ကိုဗစ်-၁၉ အတွက် နယ်စပ်ဖြတ်ကျော် အကူအညီများပေးရန် KCSN တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည့် ကရင်နီစစ်ဘေးရှောင်များအတွက် ဆေးဝါးနှင့် အခြားလိုအပ်သည့် အကူအညီများကို နိုင်ငံတကာက အကူအညီပေးရေး အဖွဲ့အစည်းများမှ နယ်စပ်ဖြတ်ကျော် အကူအညီများ ပေးရန် ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က တောင်းဆိုလိုက်သည်။
ကရင်နီ လူမှု အသင်းအဖွဲ့များကွန်ရက် (KCSN) ပြောရေးဆိုခွင့်ရှိသူ ခူးကိုရယ် က “ကျနော်တို့ စစ်ကောင်စီကို သူ တို့ဖက်ကနေလာတဲ့ ဆေးဝါးတွေ ကျနော်တို့ မျှော်ကိုးလို့မရဘူးဆိုတာ ကျနော်တို့ သိတယ်။ ဆိုတော့ တဖက် လှည့်နဲ့ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် အဲဒီနိုင်ငံတကာကပဲ IDPs တွေအတွက် သူတို့ ကူညီမှရတော့မယ်။” ဟု ပြောသည်။ “ကျနော်တို့ ဆေးဝါးတွေ လို မယ် ဆေးဝါးတွေဆိုရင်တောင်မှ အခြေအနေတစ်ခုအတွက် ကျနော်တို့ လျင်လျင်မြန်မြန်နဲ့ ဖြစ်နေတဲ့ လူတွေ Positive ဖြစ်နေတဲ့လူတွေကို ကျနော်တို့ ကူညီနိုင်ရင်ပို ကောင်းတယ်ပေါ့။ ဒါက ပြည်တွင်းကနေ မဟုတ်ပဲနဲ့ နိုင် ငံတကာ ကူညီတဲ့လူတွေက ဒီ Cross Boarder ဖက်ကိုလည်း သူတို့ ကြည့်ဖို့သင့်တယ်ပေါ့” ဟု ပြောသည်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကရင်နီ စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးနှင့် အ ဖက်ဖက်မှ ခက်ခဲမှုများစွာရှိနေသည့်အပြင် စစ်ဘေးရှောင်များ နေထိုင်ကြသည့် နေရာများအထိ ကိုဗစ်-၁၉ ရော ဂါ ကူးစက်မှုများ ရှိလာသည့်အတွက် စိန်ခေါ်မှုနှင့် အကူအညီများစွာ လိုအပ်နေသည်ဟု ခူးကိုရယ် က ဆက်ပြော သည်။
“သူတို့ရပ်ရွာကနေ ထွက်ပြေးပြီးမှ သူတို့ အစုလိုက် အပြုံလိုက်သွားနေကြတဲ့နေရာတွေ တချို့ရှိတယ်။ ဒါက ကိုဗစ်ကူးစက်တာ သူတို့ဖက်မှာ သူတို့ ဘယ်လိုမျိုး အခြေအနေရှိသလဲ ဆိုတာ သူတို့ တော်တော်လေး ဒုက္ခကြုံ နေရတယ်လို့ ပြောလို့ရပါတယ်။ သိတဲ့အတိုင်းပဲ IDPs စခန်းလို့ပြောတာကျတော့ ဆေးဝါးက ကျနော်တို့ ရပ်ရွာ တို့ မြို့မှာလိုမျိုး ဆေးဝါးက လုံလုံလောက်လောက်မရှိဘူး။ နောက်ပြီးမှ ကုပေးတဲ့ ဆေးမှူး ဆရာမ ဒေါက်တာ တွေလည်း လုံလုံလောက်လောက် မရှိတဲ့အခါကျတော့ IDPs စခန်းတွေမှာ ဖြစ်တဲ့ဟာကျတော့ တော်တော်လေး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်။”
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက စစ်ဘေးရှောင် စခန်း များတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသူများ ရှိခဲ့သကဲ့သို့ လက်ရှိ ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးကျေးရွာအုပ်စု ရှိ စစ်ဘေးရှောင် စခန်းများတွင်လည်း ရောဂါကူးစက်ခံထားရသူများ ရှိနေသည်ဟု KCSN က ပြောသည်။
ခူးကိုရယ်က “ထီးဖိုးကလိုးဖက်မှာကျတော့ လောလောဆယ် အတည်ပြုလို့ရသေးတာက ၄၅ ယောက်ပဲပေါ့။ တချို့ နည်းနည်းပါးပါး တအား စိုးရိမ်ရတဲ့လူတွေကျတော့ သူတို့ မြို့အထိ သူတို့ ခေါ်သွားနိုင်တာတော့ရှိတယ်။ ဒါပေမယ့် သက်သာလား မသက်လားဆိုတာကတော့ ပြောလို့မရသေးဘူးပေါ့။ အရင်က လွိုင်ကော် လွိုင်လင် လေးဖက်မှာရှိတယ်။ အခုတလော နည်းနည်းလေး ပြန်ငြိမ်သွားပြီပေါ့နော။ နောက်တစ်ခုကျတော့ အသစ် ပြန် ဖြစ်တာကျတော့ ခုနကျနော်ပြောတဲ့ ထီးဖိုးကလိုးဖက်မှာပေါ့။ ဒီးမော့ဆိုဖက်မှာပေါ့” ဟု ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကိုဗစ်ရောဂါ ကူး စက်မှု အခြေအနေများကို နေ့စဉ် ထုတ်ပြန်ပေး နေသကဲ့သို့ စက်တင်ဘာလ ၁၆ ရက် (ယနေ့) တွင် ကယား (ကရင်နီ) ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ရာတွင် ဖားဆောင်းတွင် ၂၉ ယောက်၊ မယ်စဲ့တွင် ၂၆ ယောက်၊ လွိုင်ကော်တွင် ၁၈ ယောက်၊ ဒီးမော့ဆိုတွင် ၄ ယောက် စုစုပေါင်း ဓာတ်ခွဲအတည်ပြု လူနာဦးရေ ၇၇ ယောက် နှင့် သေဆုံးသူ ၂ ယောက် ရှိသည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါဖြစ်ပွားမှု ကိန်းဂဏာန်းများ သည် စစ်ဘေးရှောင် IDPs စခန်းများတွင် ဖြစ်ပွားနေသည့် လူဦးရေအား ထည့်တွက်ထာခြင်း မရှိသည့်အတွက် မြေပြင်တွင် ဖြစ်ပွားနေသည့် အရေအတွက်များသည် ထိုထက်မက များစွာ ပိုများနေနိုင်သည်ဟု KCSN က ဆို သည်။
ကရင်နီ စစ်ဘေးရှောင်များအတွက် နေထိုင်စားသောက်ရေးနှင့် ဆေးဝါးများအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်လျက်ရှိနေသည့် အခြားတစ်ဖက်တွင် စစ်ရှောင်စခန်းများအထိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာသည့် အတွက် ပို၍ ခက်ခဲလာသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများ က ပြောသည်။
ထိုလိုအပ်နေသည့် အကူအညီများကို ပြည်တွင်းရှိ အကူအညီပေးနေသည့် အဖွဲ့အစည်းများက နည်းမျိုးစုံဖြင့် ကူ ညီပံ့ပိုးပေးနေသော်လည်း စစ်ကောင်စီ တပ်ဖွဲ့များ၏ ဟန့်တားနှောက်ယှက်မှု အမျိုးမျိုးကို ခံနေရသည့်အတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များအနေဖြင့် နယ်စပ်ဖြတ်ကျော် အကူအညီများကိုပေးရန် လိုအပ်သည်ဟု KCSN က ပြောသည်။
*** ZAWGYI ***
ကိုဗစ္-၁၉ အတြက္ နယ္စပ္ျဖတ္ေက်ာ္ အကူအညီမ်ားေပးရန္ KCSN ေတာင္းဆို
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၆ ရက္။
ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံထားရသည့္ ကရင္နီစစ္ေဘးေရွာင္မ်ားအတြက္ ေဆးဝါးႏွင့္ အျခားလိုအပ္သည့္ အကူအညီမ်ားကို ႏိုင္ငံတကာက အကူအညီေပးေရး အဖြဲ႕အစည္းမ်ားမွ နယ္စပ္ျဖတ္ေက်ာ္ အကူအညီမ်ား ေပးရန္ ကရင္နီ လူမႈအသင္းအဖြဲ႕မ်ားကြန္ရက္ (KCSN) က ေတာင္းဆိုလိုက္သည္။
ကရင္နီ လူမႈ အသင္းအဖြဲ႕မ်ားကြန္ရက္ (KCSN) ေျပာေရးဆိုခြင့္ရွိသူ ခူးကိုရယ္ က “က်ေနာ္တို႔ စစ္ေကာင္စီကို သူ တို႔ဖက္ကေနလာတဲ့ ေဆးဝါးေတြ က်ေနာ္တို႔ ေမွ်ာ္ကိုးလို႔မရဘူးဆိုတာ က်ေနာ္တို႔ သိတယ္။ ဆိုေတာ့ တဖက္ လွည့္နဲ႔ က်ေနာ္တို႔ ျပန္ၾကည့္မယ္ဆိုရင္ အဲဒီႏိုင္ငံတကာကပဲ IDPs ေတြအတြက္ သူတို႔ ကူညီမွရေတာ့မယ္။” ဟု ေျပာသည္။ “က်ေနာ္တို႔ ေဆးဝါးေတြ လို မယ္ ေဆးဝါးေတြဆိုရင္ေတာင္မွ အေျခအေနတစ္ခုအတြက္ က်ေနာ္တို႔ လ်င္လ်င္ျမန္ျမန္နဲ႔ ျဖစ္ေနတဲ့ လူေတြ Positive ျဖစ္ေနတဲ့လူေတြကို က်ေနာ္တို႔ ကူညီႏိုင္ရင္ပို ေကာင္းတယ္ေပါ့။ ဒါက ျပည္တြင္းကေန မဟုတ္ပဲနဲ႔ ႏိုင္ ငံတကာ ကူညီတဲ့လူေတြက ဒီ Cross Boarder ဖက္ကိုလည္း သူတို႔ ၾကည့္ဖို႔သင့္တယ္ေပါ့” ဟု ေျပာသည္။
တိုက္ပြဲေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည့္ ကရင္နီ စစ္ေဘးေရွာင္မ်ားအတြက္ စားဝတ္ေနေရးႏွင့္ အ ဖက္ဖက္မွ ခက္ခဲမႈမ်ားစြာရွိေနသည့္အျပင္ စစ္ေဘးေရွာင္မ်ား ေနထိုင္ၾကသည့္ ေနရာမ်ားအထိ ကိုဗစ္-၁၉ ေရာ ဂါ ကူးစက္မႈမ်ား ရွိလာသည့္အတြက္ စိန္ေခၚမႈႏွင့္ အကူအညီမ်ားစြာ လိုအပ္ေနသည္ဟု ခူးကိုရယ္ က ဆက္ေျပာ သည္။
“သူတို႔ရပ္႐ြာကေန ထြက္ေျပးၿပီးမွ သူတို႔ အစုလိုက္ အၿပဳံလိုက္သြားေနၾကတဲ့ေနရာေတြ တခ်ိဳ႕ရွိတယ္။ ဒါက ကိုဗစ္ကူးစက္တာ သူတို႔ဖက္မွာ သူတို႔ ဘယ္လိုမ်ိဳး အေျခအေနရွိသလဲ ဆိုတာ သူတို႔ ေတာ္ေတာ္ေလး ဒုကၡႀကဳံ ေနရတယ္လို႔ ေျပာလို႔ရပါတယ္။ သိတဲ့အတိုင္းပဲ IDPs စခန္းလို႔ေျပာတာက်ေတာ့ ေဆးဝါးက က်ေနာ္တို႔ ရပ္႐ြာ တို႔ ၿမိဳ႕မွာလိုမ်ိဳး ေဆးဝါးက လုံလုံေလာက္ေလာက္မရွိဘူး။ ေနာက္ၿပီးမွ ကုေပးတဲ့ ေဆးမႉး ဆရာမ ေဒါက္တာ ေတြလည္း လုံလုံေလာက္ေလာက္ မရွိတဲ့အခါက်ေတာ့ IDPs စခန္းေတြမွာ ျဖစ္တဲ့ဟာက်ေတာ့ ေတာ္ေတာ္ေလး စိုးရိမ္ရတဲ့ အေျခအေနမွာရွိတယ္။”
ၿပီးခဲ့သည့္ ဩဂုတ္လအတြင္းက ကယား (ကရင္နီ) ျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕နယ္အတြင္းက စစ္ေဘးေရွာင္ စခန္း မ်ားတြင္ ကိုဗစ္-၁၉ ကူးစက္ခံထားရသူမ်ား ရွိခဲ့သကဲ့သို႔ လက္ရွိ ဒီးေမာ့ဆိုၿမိဳ႕နယ္ ထီးဖိုးကလိုးေက်း႐ြာအုပ္စု ရွိ စစ္ေဘးေရွာင္ စခန္းမ်ားတြင္လည္း ေရာဂါကူးစက္ခံထားရသူမ်ား ရွိေနသည္ဟု KCSN က ေျပာသည္။
ခူးကိုရယ္က “ထီးဖိုးကလိုးဖက္မွာက်ေတာ့ ေလာေလာဆယ္ အတည္ျပဳလို႔ရေသးတာက ၄၅ ေယာက္ပဲေပါ့။ တခ်ိဳ႕ နည္းနည္းပါးပါး တအား စိုးရိမ္ရတဲ့လူေတြက်ေတာ့ သူတို႔ ၿမိဳ႕အထိ သူတို႔ ေခၚသြားႏိုင္တာေတာ့ရွိတယ္။ ဒါေပမယ့္ သက္သာလား မသက္လားဆိုတာကေတာ့ ေျပာလို႔မရေသးဘူးေပါ့။ အရင္က လြိဳင္ေကာ္ လြိဳင္လင္ ေလးဖက္မွာရွိတယ္။ အခုတေလာ နည္းနည္းေလး ျပန္ၿငိမ္သြားၿပီေပါ့ေနာ။ ေနာက္တစ္ခုက်ေတာ့ အသစ္ ျပန္ ျဖစ္တာက်ေတာ့ ခုနက်ေနာ္ေျပာတဲ့ ထီးဖိုးကလိုးဖက္မွာေပါ့။ ဒီးေမာ့ဆိုဖက္မွာေပါ့” ဟု ေျပာသည္။
စစ္ေကာင္စီ လက္ေအာက္ခံ က်န္းမာေရးဝန္ႀကီးဌာနမွ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအလိုက္ ကိုဗစ္ေရာဂါ ကူး စက္မႈ အေျခအေနမ်ားကို ေန႔စဥ္ ထုတ္ျပန္ေပး ေနသကဲ့သို႔ စက္တင္ဘာလ ၁၆ ရက္ (ယေန႔) တြင္ ကယား (ကရင္နီ) ျပည္နယ္ အေျခအေနႏွင့္ ပတ္သက္၍ ထုတ္ျပန္ရာတြင္ ဖားေဆာင္းတြင္ ၂၉ ေယာက္၊ မယ္စဲ့တြင္ ၂၆ ေယာက္၊ လြိဳင္ေကာ္တြင္ ၁၈ ေယာက္၊ ဒီးေမာ့ဆိုတြင္ ၄ ေယာက္ စုစုေပါင္း ဓာတ္ခြဲအတည္ျပဳ လူနာဦးေရ ၇၇ ေယာက္ ႏွင့္ ေသဆုံးသူ ၂ ေယာက္ ရွိသည္ဟု ေဖာ္ျပထားသည္။
စစ္ေကာင္စီ လက္ေအာက္ခံ က်န္းမာေရး ဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ ေရာဂါျဖစ္ပြားမႈ ကိန္းဂဏာန္းမ်ား သည္ စစ္ေဘးေရွာင္ IDPs စခန္းမ်ားတြင္ ျဖစ္ပြားေနသည့္ လူဦးေရအား ထည့္တြက္ထာျခင္း မရွိသည့္အတြက္ ေျမျပင္တြင္ ျဖစ္ပြားေနသည့္ အေရအတြက္မ်ားသည္ ထိုထက္မက မ်ားစြာ ပိုမ်ားေနႏိုင္သည္ဟု KCSN က ဆို သည္။
ကရင္နီ စစ္ေဘးေရွာင္မ်ားအတြက္ ေနထိုင္စားေသာက္ေရးႏွင့္ ေဆးဝါးမ်ားအျပင္ အဖက္ဖက္မွ အကူအညီမ်ား လိုအပ္လ်က္ရွိေနသည့္ အျခားတစ္ဖက္တြင္ စစ္ေရွာင္စခန္းမ်ားအထိ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားလာသည့္ အတြက္ ပို၍ ခက္ခဲလာသည္ဟု စစ္ေဘးေရွာင္မ်ားကို အကူအညီေပးေနသူမ်ား က ေျပာသည္။
ထိုလိုအပ္ေနသည့္ အကူအညီမ်ားကို ျပည္တြင္းရွိ အကူအညီေပးေနသည့္ အဖြဲ႕အစည္းမ်ားက နည္းမ်ိဳးစုံျဖင့္ ကူ ညီပံ့ပိုးေပးေနေသာ္လည္း စစ္ေကာင္စီ တပ္ဖြဲ႕မ်ား၏ ဟန႔္တားေႏွာက္ယွက္မႈ အမ်ိဳးမ်ိဳးကို ခံေနရသည့္အတြက္ ႏိုင္ငံတကာ အကူအညီေပးေရးအဖြဲ႕မ်ားအေနျဖင့္ နယ္စပ္ျဖတ္ေက်ာ္ အကူအညီမ်ားကိုေပးရန္ လိုအပ္သည္ဟု KCSN က ေျပာသည္။