ကရင်နီနှင့် ရှမ်းတောင်တွင် အသတ်ခံရသူ အရပ်သား ၉၀ နီးပါးရှိပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။

စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု ၇ လကျော် ကာလအတွင်း ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့ နယ်တို့တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်း ခံရသူ အရပ်သား အယောက် ၉၀ နီးပါးခန့် ရှိသွားပြီဟု ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က ပြောသည်။

KCSN ပြောရေးဆိုခွင့်ရှိသူ ခူးကိုရယ်က “သတ်ဖြတ်တဲ့ဟာကျတော့ ကျနော်တို့က ၂ ပတ်တစ်ကြိမ် စာရင်းပြုစု ပြီးမှ ကျနော်တို့ ထုတ်တဲ့ဟာရှိတယ်ပေါ့နော်။ ဒီနောက်ဆုံး တစ်ကြိမ်ကျတော့ အသတ်ခံရတာက ၈၆ ယောက် လောက် ရှိပြီပေါ့” ဟု ပြောသည်။

စစ်ကောင်စီတပ်များ လှုပ်ရှားမှု ရှိသည့် ကရင်နီပြည်နယ်အတွင်းက မြို့နယ်တိုင်းလိုလိုတွင်ပင် ပြည်သူများ သတ်ဖြတ်ခြင်း ခံနေရပြီး များသောအားဖြင့် လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို၊ ဘော်လခဲနှင့် ရှမ်းပြည်နယ်တောင် ပိုင်း ဖယ်ခုံမြို့ နယ်တို့တွင်ဖြစ်သည် ဟု ဆိုသည်။

သတ်ဖြတ်ခံရသည့် ပြည်သူများသာမက ဖမ်းဆီးခံရသူများနှင့် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည် ဟု ခူးကိုရယ်က ပြောသည်။

၎င်းက “နောက်ပြီးမှ အဖမ်းခံရတဲ့ဟာကျတော့ ၁၇၉ ထိခိုက်ဒဏ်ရာရတာကတော့ ၁၁၁ ပေါ့” ဟုပြောသည်။

အဆိုပါ စာရင်းများမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ကရင်နီ လူမှု အသင်း အဖွဲ့ များကွန်ရက် (KCSN) က လက်လှမ်းမှီသလောက် ပြုစုထားသည့် စာရင်းများသာ ဖြစ်သည်ဟု ခူးကိုရယ်က ပြော သည်။

ဖမ်းဆီးခံထားရသူများကို လူသားဒိုင်းကာအဖြစ်ထားကာ လမ်းပြခေါ်ဆောင်သွား သကဲ့သို့ ရိုက်နှက် ညှင်းပန်းမှု များလည်း ရှိသည်ဟု KCSN က ဆိုသည်။

“အရင်တုန်းက လွိုင်လင်လေးမှာ သူတို့ အဖမ်းခံရတဲ့သူတွေရှိတယ်။ အဲဒါလည်း အဲလိုပါပဲ ဖယ်ခုံမှာလည်း အဲ လိုပဲ သူတို့အဖမ်းခံပြီးမှ လမ်းပြအဖြစ်သူတို့ ခေါ်ဆောင်သွားတာပေါ့။ တစ်ချို့ကျတော့ လမ်းပြအဖြစ်တောင် မ ဟုတ်ပဲနဲ့ ရိုက်နှက်တာရှိတယ်။ ဒီမောဆိုမှာလည်း ပြီးခဲ့တဲ့ တလောကပဲ သူတို့ မီးပွိုင့်အနားမှာ သူတို့ အဖမ်းခံရ ပြီးတော့ သေနတ်နဲ့ ထုတယ် ရိုက်နှက်တယ်ပေါ့။ အဲဒါလည်း သူတို့ စစ်ကြောင်းသွားတဲ့နေရာတိုင်းကို သူက ခေါ် သွားတယ်” ဟု ခူးကိုရယ် က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ကုန်းဆုံးကျေးရွာအုပ်စု ရွှေ ပြည်အေးရွာရှိ ဒေသခံ တောင်သူ ဦးမောင်ကြီးနှင့် ဇနီးဒေါ်ဝင်းကြည်တို့အား ၎င်း၏ တောင်ယာစိုက်ခင်း အနီး တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ နံနက် ၈ နာရီခွဲခန့်တွင် ဖမ်းဆီးကာ လူသားဒိုင်းနှင့် လမ်းပြ အဖြစ် ခေါ်ဆောင်သွားခဲ့သည်ဟု KCSN မှ ပြုစုထားသည့် စာရင်းအရသိရသည်။

စက်တင်ဘာလ ၆ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ် ပန်ကန်းတွင် နေထိုင်သည့် လူငယ် ၂ ဦးအား ဒီမော့ဆို မြို့ နယ် ၆ မိုင်ဂိတ်တွင် လည်းကောင်း၊ စက်တင်ဘာလ ၇ ရက်နေ့ကလည်း ကုန်းသာမှ ရေဖြူသို့ ပြောင်းဖူးခူးရန် သွားသည့် ကုန်းသာလူငယ်တစ်ဦးကို ကယန်းသာယာဂိတ်အကျော် သပြေကုန်းတွင် လည်းကောင်း စစ်ကောင်စီ တပ်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စက်တင်ဘာလ ၈ ရက်နေ့က ဖယ်ခုံ-ပင်လောင်း ကားလမ်းမပေါ်တွင် ဆိုင်ကယ်စီး၍ သွားနေသည့် အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်များက ပစ်ခတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ရာမှ အိမ်ပြန်လာသည့် လူငယ်နှစ်ဦးဖြစ်သည့် ပါစကေးလယ်နှင့် ပါဒေးလယ်တို့အား ခမရ ၄၂၇ မှ ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ဒီးမော့ဆိုမြို့နယ် ကန်ခုနှစ်ဆင့်သို့ ထိုးစစ်ဆင်သွားသော စစ်ကောင်စီ တပ်များက လမ်းပြခေါ်ဆောင်သွားခြင်းနှင့် စက်တင်ဘာလ ၁၀ ရက်နေ့က ဒီးမော့ဆိုမြို့နယ် ပါဒေါဒူကျေးရွာမှ ဆယ်ကျော် သက်ကလေး ၃ ဦးကို ဒီးမော့ဆို မီးပွိုင့်လမ်းထောင့်တွင် ဖမ်းဆီးသွားသည်ဟု KCSN က ပြောသည်။

“တချို့ကျတော့ ကြိုးနဲ့ နောက်ပြန်တုတ်ပြီးမှ ခေါ်သွား တာပေါ့ အဲဒါက တကယ်ကို စိုးရိမ်ရတဲ့ အခြေအနေ မှာ ရှိတယ်။ ဥပမာ တကယ်လို့များ ကျနော်တို့ရဲ့ မြို့နယ်မှာ အခြေစိုက်ထားတဲ့ KNDF နဲ့ သွားပြီးမှ တိုးမယ် ဆိုရင် ဒီလူတွေက ဘာမှ အကာအကွယ်ရစရာ ဘာမှမရှိဘူးပေါ့။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်းတွင် စစ်ကောင်စီတပ်များ မှ ဒေသခံ လူထုများအား သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ဒေသခံပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များအဖြစ် စွတ်စွဲကာ ဖမ်းဆီးခြင်း၊ လက်နက်ကြီးများဖြင့် လူထုနေထိုင်ရာ ဒေသများသို့ ပစ် ခတ်ခြင်း ၊ ခြိမ်းခြောက်ခြင်း၊ လူထု၏ အိမ်မွေးတိရစ္ဆာန်များကို ဖမ်းယူစားသောက်ခြင်း အစရှိသည့် လူ့အခွင့်အ ရေး ချိုးဖောက်မှုများကို ကျူးလွန်နေသည်ဟု ဆိုသည်။

ဂျနီဗာ ကွန်ဗင်းရှင်းသတ်မှတ်ချက်များအရ စစ်ဖြစ်ရာနယ်မြေများတွင် အရပ်သားများအပေါ် ပြစ်မှုကျူးလွန် သတ်ဖြတ်ခြင်းမှာ စစ်ရာဇဝတ်မှုမြောက်သည်။

ဓါတ်ပုံ – KnIC

*** ZAWGYI ***
ကရင္နီႏွင့္ ရွမ္းေတာင္တြင္ အသတ္ခံရသူ အရပ္သား ၉၀ နီးပါးရွိၿပီ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၆ ရက္။

စစ္အာဏာသိမ္းရန္ ႀကိဳးပမ္းမႈ ၇ လေက်ာ္ ကာလအတြင္း ကရင္နီျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕ နယ္တို႔တြင္ စစ္ေကာင္စီတပ္၏ သတ္ျဖတ္ျခင္း ခံရသူ အရပ္သား အေယာက္ ၉၀ နီးပါးခန႔္ ရွိသြားၿပီဟု ကရင္နီ လူမႈအသင္းအဖြဲ႕မ်ားကြန္ရက္ (KCSN) က ေျပာသည္။

KCSN ေျပာေရးဆိုခြင့္ရွိသူ ခူးကိုရယ္က “သတ္ျဖတ္တဲ့ဟာက်ေတာ့ က်ေနာ္တို႔က ၂ ပတ္တစ္ႀကိမ္ စာရင္းျပဳစု ၿပီးမွ က်ေနာ္တို႔ ထုတ္တဲ့ဟာရွိတယ္ေပါ့ေနာ္။ ဒီေနာက္ဆုံး တစ္ႀကိမ္က်ေတာ့ အသတ္ခံရတာက ၈၆ ေယာက္ ေလာက္ ရွိၿပီေပါ့” ဟု ေျပာသည္။

စစ္ေကာင္စီတပ္မ်ား လႈပ္ရွားမႈ ရွိသည့္ ကရင္နီျပည္နယ္အတြင္းက ၿမိဳ႕နယ္တိုင္းလိုလိုတြင္ပင္ ျပည္သူမ်ား သတ္ျဖတ္ျခင္း ခံေနရၿပီး မ်ားေသာအားျဖင့္ လြိဳင္ေကာ္၊ ဒီေမာဆို၊ ဖ႐ူဆို၊ ေဘာ္လခဲႏွင့္ ရွမ္းျပည္နယ္ေတာင္ ပိုင္း ဖယ္ခုံၿမိဳ႕ နယ္တို႔တြင္ျဖစ္သည္ ဟု ဆိုသည္။

သတ္ျဖတ္ခံရသည့္ ျပည္သူမ်ားသာမက ဖမ္းဆီးခံရသူမ်ားႏွင့္ စစ္ေကာင္စီ၏ လက္နက္ႀကီး ပစ္ခတ္မႈ ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားလည္း ရွိသည္ ဟု ခူးကိုရယ္က ေျပာသည္။

၎က “ေနာက္ၿပီးမွ အဖမ္းခံရတဲ့ဟာက်ေတာ့ ၁၇၉ ထိခိုက္ဒဏ္ရာရတာကေတာ့ ၁၁၁ ေပါ့” ဟုေျပာသည္။

အဆိုပါ စာရင္းမ်ားမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ စက္တင္ဘာလ ၁၂ ရက္ေန႔အထိ ကရင္နီ လူမႈ အသင္း အဖြဲ႕ မ်ားကြန္ရက္ (KCSN) က လက္လွမ္းမွီသေလာက္ ျပဳစုထားသည့္ စာရင္းမ်ားသာ ျဖစ္သည္ဟု ခူးကိုရယ္က ေျပာ သည္။

ဖမ္းဆီးခံထားရသူမ်ားကို လူသားဒိုင္းကာအျဖစ္ထားကာ လမ္းျပေခၚေဆာင္သြား သကဲ့သို႔ ႐ိုက္ႏွက္ ညႇင္းပန္းမႈ မ်ားလည္း ရွိသည္ဟု KCSN က ဆိုသည္။

“အရင္တုန္းက လြိဳင္လင္ေလးမွာ သူတို႔ အဖမ္းခံရတဲ့သူေတြရွိတယ္။ အဲဒါလည္း အဲလိုပါပဲ ဖယ္ခုံမွာလည္း အဲ လိုပဲ သူတို႔အဖမ္းခံၿပီးမွ လမ္းျပအျဖစ္သူတို႔ ေခၚေဆာင္သြားတာေပါ့။ တစ္ခ်ိဳ႕က်ေတာ့ လမ္းျပအျဖစ္ေတာင္ မ ဟုတ္ပဲနဲ႔ ႐ိုက္ႏွက္တာရွိတယ္။ ဒီေမာဆိုမွာလည္း ၿပီးခဲ့တဲ့ တေလာကပဲ သူတို႔ မီးပြိဳင့္အနားမွာ သူတို႔ အဖမ္းခံရ ၿပီးေတာ့ ေသနတ္နဲ႔ ထုတယ္ ႐ိုက္ႏွက္တယ္ေပါ့။ အဲဒါလည္း သူတို႔ စစ္ေၾကာင္းသြားတဲ့ေနရာတိုင္းကို သူက ေခၚ သြားတယ္” ဟု ခူးကိုရယ္ က ေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၄ ရက္ေန႔က ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ဖယ္ခုံၿမိဳ႕နယ္ ကုန္းဆုံးေက်း႐ြာအုပ္စု ေ႐ႊ ျပည္ေအး႐ြာရွိ ေဒသခံ ေတာင္သူ ဦးေမာင္ႀကီးႏွင့္ ဇနီးေဒၚဝင္းၾကည္တို႔အား ၎၏ ေတာင္ယာစိုက္ခင္း အနီး တြင္ အၾကမ္းဖက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားမွ နံနက္ ၈ နာရီခြဲခန႔္တြင္ ဖမ္းဆီးကာ လူသားဒိုင္းႏွင့္ လမ္းျပ အျဖစ္ ေခၚေဆာင္သြားခဲ့သည္ဟု KCSN မွ ျပဳစုထားသည့္ စာရင္းအရသိရသည္။

စက္တင္ဘာလ ၆ ရက္ေန႔ကလည္း လြိဳင္ေကာ္ၿမိဳ႕နယ္ ပန္ကန္းတြင္ ေနထိုင္သည့္ လူငယ္ ၂ ဦးအား ဒီေမာ့ဆို ၿမိဳ႕ နယ္ ၆ မိုင္ဂိတ္တြင္ လည္းေကာင္း၊ စက္တင္ဘာလ ၇ ရက္ေန႔ကလည္း ကုန္းသာမွ ေရျဖဴသို႔ ေျပာင္းဖူးခူးရန္ သြားသည့္ ကုန္းသာလူငယ္တစ္ဦးကို ကယန္းသာယာဂိတ္အေက်ာ္ သေျပကုန္းတြင္ လည္းေကာင္း စစ္ေကာင္စီ တပ္မ်ားက ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္ဟု ဆိုသည္။

ထို႔အျပင္ စက္တင္ဘာလ ၈ ရက္ေန႔က ဖယ္ခုံ-ပင္ေလာင္း ကားလမ္းမေပၚတြင္ ဆိုင္ကယ္စီး၍ သြားေနသည့္ အမ်ိဳးသား ၂ ဦးကို စစ္ေကာင္စီတပ္မ်ားက ပစ္ခတ္ကာ ဖမ္းဆီးေခၚေဆာင္သြားျခင္း၊ တိုက္ပြဲေၾကာင့္ ထြက္ေျပး တိမ္းေရွာင္ရာမွ အိမ္ျပန္လာသည့္ လူငယ္ႏွစ္ဦးျဖစ္သည့္ ပါစေကးလယ္ႏွင့္ ပါေဒးလယ္တို႔အား ခမရ ၄၂၇ မွ ဖမ္းဆီးကာ လူသားဒိုင္းအျဖစ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ကန္ခုႏွစ္ဆင့္သို႔ ထိုးစစ္ဆင္သြားေသာ စစ္ေကာင္စီ တပ္မ်ားက လမ္းျပေခၚေဆာင္သြားျခင္းႏွင့္ စက္တင္ဘာလ ၁၀ ရက္ေန႔က ဒီးေမာ့ဆိုၿမိဳ႕နယ္ ပါေဒါဒူေက်း႐ြာမွ ဆယ္ေက်ာ္ သက္ကေလး ၃ ဦးကို ဒီးေမာ့ဆို မီးပြိဳင့္လမ္းေထာင့္တြင္ ဖမ္းဆီးသြားသည္ဟု KCSN က ေျပာသည္။

“တခ်ိဳ႕က်ေတာ့ ႀကိဳးနဲ႔ ေနာက္ျပန္တုတ္ၿပီးမွ ေခၚသြား တာေပါ့ အဲဒါက တကယ္ကို စိုးရိမ္ရတဲ့ အေျခအေန မွာ ရွိတယ္။ ဥပမာ တကယ္လို႔မ်ား က်ေနာ္တို႔ရဲ႕ ၿမိဳ႕နယ္မွာ အေျခစိုက္ထားတဲ့ KNDF နဲ႔ သြားၿပီးမွ တိုးမယ္ ဆိုရင္ ဒီလူေတြက ဘာမွ အကာအကြယ္ရစရာ ဘာမွမရွိဘူးေပါ့။”

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ကရင္နီျပည္နယ္အတြင္းတြင္ စစ္ေကာင္စီတပ္မ်ား မွ ေဒသခံ လူထုမ်ားအား သတ္ျဖတ္ျခင္း၊ လူသားဒိုင္းအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားျခင္း၊ ေဒသခံျပည္သူ႔ကာ ကြယ္ေရး တပ္ဖြဲ႕ဝင္မ်ားအျဖစ္ စြတ္စြဲကာ ဖမ္းဆီးျခင္း၊ လက္နက္ႀကီးမ်ားျဖင့္ လူထုေနထိုင္ရာ ေဒသမ်ားသို႔ ပစ္ ခတ္ျခင္း ၊ ၿခိမ္းေျခာက္ျခင္း၊ လူထု၏ အိမ္ေမြးတိရစာၦန္မ်ားကို ဖမ္းယူစားေသာက္ျခင္း အစရွိသည့္ လူ႔အခြင့္အ ေရး ခ်ိဳးေဖာက္မႈမ်ားကို က်ဴးလြန္ေနသည္ဟု ဆိုသည္။

ဂ်နီဗာ ကြန္ဗင္းရွင္းသတ္မွတ္ခ်က္မ်ားအရ စစ္ျဖစ္ရာနယ္ေျမမ်ားတြင္ အရပ္သားမ်ားအေပၚ ျပစ္မႈက်ဴးလြန္ သတ္ျဖတ္ျခင္းမွာ စစ္ရာဇဝတ္မႈေျမာက္သည္။

ဓါတ္ပုံ – KnIC