ကျိုက်ထိုတွင် နိုင်ငံရေး ပါတီ ဥက္ကဌတစ်ဦး ပစ်သတ်ခံရ
သတင်းနှင့်မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဥက္ကဌ ဖြစ်သူ ဦးရန်ရှင်း ပစ်သတ် ခံရ သည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်က ကျိုက်ထိုမြို့ ဗိုလ်ချုပ်လမ်း ဆားဖိုးကြီး အိမ်ရှေ့ဆိုင် တန်းတွင် အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးရန်ရှင်းကို သေနတ်ဖြင့် ပစ်ခတ် သွားခဲ့ခြင်း ဖြစ်သည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းဖောက်ထွက် ဒဏ်ရာရရှိခဲ့သည့် ဦးရန်ရှင်းကို ကျိုက်ထိုဆေးရုံသို့ ပို့ ဆောင်ခဲ့ပြီး ထိုမှတဆင့် ရန်ကုန်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ကျိုက်ထို ဆားဖိုးကြီး အိမ်ရှေ့ဆိုင်တန်းမှာ သေနတ်သမားနှစ်ဦးက လာပြီးတော့ သေနတ်နဲ့ ပစ်သွားတယ်လို့ သိရတယ်။ နှစ်ချက်လို့ ပြောတယ်။ ခေါင်းမှာ ပြင်းထန်ဒဏ်ရာရသွားတဲ့ ဦးရန်ရှင်းကို ကျိုက်ထိုဆေးရုံ ပို့တယ် အခြေအနေသိပ်မကောင်းတော့ ရန်ကုန်ကိုပို့ရင်းနဲ့ ဆုံးသွားတယ်လို့ သိရတယ်” ဟု ကျိုက်ထို ဒေသခံတစ်ဦးက ပြောသည်။
ဦးရန်ရှင်း ပစ်ခတ်ခံရသည့်နေရာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးမှုများ ပြုလုပ်နေသည် ဟု လည်း ဒေသခံများက ဆိုသည်။
ဦးရန်ရှင်းသည် မွန်ပြည်နယ် ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဥက္ကဌ ဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ကျိုက်ထိုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်တစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲ ရှုံးနိမ့်ထားသူဖြစ်သည်။
မွန်ပြည်နယ်တွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အတွင်း၌ အမည်မသိ သေနတ်သမားများ၏ ပစ် ခတ်မှုများကြောင့် လူသေဆုံးမှု ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလာခဲ့ရသည်။
အထူးသဖြင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများ ပစ်သတ်ခံရသည့် ဖြစ်စဉ်များလည်း ရှိလာနေသည်။
*** ZAWGYI ***
က်ိဳက္ထိုတြင္ ႏိုင္ငံေရး ပါတီ ဥကၠဌတစ္ဦး ပစ္သတ္ခံရ
သတင္းႏွင့္မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၇ ရက္။
မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕တြင္ ျပည္သူ႔အက်ိဳးျပဳ ေက်ာင္းသားမ်ားပါတီ ဥကၠဌ ျဖစ္သူ ဦးရန္ရွင္း ပစ္သတ္ ခံရ သည္ဟု ေဒသခံမ်ားက ေျပာသည္။
စက္တင္ဘာလ ၁၆ ရက္ေန႔ ညေန ၄ နာရီ အခ်ိန္ခန႔္က က်ိဳက္ထိုၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္း ဆားဖိုးႀကီး အိမ္ေရွ႕ဆိုင္ တန္းတြင္ အမည္မသိ ေသနတ္သမားႏွစ္ဦးက ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာၿပီး ဦးရန္ရွင္းကို ေသနတ္ျဖင့္ ပစ္ခတ္ သြားခဲ့ျခင္း ျဖစ္သည္။
ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ဦးေခါင္းေဖာက္ထြက္ ဒဏ္ရာရရွိခဲ့သည့္ ဦးရန္ရွင္းကို က်ိဳက္ထိုေဆး႐ုံသို႔ ပို႔ ေဆာင္ခဲ့ၿပီး ထိုမွတဆင့္ ရန္ကုန္ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ေသဆုံးသြားခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
“က်ိဳက္ထို ဆားဖိုးႀကီး အိမ္ေရွ႕ဆိုင္တန္းမွာ ေသနတ္သမားႏွစ္ဦးက လာၿပီးေတာ့ ေသနတ္နဲ႔ ပစ္သြားတယ္လို႔ သိရတယ္။ ႏွစ္ခ်က္လို႔ ေျပာတယ္။ ေခါင္းမွာ ျပင္းထန္ဒဏ္ရာရသြားတဲ့ ဦးရန္ရွင္းကို က်ိဳက္ထိုေဆး႐ုံ ပို႔တယ္ အေျခအေနသိပ္မေကာင္းေတာ့ ရန္ကုန္ကိုပို႔ရင္းနဲ႔ ဆုံးသြားတယ္လို႔ သိရတယ္” ဟု က်ိဳက္ထို ေဒသခံတစ္ဦးက ေျပာသည္။
ဦးရန္ရွင္း ပစ္ခတ္ခံရသည့္ေနရာသို႔ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား လာေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ ဟု လည္း ေဒသခံမ်ားက ဆိုသည္။
ဦးရန္ရွင္းသည္ မြန္ျပည္နယ္ ျပည္သူ႔အက်ိဳးျပဳ ေက်ာင္းသားမ်ားပါတီ ဥကၠဌ ျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပခဲ့သည့္ အေထြေထြေ႐ြးေကာက္ပြဲတြင္ က်ိဳက္ထိုၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စား လွယ္ ေနရာတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူျဖစ္တစ္ဦးျဖစ္ၿပီး ေ႐ြးေကာက္ပြဲ ရႈံးနိမ့္ထားသူျဖစ္သည္။
မြန္ျပည္နယ္တြင္ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္နယ္အတြင္း၌ အမည္မသိ ေသနတ္သမားမ်ား၏ ပစ္ ခတ္မႈမ်ားေၾကာင့္ လူေသဆုံးမႈ ျဖစ္စဥ္မ်ား ဆက္တိုက္ျဖစ္ပြားလာခဲ့ရသည္။
အထူးသျဖင့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား၊ စစ္တပ္သတင္းေပးဟု သတ္မွတ္ခံရသူမ်ား ပစ္သတ္ခံရသည့္ ျဖစ္စဥ္မ်ားလည္း ရွိလာေနသည္။