ တပ္ ခ်ိန္းရန္ႏွင့္ ရိကၡာပို႔ရန္ ျမစ္က်ိဳးေက်း႐ြာမွ ရပ္မိရပ္ဖ ၆ ဦး အပါအဝင္ ေက်း႐ြာသား ၁၁ ဦးကို စက္တင္ဘာ ၁၄ ရက္ေန႔က ေခၚေဆာင္သြားခဲ့ျခင္း ျဖစ္သည္။
KNU-ဘီးလင္းၿမိဳ႕နယ္ သတင္းႏွင့္ ျပန္ၾကားေရးဌာန၏ ထုတ္ျပန္ခ်က္အရ စစ္ေကာင္စီ လက္ေအာက္ခံ တပ္ဖြဲ႕ မ်ားက ရိကၡာပို႔ရန္ ယာဥ္ေမာင္းအပါအဝင္ ေထာ္လာဂ်ီ ၅ စီးႏွင့္ ၎တို႔၏ လုံၿခဳံေရးအတြက္ ေက်း႐ြာရပ္မိရပ္ဖ ၆ ဦးတို႔ကို လူသားဒိုင္းအျဖစ္ အဓမၼေခၚေဆာင္သြားသည္ ဟု ေျပာဆိုထားသည္။
“ေထာ္လာဂ်ီ ၅ စီးကို ရိကၡာတင္ဖို႔အတြက္ ေခၚသြားတယ္ ရပ္မိရပ္ဖ ၆ ေယာက္ကိုလည္း သူတို႔လုံၿခဳံေရး အတြက္ ေခၚသြားတယ္” ဟု ေကအဲန္ယူ-ဘီးလင္းၿမိဳ႕နယ္ သတင္းႏွင့္ ျပန္ၾကားေရးဌာန တာဝန္ရွိသူက ေျပာ သည္။
ဘီးလင္းၿမိဳ႕နယ္အတြင္း အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္တို႔ တိုက္ခိုက္ခံရမႈမ်ားရွိေနၿပီး ၎တို႔ဘက္မွလည္း လက္နက္ႀကီး လက္နက္ငယ္တို႔ျဖင့္ ရမ္းသမ္းပစ္ခတ္မႈမ်ား လုပ္ေဆာင္ေလ့ ရွိသည္။
အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕တို႔မွ ဖမ္းဆီး ေခၚေဆာင္သြားျခင္း ခံရမည္ကို ေဒသခံမ်ား ေၾကာက္႐ြံ႕ေနၾကသည့္ အျပင္ ပစ္ခတ္မႈမ်ား ျဖစ္ပြားလာမည္ကိုလည္း ေဒသခံတို႔အၾကား စိုးရိမ္ေနၾကသည္။
“ပစ္ခတ္သံေတြလည္း ၾကားေနရေတာ့ အကုန္လုံးက ေၾကာက္႐ြံ႕ေနၾကတယ္၊ စစ္သားေတြ ေခၚသြားမွာလည္း ေၾကာက္ရ ပစ္ခတ္မႈေတြ ျဖစ္လာမွာကိုလည္း စိုးရိမ္ေနၾကတယ္” ဟု ေဒသခံတစ္ဦး က ေျပာသည္။
လက္ရွိတြင္ ဘီးလင္းၿမိဳ႕နယ္ အတြင္း၌ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား အင္အားတိုးခ်ဲ႕လာေနျခင္းလည္း ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။